TikTok နဲ့ ယှဉ်ပြိုင်မယ့် Lasso ကို တိတ်တဆိတ် ဖြန့်လိုက်တဲ့ Facebook - iT Guider
Tech

TikTok နဲ့ ယှဉ်ပြိုင်မယ့် Lasso ကို တိတ်တဆိတ် ဖြန့်လိုက်တဲ့ Facebook

Lasso
Written by iT Guider

                ဂီတနဲ့ ကခုန်ခြင်းကို နှစ်သက်ကြတဲ့ ဆယ်ကျော်သက်တွေကို ဖမ်းစားဖို့အတွက် Lasso လို့အမည်ရတဲ့ Social media platform တစ်ခုကို Facebook က တိတ်တဆိတ်ပဲ ဖြန့်လိုက်ပါတယ်။ Lasso ရဲ့ အဓိက ရည်ရွယ်ချက်က ဆယ်ကျော်သက် ပရိသတ်ကို ဆွဲဆောင်ဖို့အပြင် TikTok ကိုလည်း ယှဉ်ပြိုင်ဖို့လို့လည်း ယူဆရပါတယ်။

Photo from : Google Playstore

Photo from : Google Playstore

                တရုတ်ကုမ္ပဏီ ByteDance က Musical.ly ကို ဒေါ်လာ ၁ ဘီလီယံနဲ့ ဝယ်ယူပြီး TiKTok ကိုဖန်တီးခဲ့ပါတယ်။ မြူးကြွတဲ့ သီချင်းလေးတွေနဲ့အတူ ၁၅ မိနစ်စာ ပျော်ရွှင်စရာဗီဒီယိုဖိုင်တွေကို ပြုလုပ်နိုင်တဲ့ TikTok က တရုတ်နိုင်ငံအပါအဝင် အခြားနိုင်ငံတွေက လူငယ်တွေကြားမှာ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အခုတော့ Facebook ကလည်း အလားတူ App ကို ဖန်တီးပြီး ဖြန့်ချိလိုက်ပါပြီ။

                ၂ဝ၁၈ ရဲ့ စာရင်းအရဆိုရင် ဆယ်ကျော်သက်အားလုံးရဲ့ တစ်ဝက်လောက်ကပဲ Facebook ကို ဆက်အသုံးပြုတော့တာ ဖြစ်ပါတယ်။ ဒါဟာ ၂ဝ၁၄ ခုနှစ်တုန်းကနဲ့ နှိုင်းယှဉ်ရင် ၇၁ ရာခိုင်နှုန်း ကျဆင်းသွားတာ ဖြစ်ပါတယ်။ ၂ဝ၁၆ ရဲ့ သုတေသနရလဒ်အရ ဆယ်ကျော်သက်တွေဟာ ဂီတကို အလွန်နှစ်သက်ကြကြောင်း Facebook က သိရှိခဲ့ပါတယ်။ ဒီတော့ Facebook ရဲ့ Video and watch team က လူငယ်ကြိုက် ဂီတနဲ့ ဗီဒီယိုကို ပေါင်းစပ်ပြီး ပျော်ရွှင်ဖွယ်ရာတွေ ဖန်တီးနိုင်မယ့် Lasso ကို စတင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo From Internet

Photo From Internet

                Lasso ဟာ Standalone app ဖြစ်ပေမယ့် Instagram ကနေတစ်ဆင့် Sing in လုပ်တာ၊ ဒါမှမဟုတ် Facebook ကို အသုံးပြုပြီး အကောင့် ဖန်တီးတာ တွေ လုပ်လို့ရပါတယ်။ ကိုယ့်ရဲ့ Profile page, photos, videos တွေမှာ access လုပ်ခွင့်ပေးထားလို့ရပါတယ်။ ဒါပြီးရင်တော့ Short videos လေးတွေကို အများကြီးဖန်တီးပြီး Auto play လုပ်ပေးထားလို့ ရပါပြီ။

                အခြား ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေလိုပဲ အောက်ခြေမှာ Hashtags တွေထည့်လို့ရပါတယ်။ Facebook stories တွေလိုပဲ Lasso video တွေကိုလည်း Share လို့ရပါတယ်။ နောက်ပိုင်းမှာ Instagram stories လိုမျိုး Share လို့ရမယ့် Feature လည်း ထောက်ပံ့ပေးလာမယ်လို့ သိရပါတယ်။

From : The Verge
Originally published at : http://mytechmyanmar.com/facebook-quietly-launches-lasso/

About the author

iT Guider

Success is the far side of failure.

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.