HP Laptop Model ၅ဝဝ နီးပါးမှာ စာရိုက်သမျှ အကုန်မှတ်နိုင်တဲ့ bug တစ်ခု ပါဝင်လာ
International News News Tech

HP Laptop Model ၅ဝဝ နီးပါးမှာ စာရိုက်သမျှ အကုန်မှတ်နိုင်တဲ့ bug တစ်ခု ပါဝင်လာ

Written by iT Guider

သုံးစွဲသူတွေရဲ့ အချက်အလက်ကို ဘာမှ ရယူထားခြင်း မရှိဘူးလို့ ဆိုပါတယ်။ သုံးစွဲသူ လုံခြုံရေးအတွက် စိုးရိမ်စရာ keylogger bug တစ်ခုကို HP ထုတ် လက်ပ်တော့မော်ဒယ် ၅၀၀ နီးပါးမှာ အိုင်တီလုံခြုံရေးသုတေသီပညာရှင်တစ်ဦးမှ တွေ့ ရှိခဲ့ပါတယ်။

သုတေသီ မိုက်ကယ်မင်ဟာ HP လက်ပ်တော့မော်ဒယ်ပေါင်း ၄၆၀ ထဲကနေ ဒီ bug ကို တွေ့ ရှိခဲ့တာ ဖြစ်ပြီး ဒီထဲမှာ Pavilion ၊ EliteBook နဲ့ ProBook တို့ ကို HP မော်ဒယ်တွေလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ယခု bug ဟာ ကီးဘုတ်နဲ့ touchpad အကြား အသွင်း input စနစ်ကို ထိန်းချုပ်ထားတဲ့ Synaptics ဆော့ဖ်ဝဲလ်ထဲမှာ ပါရှိတာ ဖြစ်ပြီး စာရိုက်သမျှကို မှတ်သားနိုင်တာဖြစ်လို့ keylogger လို့ နာမည်ပေးထားတာပါ။

keylogger ဟာ ဟက်ကာတစ်ယောက်ရဲ့ လက်ထဲမှာ အန္တရာယ်ကြီးတဲ့ လက်နက်တစ်ခု ဖြစ်ပြီး အရေးကြီးတဲ့ စကားဝှက်နဲ့ အချက်အလက်များကို ထိုးဖောက်ဝင်နိုင်ဖို့  သော့တစ်ချောင်းလည်း ဖြစ်ပါတယ်။ တစ်ခုရှိတာက HP လက်ပ်တော့ တွေမှာပါတဲ့ Synaptics ဆော့ဖ်ဝဲလ်ဟာ ဒီ keylogger ကို တစ်ခါတည်း disable လုပ်ထားတာ ဖြစ်လို့ ဟက်ကာအနေနဲ့ လက်ပ်တော့ရမှပဲ အတွင်းကို ဝင်နိုင်မှာ ဖြစ်ပါတယ်။ဒါနဲ့ ပတ်သတ်ပြီး HP ကလည်း သူ့ ရဲ့ support page မှာ Synaptics ရော HP ပါ သုံးစွဲသူတွေရဲ့ အချက်အလက်ကို ဘာမှ ရယူထားခြင်း မရှိဘူးလို့ ပြောထားပါတယ်။

HP ဟာ ယခုပြဿနာကို ဖြေရှင်းဖို့ အတွက် ဆော့ဖ်ဝဲလ် patch update တင်ပေးထားပါတယ်။ ဒီ patch ကို Windows Update သစ်တွေမှာလည်း ရနိုင်မှာ ဖြစ်ပါတယ်။

Via : DUWUN

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.