Xiaomi Mi Max 3 မှာ မျက်နှာပြင် ၇ လက်မအထိ ရှိလာတော့မလား - iT Guider
Mobile Tech

Xiaomi Mi Max 3 မှာ မျက်နှာပြင် ၇ လက်မအထိ ရှိလာတော့မလား

ကျောဘက် ကင်မရာ ၂ လုံး သုံးဖို့ ရှိပါတယ်။ မျက်နှာပြင်ကြီးမားလွန်းလို့ ရိုးရိုးစမတ်ဖုန်းလို့ မခေါ်ဘဲ Phablet လို့ ခေါ်တဲ့ အကြီးစားဖုန်းစာရင်းထဲမှာ Xiaomi Mi Max စီးရီးကို ထည့်ပြောကြပါတယ်။ မျက်နှာပြင်ကြီးမှ ကြိုက်တတ်တဲ့ စမတ်ဖုန်းပရိတ်သတ်တွေအတွက် နောက်ထပ် စိတ်လှုပ်ရှားစရာ Xiaomi Mi Max စီးရီး တစ်ခုကတော့ တက်ဘလက်တစ်လုံးလောက်ကြီးပြီး ဘေးဘောင်ပါးတဲ့ Xiaomi Mi Max 3 ပဲ ဖြစ်ပါတယ်။

နောက်နှစ်မှာ မြင်ရမယ့် Xiaomi Mi Max 3 ဟာ မျက်နှာပြင် ၇ လက်မသုံးသွားဖို့ ရှိပြီး Display အချိုးအစားအရ နာမည်ကြီး 18:9 aspect ratio ကို သုံးသွားမှာ ဖြစ်လို့ လက်နဲ့ ကိုင်သုံးရတာလည်း အဆင်ပြေသက်တောင့်သက်တာ ရှိမှာပါ။ Mi Max 3 အရင် ထွက်ခဲ့တဲ့ Xiaomi Mi Max 2 မှာတော့ မျက်နှာပြင်ဆိုဒ် ၆.၄၄ လက်မပဲ ရှိတာ ဖြစ်လို့ Mi Max 3 မှာ အတော်လေး ပြောင်းလဲလာပြီ ဖြစ်ပါတယ်။ ထူးခြားတာက ဒီဖုန်းဟာ မျက်နှာပြင် Screen size ပိုကြီးလာတာ ဆိုပေမယ့် ကိုယ်ထည်က သိသိသာသာ ကြီးသွားဖို့ မရှိပါဘူး။ ဒီလိုဖြစ်ရတာကလည်း အထက်နဲ့ အောက် ဘောင်တွေကို ပါးပါးလေး ဖြစ်အောင် ထုတ်ထားတာကြောင့်လည်း ဖြစ်ပါတယ်။

Xiaomi Mi Max 3 နဲ့ ပတ်သတ်ပြီး နောက်ထပ် ကြားထားတဲ့ သတင်းအရ ဒီဖုန်းဟာ တကယ့်ဟဲဗီးဘက်ထရီဖြစ်တဲ့ 5500 mAh ဘက်ထရီအကြီးစားကို သုံးသွားမယ်လို့ ဆိုပါတယ်။ ဒီဘက်ထရီနဲ့ အတူ အားအမြန်ဝင်တဲ့ Quick Charge 3.0 နည်းပညာလည်း ပါရှိမယ်လို့ သတင်းထွက်နေတာကြောင့် ဒီဖုန်းရဲ့ ဘက်ထရီစနစ်ကလည်း ချစ်ဖို့ ကောင်းနေပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတာက Xiaomi Mi Max 3 ဟာ Processor နှစ်မျိုး မော်ဒယ်နှစ်ခုနဲ့ မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။ ဗားရှင်းတစ်ခုမှာ Snapdragon 630 SoC နဲ့ နောက်ဗားရှင်း တစ်ခုက အမြင့်စားဗားရှင်း ဖြစ်တဲ့ Snapdragon 660 SoC ကို သုံးသွားဖို့ ရှိပါတယ်။

RAM ဗားရှင်းအနေနဲ့ လည်း Xiaomi Mi Max 3 မှာ ရိုးရိုး 3GB နဲ့ အမြင့်စား 4GB ဗားရှင်းဆိုပြီး နှစ်မျိုးလာမှာပါ။ Storage အနေနဲ့ အနည်းဆုံး 32GB သုံးသွားဖို့ ရှိနေပါတယ်။ Mi Max 2 နဲ့ မတူတဲ့ နောက်ထပ်ထူးခြားတာတစ်ခုက ကျောဘက်မှာ Dual Rear Camera နှစ်လုံးတပ်သုံးသွားမှာပါ။ ဈေးနှုန်းအနေနဲ့ ဒီဖုန်းဟာ Mi Max 2 လိုပဲ အနည်းဆုံး ၃ သိန်းခွဲဈေးကနေ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

Via : DUWUN

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.