အိန္ဒိယစကားတစ်လုံး ရိုက်ရုံနဲ့ iPhone တစ်လုံးလုံး ပျက်သွားနိုင်တဲ့အဖြစ် ကြုံနေ
International News News Tech

အိန္ဒိယစကားလုံးလေးတစ်လုံး ရိုက်ရုံနဲ့ iPhone တစ်လုံးလုံး ပျက်သွားနိုင်တဲ့အဖြစ် ကြုံနေ

Written by iT Guider

The Bug of iOS 11

iOS 11 မှာ ပါလာတဲ့ ဒီ Bug ကို Mobile World ဆိုတဲ့ အီတလီဘလော့ဂ်တစ်ခုက စတင်တွေ့ ရှိထားတာပါ။ ဒီဘလော့ဂ်ရဲ့ အဆိုအရ Telugu ဘာသာစကားပါ စကားလုံးတစ်လုံးကို iPhone ၊ iPad နဲ့ Apple Watch စတဲ့ iOS ထုတ်ကုန်တွေမှာ စာရိုက်လိုက်မယ်ဆိုရင် အဲဒီထုတ်ကုန်ကို ကောင်းကောင်း အလုပ်မလုပ်နိုင်အောင် ဖျက်စီးသွားပြီး ဆက်တိုက် Reboot ချနေတာမျိုးအထိ ကြုံနိုင်တယ်လို့ ဆိုပါတယ်။

နောက်တစ်ခုက WhatsApp ၊ Twitter နဲ့ Facebook Messenger တို့ လို လူမှုကွန်ရက်မှာ ချက်တင်ထိုင်ရင်း ဒီစကားလုံးကို Typing ရိုက်မိပြီဆိုရင် အဲဒီ အက်ပလီကေးရှင်းပါ ရပ်သွားပြီး နောက်တစ်ကြိမ် ပြန်ဖွင့်ဖို့ လုပ်တိုင်း ပိတ်ပိတ်သွားမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက ဒီ Bug ဟာ Gmail တို့ Outlook တို့ ကို iOS ကနေ သုံးရင်လည်း ဒါမျိုး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ တစ်ခုရှိတာက Skype တို့ Telegram တို့ မှာတော့ ဘာပြဿနာမှ မရှိဘူးလို့ လည်း ဘလော့ဂ်မှာ ဖြော်ပထားပါတယ်။

Windows 10 License

iOS 11 Bug ရဲ့ အဓိကပြဿနာက ဒီစာလုံးကို ရိုက်လိုက်တာနဲ့ iOS စနစ်တစ်ခုလုံးကို လေးသွားတာ တို့ Restart ပြန်တင်တာတို့ ဖြစ်လာတာပါပဲ။ ဒီ Bug ဝင်ပြီဆိုရင် iOS မှာ ပါတဲ့ Home Screen ကို သွား Run တဲ့ Rpringboard System App ပါ ထိခိုက်သွားတာပါ။ ဒီနည်းနဲ့ စက်စာ ဆက်တိုက်ဆိုသလို Restart ချဖို့ တောင်းတဲ့ Bootloop ပြဿနာ ဖြစ်လာပါတယ်။

ယခု Bug ဟာ iOS ပလက်ဖောင်းတွေ ဖြစ်တဲ့ watchOS ၊ macOS တွေရဲ့ apps တွေ ဖြစ်တဲ့ Notes ၊ Safari နဲ့ App Store တွေပါ တိုက်ခိုက်နိုင်ပါတယ်။ ဒီပြဿနာကို Apple ကလည်း သိထားပြီး iOS 11.3 Beta version မှာတော့ ဒီပြဿနာ မကြုံတော့ဘူးလို့ ဆိုပါတယ်။ ဒီအတွက် iOS Update မှာဆို ဒီ Bug ကို ရှင်းနိုင်ဖို့ ရှိပါတယ်။

This content is distributed by : duwun.com.mm/tech

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.