Wi-Fi ထက် မိုဘိုင်းဒေတာပိုမြန်တဲ့ ထိပ်တန်း ၁ဝ နိုင်ငံစာရင်းမှာ မြန်မာပါဝင် - iT Guider
Tech

Wi-Fi ထက် မိုဘိုင်းဒေတာပိုမြန်တဲ့ ထိပ်တန်း ၁ဝ နိုင်ငံစာရင်းမှာ မြန်မာပါဝင်

Highest_Speed
Written by iT Guider

နိုင်ငံ ၈ဝ ကို လေ့လာခဲ့တာပါ။

                မြန်မာနိုင်ငံဟာ Wi-Fi ထက် စမတ်ဖုန်းကနေ သုံးရတဲ့ Mobile data မြန်နှုန်းဟာ ၃ ဆလောက်ပိုမြင့်တယ်လို့ OpenSignal ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Source from google

                OpenSignal ဟာ ဝိုင်ဖိုင်မြန်နှုန်းထက် မိုဘိုင်း အင်တာနက်ဒေတာ Speed က ပိုမြန်နေတဲ့ နိုင်ငံပေါင်း ၃၃နိုင်ငံစာရင်းကို ဖော်ပြခဲ့တာပါ။ ဒီထဲမှာ အာဖရိက ၊ ဥရောပ ၊ လက်တင်အမေရိကနဲ့အရှေ့အလယ်ပိုင်း နိုင်ငံတွေ ပါဝင်ခဲ့ပါတယ်။

                သြစတြေးလျနိုင်ငံဟာ WiFi speed အမြန်ဆုံးနိုင်ငံဖြစ်သလို WiFi နဲ့ Mobile Hotspot မြန်နှုန်းခြားနားချက် အမြင့်ဆုံးနိုင်ငံအဖြစ် ရှိခဲ့ပါတယ်။ သြစတြေးလျရဲ့ ပျမ်းမျှ မိုဘိုင်းလ်ဒေတာမြန်နှုန်းဟာ ၂၁.၆ Mbps ရှိခဲ့ပြီး မိုဘိုင်းလ်ဒေတာနဲ့ WiFi မြန်နှုန်းအကြား ခြားနားချက်မှာ ၁၃ Mbps ရှိထားပါတယ်။

                မိုဘိုင်းဒေတာမြန်နှုန်းမှာ WiFi ထက် သာတဲ့ ၃၃ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံဟာ အဆင့် ၈ နေရာက ရပ်တည်နေပြီး ပျမ်းမျှမိုဘိုင်လ်းဒေတာ မြန်နှုန်း ဟာ ၁၄.၃ Mbps ရှိနေပါတယ်။ ကိန်းဂဏန်းအရ မိုဘိုင်းဒေတာရဲ့ မြန်နှုန်းဟာ WiFi ထက် ၉.၆ Mbps ပိုနေတာလည်း ဖြစ်ပါတယ်။

                OpenSignal ဟာ နိုင်ငံပေါင်း ၈ဝ ရဲ့ အင်တာနက်မြန်နှုန်းတွေကို လေ့လာခဲ့တာ ဖြစ်ပြီး ဒီနိုင်ငံတွေထဲက ၄၁% ဟာ ဖုန်းမိုဘိုင်းလ်ဒေတာ ရဲ့ မြန်နှုန်းမှာ WiFi ထက်သာနေတာပါ။ 4G ကွန်ရက်မဖြန့်ကျက်နိုင်ခင် ပြီးခဲ့တဲ့ ၁ဝ နှစ်အထိ WiFi စနစ်ဟာ အင်တာနက် Download စနစ်မှာ အကောင်းဆုံး အင်တာနက်စနစ်အဖြစ် ရှိနေခဲ့တာပါ။

                စမတ်ဖုန်းထွန်းကားလာမှု 4G ကွန်ရက်စနစ်ကို ကျယ်ကျယ်ပြန့်ပြန့်အကောင်အထည်ဖော်မှုများ စတင်ပြီးနောက် WiFi ဟာ မိုဘိုင်းအင်တာနက်မြန်နှုန်းကို မမှီဖြစ်လာခဲ့တာပါ။

                OpenSignal ရဲ့ အဆိုအရ ဒီနေ့အချိန်အထိ WiFi ဟာ မိုဘိုင်းဒေတာထက် မြန်တဲ့ စင်္ကာပူ၊ US၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ ဟောင်ကောင်လို နိုင်ငံများစွာ ရှိနေတယ်လို့ဆိုပါတယ်။

Originally published at : http://www.duwun.com.mm/tech/tech_news/wifi-id9137921.html

About the author

iT Guider

Success is the far side of failure.

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.