Facebook မှာ ကိုယ့်ပုံကို တစ်ယောက်ယောက်သုံးတာနဲ့ ပိုင်ရှင်ဆီ အချက်ပြတဲ့စနစ်
Facebook Tips & Tricks News Tech

Facebook မှာ ကိုယ့်ပုံကို တစ်ယောက်ယောက်သုံးတာနဲ့ ပိုင်ရှင်ဆီ အချက်ပြတဲ့စနစ် စတင်

Written by iT Guider

Facebook Facial Recognition Startup

ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ဖြန့် ချိခဲ့တဲ့ Facebook ရဲ့ မျက်နှာပြင်ဖတ်စနစ်နဲ့ ဓါတ်ပုံတိုက်စစ်တဲ့ Feature ကို ပြည်တွင်းမှာလည်း သုံးနိုင်ပြီ ဖြစ်ပါတယ်။

Photo Review လို့ ခေါ်တဲ့ ဒီ Feature ဟာ ကိုယ့်ရဲ့ ဓါတ်ပုံကို Facebook ပေါ်မှာ တစ်ခြားတစ်ယောက်ယောက်က ယူသုံးလိုက်တာနဲ့ ကိုယ့်ဆီကို အကြောင်းကြားသွားမယ့် စနစ် ဖြစ်ပြီး ဒီ Feature ရဲ့ ထူးခြားမှုက ကိုယ့်ကို Tag လုပ်မထားလည်း တစ်ယောက်ယောက်က ကိုယ့်ပုံကို တစ်နေရာရာမှာ Upload တင်တာနဲ့ သိနိုင်တော့မှာပါ။

နည်းပညာအရ ကိုယ့်ရဲ့ ဓါတ်ပုံထဲမှာ ပါတဲ့ Pixel အရေအတွက်ကို ခွဲခြမ်း စိတ်ဖြာပြီး အချက်အလက်တွေကို Template တစ်ခုထုတ်ပြီး Facebook ရဲ့ Database မှာ သိမ်းထားတာပါ။ နောက်တစ်ကြိမ် ဒီလို ဗွီဒီယို နဲ့ ဓါတ်ပုံတွေ တင်လိုက်တာနဲ့ Facebook ရဲ့ စနစ်ကနေ Template ထဲက ပုံတွေကို တိုက်စစ်သွားတာလည်း ဖြစ်ပါတယ်။

Facebook ဟာ သုံးစွဲသူများအတွက် Photo Review Feature ကနေ ဓါတ်ပုံ ၊ ဗွီဒီယိုတွေထဲမှာ ကိုယ့်ပုံပါလာရင် သိနိုင်မယ့် စနစ်ကို On/Off လုပ်ခွင့်ပေးထားတယ်လို့ ဆိုပါတယ်။တကယ်လို့ ဒီ Feature ကို မသုံးချင်ရင်လည်း Off လုပ်ပြီး ပိတ်ထားလို့ ရမှာပါ။

 

Facebook အနေနဲ့ ဒီ Feature ကို ဖြန့် ချိရခြင်းဟာ ကိုယ်မသိဘဲ ကိုယ့်ပုံကို တစ်နေရာမှာ သုံးနေတာနဲ့ ပိုင်ရှင်က ချက်ချင်းသိနိုင်စေဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ယခု Feature ကို ဒီဇင်ဘာလကုန်ပိုင်းမှာ ကနေဒါနဲ့ ဥရောပကလွဲရင် တစ်ကမ္ဘာလုံးဆီ ဖြန့် ချိထားပါတယ်။ Facebook ဟာ သုံးစွဲသူရဲ့ မျက်နှာနဲ့ အကောင့်ထဲ Log in ဝင်နိုင်မယ့် နည်းပညာကိုလည်း စမ်းသပ်နေပြီး ဒီနည်းပညာကိုလည်း တစ်ချိန်မှာ ကျယ်ကျယ်ပြန့် ပြန့် သုံးစွဲနိုင်ဖို့ ရှိပါတယ်။

This contents is contributed by : www.duwun.com.mm/tech

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.