Black Shark 2 Gaming ဖုန်းရဲ့ Video ပေါက်ကြား | iT Guider

ခပ်မိုက်မိုက် ဒီဇိုင်းလေးပါ။

                Xiaomi ရဲ့ Black Shark 2 Teaser ပိုစတာ ထွက်ရှိပြီး ခဏအကြာမှာပဲ Budget Gaming ဖုန်းတစ်လုံးအဖြစ် နာမည်ကြီးခဲ့တဲ့ Xiaomi Black Shark ရဲ့ နောက်ဆက်တွဲဖုန်း Black Shark 2 ရဲ့ Hands-on Video တွေ ပေါက်ကြားလို့လာပါပြီ။

                Global Version အဖြစ်ပါ ရောင်းချတော့မယ့် အဆိုပါ Black Shark 2 ရဲ့ အနောက်ဘက် လိုဂိုလေးဟာ Razer Phone 2 လိုပဲ မီးလင်းနေတာကို တွေ့ရပါတယ်။ ပေါက်ကြားလာတဲ့ အဆိုပါ Hands-on Video ထဲမှာ Black Shark 2 ရဲ့ နောက်ကျောဘက် ပုံစံ အပြည့်အစုံကိုမြင်တွေ့ရပြီး အတော်လေး ဆွဲဆောင်မှုရှိတဲ့ Gaming ဖုန်းတစ်လုံးပါ။

                အပေါ်က Video ထဲမှာ မြင်ရတဲ့ အတိုင်းပဲ နောက်ကျောဘက်မှာ Dual Camera Setup ကိုတွေ့ရပြီး Fingerprint Scanner ကိုလည်း Camera Setup အောက်မှာ တွေ့ရတယ်။ ထူးခြားချက်ကတော့ အနောက်ဘက် Black Shark Logo နဲ့ ဘေးဘောင်တွေဟာ မီးတွေလင်းနေပြီး Razer Phone 2 ရဲ့ Chroma Effect လိုပဲ အရောင်မျိုးစုံ ပြောင်းလဲ နိုင်မယ်လို့မျှော်လင့်ရပါတယ်။

                Snapdragon 845 ကိုအသုံးပြုထားမယ်ဆိုတာ လုံးဝသေချာနေပြီး 8GB RAM နဲ့ အထက် အသုံးပြုထားနိုင်ပါတယ်။ အရှေ့ဘက် 18:9 အချိုးအစားရှိတဲ့ ကျယ်ပြန့်တဲ့ မျက်နှာပြင် ပါမယ်လို့ သတင်းတွေထွက်နေပြီး Razer Phone 2 လို Screen Refresh Rate 120Hz ရှိမှာတော့ မဟုတ်ပါဘူး။ ဈေးနှုန်း $500 ရှိမယ်လို့ သတင်းတွေထွက်နေပြီး အဲ့ဒီ ဈေးနဲ့သာ အမှန်တစ်ကယ်ရောင်းချခဲ့ရင် Razer Phone 2 ထက် $300 ပိုသက်သာ နေမှာပါ။

From - Giz China
Originally published at - http://mytechmyanmar.com/black-shark-2s-hands-on-video-leaked/

About the author

iT Guider

Success is the far side of failure.

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.