တောင်ကိုရီးယားမှာ 5G ရပြီ - iT Guider
Tech

တောင်ကိုရီးယားမှာ 5G ရပြီ

Announce 5G
Written by iT Guider

တောင်ကိုရီးယားမှာ 5G ကွန်ရက် ရနေပါပြီ။

                ဒီတစ်ပတ်ထဲမှာ SK Telecom ဟာ Samsung ဖုန်းတစ်လုံးကို သုံးပြီး ကမ္ဘာ့ပထမဆုံး 5G video call ခေါ်ဆိုမှုတစ်ခု လုပ်ဆောင်ခဲ့ပါတယ်။ နောက်နှစ် ဇွန်လလောက်ဆိုရင်တော့ ဈေးကွက်မှာ Samsung ထုတ် 5G ဖုန်းကို မြင်ရတော့မှာပါ။

Photo: Computing

Photo: Computing

                အမေရိကန်တယ်လီကွန်းကုမ္ပဏီ Verizon နဲ့Samsung တို့ဟာ ၂ဝ၁၉ နှစ်လယ်ပိုင်းမှာ 5G ဖုန်းကို ဖြန့်ချီဖို့ စီစဉ်နေတယ်လို့ ကြေငြာထားပါတယ်။ Samsung ဟာ ကိုယ်ပိုင် 5G modem ဖြစ်တဲ့ Exynos 5100 ကို ထုတ်လုပ်နေပါတယ်။ Verizon ကလည်း 5G ကွန်ရက်ဝန်ဆောင်မှု ပေးဖို့စီစဉ်နေတဲ့ တယ်လီကွန်းလုပ်ငန်းစုတစ်ခု ဖြစ်ပါတယ်။

                5G ကွန်ရက်နည်းပညာဟာ လက်ရှိ 4G ကွန်ရက်နည်းပညာထက် အနည်းဆုံး ၁ဝ ဆကနေ အဆ ၁ဝဝ အထိ မြန်ဆန်တဲ့ အဆင့်မြင့် ကွန်ရက်နည်းပညာဖြစ်ပြီး နာမည်ကြီး စမတ်ဖုန်းကုမ္ပဏီ အတော်များများဟာ 5G ဖုန်းကို တစ်နှစ် နှစ်နှစ်အတွင်း ထုတ်လုပ်နိုင်ဖို့အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။ 5G Chipset တွေကိုလည်း ဒီနှစ်အကုန်မှာ ဈေးကွက်ထဲ ရောက်လာဖို့ရှိပါတယ်။

                နာမည်ကြီး Processor ကုမ္ပဏီ Qualcomm ကလည်း ဒီတစ်ပတ်ထဲမှာ Snapdragon X50 5G Modem ပါဝင်တဲ့ Snapdragon 8150/855 Processor ကို မိတ်ဆက်သွားမှာပါ။ ဒီပွဲဟာ ဒီဇင်ဘာ ၄ ရက်ကနေ ၆ ရက် ကြာမြင့်မှာ ဖြစ်ပြီး Samsung နဲ့Verizon တို့လည်း တက်ရောက်ကြဖို့ရှိပါတယ်။

Photo: Geeky Gadgets

Photo: Geeky Gadgets

                စမတ်ဖုန်းရောင်းအား ကျဆင်းလာနေတဲ့ Samsung ဟာ ၂ဝ၁၉ မှာ ထုတ်မယ့် ဖုန်းသစ်တွေမှာ နည်းပညာသစ်များနဲ့ဈေးကွက်ကို ဆွဲဆောင်ဖို့ကြိုးစားနေပါတယ်။ ၂ဝ၁၉ နှစ်ဆန်းပိုင်းမှာ မိတ်ဆက်သွားမယ့် Galaxy S10 မှာတော့ In-screen ဆယ်လ်ဖီကင်မရာနဲ့ ကျောဘက်သုံးလုံးတွဲ ကင်မရာများအပြင် မှန်ပြင်အောက် လက်ဗွေစနစ်ပါ သုံးသွားမယ်လို့ယူဆရပါတယ်။

                ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က Samsung တယ်လီကွန်းကုမ္ပဏီ ၃ ခု ဖြစ်တဲ့ SK Telecom ၊ KT နဲ့LG Uplus တို့ ပေါင်းပြီး Mobile routers တွေကနေ 5G ဝန်ဆောင်မှုများ အသုံးပြုနိုင်အောင် စတင် ဖြန့်ချိခဲ့ပါတယ်။ တောင်ကိုရီးယားမှ 5G ကွန်ရက်ဟာ လက်ရှိမှာ တောင်ကိုရီးယားမြို့တော် ၁၃ ခုမှာ လွှမ်းခြုံထားပြီလို့ဆိုပါတယ်။

Originally published at : http://www.duwun.com.mm/tech/mobile/samsung-5g-id9164492.html

About the author

iT Guider

Success is the far side of failure.

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.