Messenger မှာ Video call ခေါ်ရင်း နောက်ထပ်သူငယ်ချင်းတွေကိုပါထည့်ခေါ်လို့ရနိုင်ပြီ - iT Guider
Facebook Tips & Tricks News Tech

Messenger မှာ Video call ခေါ်ရင်း နောက်ထပ်သူငယ်ချင်းတွေကိုပါထည့်ခေါ်လို့ရနိုင်ပြီ

Written by iT Guider

Facebook Messenger

Facebook Messenger မှာ သူငယ်ချင်းတွေနဲ့ Group ဗီဒီယိုတွေခေါ်တတ်တဲ့သူတွေအတွက် သတင်းကောင်းလေးတစ်ခုလာပါပြီ။ အရင်က group ဗီဒီယိုပြောနေရင်း နောက်တစ်ယောက်ကို ထပ်ထည့်ချင်ရင် လက်ရှိခေါ်နေတာကိုချ ပြီးမှပြောချင်တဲ့လူထပ်ထည့် ပြန်ခေါ် ဒါမျိုးကအလုပ်ရှုပ်လွန်းပါတယ်။

အခုတော့ ဒီပြဿနာကို ဖေ့စ်ဘွတ်ခ်ကဖြေရှင်းပေးဖို့ Android ရော iOS တွေအတွက်ပါ Feature သစ်တစ်ခုထွက်ရှိလာပါပြီ။ ဒီ Feature ကတော့ ဗီဒီယိုကောပြောနေတဲ့အချိန်မှာ နောက်ထပ်သူငယ်ချင်းတစ်ယောက်ထပ်ထည့်ချင်တယ်ဆိုရင် ဖုန်းချလိုက်စရာမလိုဘဲ Add Person icon လေးကိုပဲနှိပ်ပြီး
ကိုယ်ထည့်ချင်တဲ့သူကို ထည့်လိုက်ရုံပါပဲ။ ကိုယ် Invite လုက်တဲ့သူက လက်ခံလိုက်ပြီဆိုရင်တော့ ကိုယ်နဲ့သူငယ်ချင်းတွေပြောနေတဲ့ Group Video Call ထဲမှာရောက်လာပါပြီ။

Windows 10 License

နောက်ထပ်တစ်ခုက ဒီ group video call ကိုရပ်လိုက် ဖုန်းချလိုက်ပြီဆိုတာနဲ့ Video Call ထဲမှာပါတဲ့သူတွေအကုန်လုံးပါတဲ့ Group Text chat လေး Messenger မှာ အလိုအလျောက် Group ဖွဲ့ပေးတာပါ။ ဖေ့စ်ဘွတ်ခ်ကတော့ သူ့ရဲ့အွန်လိုင်းဝန်ဆောင်မှုကို ကျယ်ပြန့်လာအောင် ရှိပြီးသား Messenger app ကိုပဲ Feature အသစ်တွေထပ်ထပ်ဖြည့်ပြီး ပြည့်စုံအောင်လုပ်နေပါတယ်။ အခု ဒီ Feature လေးကလည်း တော်တော်လေးအသုံးဝင်တယ်လို့ ဆိုရမှာပါ။

အရင်က ဖေ့စ်ဘွတ်ခ်က Messenger App ကိုသုံးရပိုပေါ့ ပိုလွယ်အောင် App ကနေ ဖယ်ခဲ့ဖူးတဲ့ Feature လေးတစ်ခုရှိပါတယ်။ Facebook M လို့ခေါ်ပြီး အများစုက ရှိတယ်လို့တောင်မသိခဲ့တာပါ။

ကလေးတွေအတွက်ရည်ရွယ်ပြီးတော့လည်း Messenger Kids လို့ခေါ်တဲ့ ဗားရှင်းသစ်လေးကိုမိတ်ဆက်ပေးခဲ့ပါတယ်။ တော်တော်လေးနာမည်ကြီးခဲ့ပေမယ့်လည်း နည်းပညာက ကလေးတွေကိုဒုက္ခရောက်စေတယ်လို့ခံယူထားတဲ့ ကလေးဗဟိုပြုအဖွဲ့အစည်းတွေရဲ့ ကန့်ကွက်ခြင်းကိုတော့ခံနေရဆဲပါပဲ။

တောင်းဆိုခွင့်များရရင် ဖေ့စ်ဘွတ်ခ်နဲ့ Messenger ကို App တစ်ခုတည်းပဲပေါင်းပေးပါလို့ တောင်းဆိုမယ့်သူတွေများရှိနေမလား?? App ၂ခုမဟုတ်ဘဲ တစ်ခုတည်းဆိုရင် ဒေါင်းလုပ်သက်သာတာပေါ့ 🙂

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.