Apple က ဈေးသက်သာတဲ့ MacBook Air ကို ဒီနှစ်မှာ ရောင်းနိုင် - iT Guider
News Tech

Apple က ဈေးသက်သာတဲ့ MacBook Air ကို ဒီနှစ်မှာ ရောင်းနိုင်

Mac Book Air
Written by iT Guider

MacBook Air’s Plan for this year.

Apple ဟာ ပြီးခဲ့တဲ့ နှစ်များအတွင်းမှာ အလွန်ပါးလွှာတဲ့ MacBook Air များကို ထုတ်လုပ်ရောင်းချပေးခဲ့ပါတယ်။ အဲဒီ MacBook Air များဟာ အလွန် စွဲဆောင်မှု ရှိပေမယ့် ဈေးနှုန်း အလွန် ကြီးမြင့်ပါတယ်။ အခုတော့ Apple အရေး ကျွမ်းကျင်တဲ့ KGI Securities မှ ခွဲခြမ်းစိတ်ဖြာသူများက Apple ဟာ ၂၀၁၈ ခုနှစ် ဒုတိယ ကွာတားမှာ တန်ဖိုးသက်သာတဲ့ MacBook Air Model များကို ရောင်းချဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ အဲဒီအတွက် လာမယ့် လအနည်းငယ်အတွင်းမှာ သူတို့ကို တွေ့မြင်ရဖွယ်ရှိနေပါတယ်။

Windows 10 License

၁၀၀ % စိတ်ချယုံကြည်စွာ ၀ယ်ယူနိုင်ပါတယ်

KGI Securities မှ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က Apple ဟာ ယခုနှစ်မှာ တန်ဖိုးနည်းပါးတဲ့ ၁၃ လက်မ အရွယ်အစား MacBook Air ကို ထုတ်လုပ်ရောင်းချမယ်လို့ ထင်ရပြီး အဲဒီ တန်ဖိုးနည်းမော်ဒယ်ဟာ ကုမ္ပဏီရဲ့ လက်တော့ ရောင်းအားကို အလွန် တိုးတက်စေမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ ဒီနှစ်မှာ ကုမ္ပဏီရဲ့ လက်တော့ ရောင်းအားဟာ ၁၀ ကနေ ၁၅ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ပါတယ်။ သူက Apple ဟာ AirPods အသစ်များကိုပါ မိတ်ဆက်မယ်လို့ ပြောပါတယ်။

MacBook Air အသစ်များရဲ့ သတင်းအချက်အလက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ကုမ္ပဏီက လက်ရှိမှာ ၁၃ လက်မ MacBook Air ကို ၉၉၉ ဒေါ်လာဖြင့် ရောင်းချပေးနေပါတယ်။ သူဟာ ကောလိပ်ကျောင်းသားများအကြားမှာ ရေပန်းစားပါတယ်။

ယခုနှစ်မှာ မိတ်ဆက်မယ့် iPhones များထဲမှာ ကုမ္ပဏီဟာ တန်ဖိုးနည်း ၆.၁ လက်မမော်ဒယ်ကို အထူး အာရုံစိုက်ထားမယ်လို့ Kuo က ယခင်က ဟောကိန်းထုတ်ထားခဲ့ဖူးပါတယ်။ အိုင်ဖုန်း အစိတ်အပိုင်းများ ပံ့ပိုးပေးတဲ့ Unimicron , Wistron , Pegatron တို့အတွက် ဒီနှစ်ဟာ ရောင်းအား ကောင်းမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

Ref : theverge
This contents is contributed by : digitaltimes.com.mm

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.