သုံးစွဲသူအချက်အလက်ကို ရောင်းစားဖို့ FACEBOOK စဉ်းစားခဲ့ - iT Guider
Tech

သုံးစွဲသူအချက်အလက်ကို ရောင်းစားဖို့ FACEBOOK စဉ်းစားခဲ့

Facebook Founder
Written by iT Guider

တစ်နှစ်ကို အနည်းဆုံး ဒေါ်လာ ၂ သိန်းခွဲတောင်းဖို့ ကြံခဲ့တာပါ။

                သိမ်းဆည်းခံထားရတဲ့ ကုမ္ပဏီတွင်း စာရွက်စာတမ်းတွေအရ Facebook ဟာ လူမှုကွန်ရက် သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ယူသုံးတဲ့ ကုမ္ပဏီတွေဆီကနေ ပိုက်ဆံကောက်ဖို့စဉ်းစားခဲ့တယ်လို့ဆိုပါတယ်။

Photo: Ars Technica

Photo: Ars Technica

                Wall Street Journal ဟာ Facebook ရဲ့ ၂ဝ၁၂ နဲ့၂ဝ၁၄ အကြား အီးမေးလ်တွေကနေ ဒီသတင်းကို ဖော်ပြခဲ့တာပါ။ ၂ဝ၁၂ ခုနှစ်က Facebook ဟာ အများပိုင် ရှယ်ယာဖွင့်ပြီး ဝင်ငွေ တက်အောင် လုပ်နေချိန်မှာ ကုမ္ပဏီရဲ့ users တွေဆီကနေ အချက်အလက်ရယူတဲ့ ကုမ္ပဏီတွေကို တစ်နှစ်ကို အနည်းဆုံး ဒေါ်လာ ၂ သိန်းခွဲ ကောက်ခံဖို့စဉ်းစားခဲ့တယ်လို့ဆိုပါတယ်။

                တရားရုံးဆီရောက်လာတဲ့ အီးမေးလ်မူရင်း အထောက်အထား စာရွက်တွေအရ Facebook ဝန်ထမ်းတွေကလည်း ကြော်ငြာရှင်တွေကို ငွေပိုသုံးဖို့တိုက်တွန်းခဲ့ပြီး အပြန်အလှန်အနေနဲ့ သုံးစွဲသူ အချက်အလက်တွေကို ပိုပြီး Access လုပ်ခွင့်ပေးခဲ့တယ်လို့ Wall Street Journal မှာ ဖော်ပြထားပါတယ်။ Facebook ကတော့ အချက်အလက်ကို ရောင်းချခြင်း မပြုဆိုတဲ့ မူနဲ့ရပ်တည်နေတာလို့တုန့်ပြန်ထားပါတယ်။

                ပြီးခဲ့တဲ့ ဧပြီလထဲက ကွန်ဂရက်မှာ Cambridge Analytica ပြဿနာနဲ့ အစစ်ဆေးခံခဲ့စဉ်က မတ်ခ်ဇူကာဘတ်ခ်မှ “ဒီထက်ရှင်းတာတော့ မရှိပါဘူး။ ကျွန်တော်တို့အချက်အလက် ရောင်းမစားပါဘူး။ ဒါမျိုးနဲ့ကြော်ငြာမရှာပါဘူး” လို့ဖြေကြားခဲ့ပါတယ်။

Photo: Android Central

Photo: Android Central

                Wall Street Journal က ဖော်ပြခဲ့တဲ့ အီးမေးလ်တွေက အရင့်အရင် နှစ်တွေက အီးမေးလ်ဖြစ်ပြီး နောက်ဆုံးမှာ ကုမ္ပဏီအနေနဲ့အချက်အလက် ဒေတာတွေ Access ပေးဖို့အတွက် ပိုက်ဆံမကောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်လို့ဆိုပါတယ်။ ဒီအထောက်အထားတွေကလည်း အခြေအမြစ်မရှိဘဲ တလွဲမြင်အောင် တင်ပြတဲ့ စာရွက်စာတမ်းတွေ ဖြစ်တယ်လို့လည်း ကုမ္ပဏီက ပြောပါတယ်။

                ယူကေအစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့ အပတ်ကပဲ Facebook ရဲ့ ကုမ္ပဏီအတွင်း ပေးပို့တဲ့ အီးမေးလ် အထောက်အထားတွေကို သိမ်းဆည်းထားပြီး လာမယ့်အပတ်ထဲမှာ ဒီစာရွက်စာတမ်းတွေကို တရားဝင်ထုတ်ပြန်ဖို့ရှိပါတယ်။

Originally published at : http://www.duwun.com.mm/tech/tech_news/facebook-id9152447.html

About the author

iT Guider

Success is the far side of failure.

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.