Android ဖုန်းအသစ်တစ်လုံးဝယ်ပြီးတာနဲ့ ချက်ချင်းပြောင်းရမယ့်အချက် ၄ချက်
Mobile Tech

Android ဖုန်းအသစ်တစ်လုံးဝယ်ပြီးတာနဲ့ ချက်ချင်းပြောင်းရမယ့်အချက် ၄ချက်

Written by iT Guider

ပထမဆုံအနေနဲ့ ဖုန်းအသစ်တစ်လုံးရတာကို Congratulations ပါ။ ဆိုရှယ်မီဒီယာတွေမှာပုံတွေမတင်ခင် ဒီအခြေခံလုပ်သင့်တဲ့အချက်လေးတွေကို အရင်ပြောင်းကြည့်လိုက်ပါ။

1. Lock Screen Preference ကိုပြောင်းပါ။

ဖုန်းကိုစဖွင့်လိုက်တာနဲ့ ပထမဆုံးမြင်ရတာ Lock screen ပါ။ ကိုယ့်ဆီရောက်လာတဲ့ Notification တွေ စာတွေက Lock screen ပေါ်မြင်နေရမှာပါ။ ကိုယ့်ဖုန်းကိုလော့ခ်မဖွင့်ပဲနဲ့တောင် စာတွေအကုန်မြင်နေရတာ အဆင်မပြေပါဘူး။ ဒါဆိုရင် Setting –> Security &
Location –> Lock screen Preference –> Hide sensitive notification content လို့လုပ်လိုက်ရင်တော့ Lock screen ပေါ်မှာ App icon လေးပဲပေါ်နေမှာပါ။

2. Instant Lock

ဒီ Setting ကတော့ Default မထားပေးထားပါဘူး။ ပါဝါခလုတ်ကိုနှိပ်ပြီး အချိန်ဘယ်လောက်ကြာရင် လော့ကျမယ်ဆိုတာ ထားပေးရမှာပါ။ ပုံမှန် Default အနေနဲ့ကတော့ ၅စက္ကန့်ထားပေးထားပါတယ်။ သဘောက ဖုန်း Screen ပိတ်ပြီး ၅စက္ကန့်မပြည့်ခင်
ပါဝါခလုတ်ကိုနှိပ်ဖွင့်လိုက်ရင် ချက်ချင်းလော့ခ်ပွင့်တာပါ။ (ငါးစက္ကန့်မပြည့်သေးတဲ့အတွက် လော့ခ်မကျသေးတဲ့သဘောပါ) သူ့ကိုတော့ Setting –> Screen Lock နောက်က ဂီယာပုံလေးကိုနှိပ် —> Power Button Instantly locks ဆိုတာလေးကို Toggle on
ပေးလိုက်ရင်ရပါပြီ။

3. Auto Back up Google Photos

Google Photos ဆိုတာ တကယ်ကိုမိုက်တဲ့ app တစ်ခုပါ။ သူ့ကိုတော့ Android ဖုန်းတိုင်းလိုလိုမှာ ကြိုသွင်းပေးထားပြီးသားပါ။ ကိုယ့်ရိုက်ထားတဲ့ပုံလေးတွေကိုချက်ချင်း Back up လုပ်ပေးပြီး Format လေးတစ်ခုနဲ့စုပေးထားပါတယ်။ ဒါပေမယ့်ဒီလို အော်တို back up
လုပ်ဖို့ဆိုရင် Setting မှာအရင်သွားပြောင်းပေးမှရပါမယ်။ Google Photos –> ဘယ်ဘက်လေးကိုဆွဲလိုက်ရင် Setting –> Back up & Sync –> Back up device folder ကိုနှိပ်ပြီး ကိုယ် Backup လုပ်ချင်တဲ့ Folder လေးကိုရွေးပေးလိုက်ရင် ပုံအသစ်တွေဝင်လာတိုင်း
Backup လုပ်ပေးသွားမှာဖြစ်လို့ ပုံတွေပျောက်ပျက်သွားမှာစိတ်မပူရပါဘူး။

4. Turn On Find My Phone

Find My Phone ဆိုတာကလည်း တောေ်တ်ာမိုက်တဲ့ service တစ်ခုပါပဲ။ ဒါလေးသာ enable လုပ်ထားရင် ကိုယ့်ဖုန်းပျောက်သွားလည်း စိတ်မပူရတော့ပါဘူး။ Setting –> Security & Location –> Find My Device ကိုဖွင့်ပေးလိုက်ရင်ရပါပြီ။

တစ်ခုတော့ရှိပါတယ်။ Location ကိုအမြဲတမ်းဖွင့်ပေးထားမှရမှာပါ။ ကိုယ်ဖုန်းဘယ်မှာလဲ ရှာဖို့လိုအပ်လာတဲ့အချိန်မှာ Find my phone ဝဘ်ဆိုဒ်ကိုသွားပြီး Google ID နဲ့ Log in ဝင်လိုက်ရင် ကိုယ့်ဖုန်းက မြေပုံရဲ့ဘယ်နားမှာရှိနေလဲမြင်ရမှာပါ။

ကိုယ့်မှာ Android ဖုန်းအသစ်စက်စက်လေးတစ်လုံးရလာရင် ဒါတွေအရင်ပြောင်းလိုက်ပါ။ အဟောင်းတွေလည်း ပြောင်းလို့ရပါတယ်…

This contents is contributed by : digitaltimes.com.mm

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.