အနာဂါတ်စမတ်ဖုန်းများမှာ မှန်ကွဲမှန်ပျက် အလိုလို ပြင်နိုင်တဲ့ Screen သုံးနိုင်ဖို့ ရှိ
Mobile Tech

အနာဂါတ်စမတ်ဖုန်းများမှာ မှန်ကွဲမှန်ပျက် အလိုလို ပြင်နိုင်တဲ့ Screen သုံးနိုင်ဖို့ ရှိ

Written by iT Guider

တောင်ကိုရီးယားပညာရှင်တွေဟာ ကွဲသွားတဲ့ ဖုန်း Screen ကို နာရီဝက်အတွင်း သူ့ အလိုလို အကောင်းအတိုင်း ပြန်ပြင်ပေးနိုင်တဲ့ နည်းပညာမြင့်ပစ္စည်းတစ်မျိုးကို တီထွင်နိုင်ခဲ့တာကြောင့် အနာဂါတ် စမတ်ဖုန်းများမှာ ဒီနည်းပညာကို သုံးသွားဖို့ ရှိနေပါတယ်။

Elastomer လို့ နာမည်ပေးထားတဲ့ ဒီအရာဝတ္ထုဟာ မှန်ကွဲသွားတဲ့ ဖုန်းတစ်လုံးကို အခန်းအပူချိန်တွင်းမှာပဲ သူ့ အလိုလို ပြန်ကောင်းအောင် လုပ်ပေးနိုင်သလို တစ်ချိန်တည်းမှာပဲ ဆွဲဆန့် နိုင်မယ့်ပမာဏကို နှစ်ဆတိုး ဆန့် ထုတ်နိုင်တဲ့ ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ဒီအရာဝတ္ထုရဲ့ ဆွဲဆန့် နိုင်မှုကြောင့်ပဲ Screen ဟာ အကြမ်းပတမ်းခံနိုင်ပြီး မတော်တဆလွတ်ကျလို့ မှန်ကွဲသွားမယ်ဆိုရင်တောင် ပြန်ပြီး သူ့ အလိုလို ပြန်ကောင်းသွားအောင် လုပ်ပေးနိုင်မှာပါ။

Elastomer ဟာ မိုဘိုင်းဖုန်း screen ပေါ်မှာ အကာအကွယ် Layer တစ်ခုအဖြစ် သုံးနိုင်မှာ ဖြစ်ပြီး မိနစ် ၃၀ အတွင်း သူ့ အလိုလို မှန်ကွဲကြောင်းတွေကို ပြန်ကောင်းအောင် ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

တောင်ကိုရီးယား ဓါတုနည်းပညာသုတေသန အဖွဲ့ အစည်းရဲ့ Elastomer မတိုင်ခင်ကလည်း ကယ်လီဖုန်းနီးယားဓါတုဗေဒဌာနမှ သုတေသီများမှာ မူလအရွယ်အစားကနေ အဆပေါင်း ၅၀ အထိ ဆွဲဆန့် နိုငတဲ့ ပိုလီမာတစ်မျိုးကို ဖန်တီးခဲ့ပါတယ်။ ဒီပိုလီမှာဟာ မှန်ကွဲသွားတဲ့ Screen တစ်ခုကို ၂၄ နာရီကြာတာနဲ့ သူ့ ဘာသာ ပြန်ကောင်းသွားစေတဲ့ ဂုဏ်သတ္တိရှိတာကြောင့် အနာဂါတ် Screen နည်းပညာတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Elastomer ရဲ့ အားသာချက်တစ်ခုက ကွဲသွားတဲ့ Screen နေရာကို သူ့ အလိုလို အမြန် ပြန်ဖာထေားပေးနိုင်တာဖြစ်ပြီး တော်တန်ရုံ ထိခိုက်မှုကြောင့် မှန်မကွဲအောင်ပါ ကာကွယ်ပေးနိုင်တာပါပဲ။

မှန်ကွဲသွားတဲ့ ဖုန်း Screen တစ်ခုကို သူ့ အလိုလို ပြန်ကောင်းစေတဲ့ နည်းပညာကို LG G Flex တက်ဘလက် မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ ဒီနည်းပညာမှာတော့ အပွန်းစင်း ထင်တာမျိုးကို မိနစ်အနည်းငယ်အတွင်း ပြန်ပြန်ပေးနိုင်ပေမယ့် လျှပ်စစ်မစီးကူးနိုင်တောကြောင့် ဖုန်းတွေမှာ မသုံးနိုင်ခဲ့ပါဘူး။ Elastomer ကတော့ လျှပ်စစ်စီးနိုင်တာကြောင့် Screen တိုင်းမှာ သုံးနိုင်မှာ ဖြစ်လို့ အနာဂါတ်စမတ်ဖုန်းတွေမှာ ဒီနည်းပညာသုံးသွားဖို့ မျှော်လင့်ရမှာပါ။

Via : DUWUN

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.