Lenovo ရဲ့ ကွေးခေါက်နိုင်တဲ့ဖုန်းပုံရိပ် ပထမဆုံးအကြိမ် ပေါ်ထွက်လာ - iT Guider
Mobile Tech

Lenovo ရဲ့ ကွေးခေါက်နိုင်တဲ့ဖုန်းပုံရိပ် ပထမဆုံးအကြိမ် ပေါ်ထွက်လာ

Foldable Lenovo
Written by iT Guider

                မျက်နှာပြင်နဲ့ ကိုယ်ထည်ကို ကွေးခေါက်ပြီးအသုံးပြုနိုင်မယ့် Foldable ဖုန်းတွေကို အရင်က စိတ်မဝင်စားခဲ့ဘူး ဆိုရင်တောင် အခုအချိန်မှာတော့ အာရုံစိုက်သင့်တဲ့ အချိန်ကို ရောက်လာခဲ့ပါပြီ။ တွစ်တာမှာ Lenovo ရဲ့ Foldable စမတ်ဖုန်းအတွက် စမ်းသပ်ဗားရှင်း Prototype တစ်ခုကို ပြသထားတဲ့ ဗီဒီယိုအတိုလေး တက်လာခဲ့ပြီး ပုံမှန် စမတ်ဖုန်းတစ်လုံးရဲ့ ပုံစံမျိုးနဲ့ Foldable ဖြစ်နေတာကို တွေ့ရမှာပါ။

 

                ဒီဟန်းဆက်ရဲ့ ကိုယ်ထည်ကတော့ နည်းနည်းရှည်ပေမယ့် တကယ်ခေါက်ချိုးထားနိုင်တယ်ဆိုရင် ကိုယ်ထည်အရှည်က ပြဿနာမဟုတ်တော့ပါဘူး။ လက်ရှိမှာ လုံးဝခေါက်ချိုးချိုးပြတာကိုတော့ မတွေ့ရသေးပါဘူး။

Foldable Lenovo

                မျက်နှာပြင်ရဲ့အလယ် အနက်ရောင်နေရာက ပတ္တာလို ကွေးခေါက်နိုင်တဲ့ နေရာဖြစ်တာ တွေ့ရပါတယ်။ တစ်ဖက်တည်းကပဲ မြင်ရသေးတဲ့အတွက် Apps တွေ ဘာတွေ ပါနေတဲ့ စမတ်ဖုန်းတစ်ခု ဖြစ်သော်လည်း အပြည့်အဝ မပြနိုင်သေးတဲ့ Prototype တစ်ခုလို့ ဆိုရမှာပါ။ ဒါ့အပြင် အောက်ဘက်မှာလည်း Chin နေရာက တော်တော်ကြီးပါတယ်။ ဘာပဲဖြစ်ဖြစ် Display ကို ဒီလောက်ကွေးခေါက်ပြနိုင်တာ ချီးကျူးရမှာဖြစ်ပြီး ဈေးကွက်ထဲ မိတ်မဆက်သေးခင် ဒီနည်းပညာကို ထပ်မံတိုးချဲ့ဦးမှာပါပဲ။

Foldable Lenovo

                မနှစ်က Lenovo ဟာ လက်ကောက်တစ်ခုလို လက်ပေါ်မှာ ကွေးခေါက်ထားနိုင်တဲ့ Cplus အမည်ရ ဖုန်းတစ်မျိုးကို ပြသခဲ့ပါသေးတယ်။ အဲဒီတုန်းက 4.35” AMOLED Screen နဲ့ သားရေအစစ် ကျောဘက် ကိုယ်ထည်တို့ ပါဝင်ခဲ့တယ်။ ကုမ္ပဏီက သူတို့ရဲ့ Foldable ဖုန်းဟာ Moto RAZR အမှတ်တံဆိပ်အောက်မှ ကြေငြာလာနိုင်ကြောင်း အရိပ်အမြွက်ပြောခဲ့သလို၊ ကွေးဆန့်နိုင်တဲ့ Laptop တစ်မျိုးကိုလည်း ထုတ်လုပ်ဖို့ ကြိုးစားနေကြောင်း ပြောခဲ့ပါတယ်။

Foldable Lenovo

                စမတ်ဖုန်းဈေးကွက်ထဲမှာ ပထမဆုံး Foldable ဖုန်းကို ဘယ်သူစထုတ်နိုင်မလဲ ဆိုတာ နှစ်များစွာ ကြာမြင့်လာတဲ့ ပြိုင်ပွဲကြီးတစ်ခုဖြစ်နေပြီး ဆမ်ဆောင်းနဲ့ Huawei တို့က ထုတ်လုပ်ဖို့ရည်ရွယ်ထားကြောင်း တရားဝင်ကြေငြာပြောဆိုထားခဲ့သလို LG မှာလည်း Foldable မျက်နှာပြင်နဲ့ ပတ်သက်တဲ့ နည်းပညာမူပိုင်ခွင့်တွေ ရယူထားတာ ရှိနေပါတယ်။

From – GSM Arena
Originally Published at – http://mytechmyanmar.com/lenovo-foldable-leak-video/

About the author

iT Guider

Success is the far side of failure.

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.