လှောင်ပြောင်လိုက်တဲ့ SAMSUNG | iT Guider
Tech

Pixel 3XL ရဲ့ Notch ဟာ လေယဉ်တောင်ဆင်း လို့ရတယ်လို့ လှောင်ပြောင်လိုက်တဲ့ SAMSUNG

Pixel 3XL
Written by iT Guider

                SAMSUNG ဟာ စမတ်ဖုန်းလောကမှာ ပြိုင်ဘက်တွေကို ပိုးစိုးပက်စက် လှောင်ပြောင်လေ့ရှိတဲ့ Troller ကြီးပါ။ Apple ရဲ့ iPhone တွေဟာဆိုရင် SAMSUNG ရဲ့ လှောင်ပြောင်ဖို့ အဓိက ပစ်မှတ်သဖွယ်ဖြစ်ခဲ့ပြီး ထွက်သမျှ iPhone တိုင်းနီးပါးကို ဆက်တိုက်လှောင်ပြောင်ခဲ့ပါတယ်။

                iPhone X ရဲ့ Notch ကို ပုံစံအမျိုးမျိုးနဲ့ လှောင်ပြောင်ခဲ့ပြီး Android ဖုန်းတွေကိုတော့ လှောင်ပြောင်တာ မတွေ့ရပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့ကမှ မိတ်ဆက်ထားတဲ့ Pixel 3XL ကိုတော့ ပေါ်တင်ကြီးလှောင်ပြောင်လိုက်ပါပြီ။

Troll

                Pixel 3XL ဟာ ထွက်ရှိထားတဲ့ Leak ပုံရိပ်တွေမှာ ပြထားသလိုပဲ သာမာန် Notch ဖုန်းတွေထက် အတော်လေးကြီးမားတဲ့ Notch ကြီးပါဝင်လာပါတယ်။ အဲ့အတွက် Google ရဲ့ Fan တော်တော်များများ စိတ်ပျက်ခဲ့ကြပါတယ်။ မကြာသေးခင်ကမှ တွစ်တာ မှာ Google ရဲ့ Made by Google ကနေပြီး Pixel 3/3XL အကြောင်း ကြိုက်တာ မေးမြန်းနိုင်တဲ့ ပိုစ့်တစ်ခုတင်ခဲ့ပါတယ်။

                Pixel 3XL ရဲ့ Notch အပေါ် မကောင်းပြောတဲ့ သူတွေ အတော်များခဲ့ပြီး တစ်ချို့က SAMSUNG ရဲ့ Flagship ဖုန်းတွေနဲ့ နှိုင်းယှဉ်ပြီးပြောခဲ့ပါတယ်။ အဲ့ဒီပိုစ့်အောက်မှာပဲ Samsung ရဲ့ US Brand အခွဲဖြစ်တဲ့ SAMSUNG Mobile US ကနေပြီး “ You could land a plane on it ” ဆိုပြီး Pixel 3XL ရဲ့ Notch ဟာ လေယဉ်ဆင်းလို့ရလောက်တဲ့အထိ ကြီးမားနေတယ်လို့ ပေါ်တင်ကြီး Troll လိုက်ပါတယ်။

                Pixel 3/3XL ဟာ SAMSUNG ရဲ့ နောက်ဆုံးထွက် GALAXY Note 9 နဲ့ S9 Series တို့ရဲ့ အဓိက ပြိုင်ဘက် ဖြစ်နေတဲ့ အတွက် Google အပေါ် အာရုံစိုက်နေတာ ဖြစ်နိုင်ပြီး အရမ်းကြီး သိသိသာသာ ကြီးမားနေတဲ့ Pixel 3XL ရဲ့ Notch ဟာ SAMSUNG အသည်းအသန် Troll ခဲ့တဲ့ iPhone X ရဲ့ Notch ထက် အတော်လေးကြည့်ရဆိုးနေတယ် ဆိုတာကတော့ ငြင်းမရတဲ့ အချက်ပါပဲ။

Pixel 3Xl

                Pixel 3XL ရဲ့ Notch ဟာ Wide Angle Lens နဲ့ Stereo Speaker တွေကြောင့် အဲ့လောက်ကြီး မားနေတာပါ။ ဒါပေမယ့်လည်း အရင် Pixel 2XL လို Notch မပါပဲ ထုတ်ရင် အများကြီး ကြည့်ရပိုကောင်းသွားမှာ အသေအချာပါပဲ။ ဘာအတွက်ကြောင့်များ ရုပ်ဆိုးဆိုး Notch ကြီးကို ထည့်လိုက်တာလဲ ဆိုတာကတော့ စဉ်းစားစရာပါပဲ။

                Google ရဲ့ အောက်တိုဘာ ပွဲဟာဆိုရင် ပွဲကျင်းပသွားတဲ့ပုံဟာ အတော်လေး ဖရိုဖရဲနိုင်ခဲ့ပြီး လပေါင်းများစွာ စောင့်မျှော်နေခဲ့ကြတဲ့ Fan တွေကို အတော်လေးစိတ်ပျက်စေခဲ့ပါတယ်။

Originally published at - http://mytechmyanmar.com/samsung-trolls-pixel-3xl-notch-that-a-plane-can-land-on-it/

About the author

iT Guider

Success is the far side of failure.

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.