ဦးနှောက်နဲ့ ထိန်းချုပ်နိုင်တဲ့ TV စနစ်တခုကို Samsung ဖန်တီးလျက်ရှိ - iT Guider
Tech

ဦးနှောက်နဲ့ ထိန်းချုပ်နိုင်တဲ့ TV စနစ်တခုကို Samsung ဖန်တီးလျက်ရှိ

Control_TV
Written by iT Guider

                ခေါင်းစွပ်ဟာ ဦးနှောက်ဆဲလ်တွေ အချင်းချင်း ဆက်သွယ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ အချက်ပြလှုပ်စစ်လှိုင်းတွေကို စိစစ်၊ဖမ်းယူနိုင်ပါတယ်။ ထို့နောက် အဆိုပါဦးနှောက်လှိုင်းတွေက ရရှိတဲ့ ဒေတာတွေကို အသုံးပြုပြီး၊ “ချန်နယ်ပြောင်းမယ်” စသဖြင့် အတွေးတခုခု ဖြစ်ပေါ်တဲ့အခါ ဦးနှောက်က ဘယ်လို ပြုမူလုပ်ဆောင်လဲ ဆိုတာကို သိပ္ပံပညာရှင်တွေက ပြန်လည်လေ့လာခဲ့ကြတာပါ။

                လက်ရှိမှာ ယခုစနစ်ဟာ ဦးနှောက်လှိုင်းနဲ့ မျက်စိလှုပ်ရှားမှု အချက်အလက်တွေကို အသုံးချကာ တီဗီကို အဝေးကထိန်းချုပ်နိုင်နေပြီ ဖြစ်ပါတယ်။ ဦးနှောက်လှိုင်းတွေကိုပဲ အသုံးပြုထိန်းချုပ်မယ့် နောက်ထပ်ဗားရှင်းတခုကိုလည်း အကောင်အထည်ဖော်လျက်ရှိတယ်လို့ သိရပါတယ်။

Brain Computer Interface (BCI)

Brain Computer Interface (BCI)

                Samsung ဟာ လာမယ့်နှစ်ထဲ ဆွစ်ဇာလန်ဆေးရုံတွေမှာ ယခုစနစ်ရဲ့ ရှေ့ပြေးမော်ဒယ်တခုကို စတင်စမ်းသပ်သွားဖို့ ရှိပါတယ်။ ယခုနည်းပညာဟာ အကြောသေရောဂါဝေဒနာရှင်လိုမျိုး လှုပ်ရှားမှုပိုင်း အခက်အခဲရှိသူတွေကို ကူညီပေးနိုင်မယ့် နည်းပညာတခု ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် တွင်တွင်ကျယ်ကျယ် အသုံးပြုဖို့အတွက်ကတော့ အချိန်ကြာကြာ လိုအပ်ဦးမှာပါ။

                လက်ရှိ ရှေ့ပြေးမော်ဒယ်မှာ အသုံးပြုသူတွေအနေနဲ့ ဆန်ဆာပါ ခေါင်းစွပ် မစွပ်ခင် ဦးခေါင်းမှာ ဂျဲလ်တွေ သုတ်လိမ်း ထားဖို့ လိုအပ်ပါတယ်။ ဦးခေါင်းမှာ ဂျဲလ်သုတ်ရမှာထက်စာရင် ရီမုတ်ပျောက်လို့ လိုက်ရှာရတာကမှ ပိုလွယ်နေပါဦးမယ်။

Ref: DailyMail, Telegraph
Originally published at : https://burma.irrawaddy.com/business/it/2018/11/14/174789.html

About the author

iT Guider

Success is the far side of failure.

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.