Apple ရဲ့ မောင်းသူမဲ့ကားနည်းပညာ အဆင့်မြင့်သထက် မြင့်လာပြီ - iT Guider
Tech

Apple ရဲ့ မောင်းသူမဲ့ကားနည်းပညာ အဆင့်မြင့်သထက် မြင့်လာပြီ

Written by iT Guider

ယာဉ်ကြောတစ်လျှောက်လုံးမှာ ပတ်ဝန်းကျင်ကို လေ့လာသိရှိနိုင်မှာပါ။ ကယ်လီဖိုးနီးယားပြည်နယ်မှာ မောင်းသူမဲ့ကားစမ်းသပ်ဖို့ ပါမစ်ရထားတဲ့ Apple ဟာ ဒီနည်းပညာအတွက် AI ဥာဏ်ရည်တုစနစ်ပိုင်းမှာ တိုးတက်မှုအတော်လေး ရထားတယ်လို့ ဆိုပါတယ်။

လာမယ့် သုံးနှစ်အတွင်း အကြီးဆုံးသယ်ယူပို့ ဆောင်ရေးအပြောင်းအလဲကို ယူဆောင်လာမယ့် မောင်းသူမဲ့ကား နည်းပညာပိုင်းအတွက် Apple ဟာ အရင် နှစ်အတော်ကြာကတည်းက လူမသိသူမသိနဲ့ စမ်းသပ်တီထွင်မှုတွေ လုပ်ခဲ့တာပါ။ Apple ဟာ မောင်းသူမဲ့ကားများ ထုတ်လုပ်ဖို့ ထက် ဒီကားမှာ သုံးမယ့် AI ဆော့ဖ်ဝဲလ်တစ်မျိုးကို ထုတ်လုပ်နေတာ ဖြစ်ပြီး အခုတော့ မောင်းသူမဲ့ကား AI နည်းပညာပိုင်းအကြောင်းကို ကမ္ဘာ့ AI ကျွမ်းကျင်ပညာရှင်ပေါင်း ၂၀၀ နီးပါးကို ဖိတ်ကြား ရှင်းလင်းပြသခဲ့တယ်လို့ ဆိုပါတယ်။

Apple ရဲ့ AI သုတေသနညွှန်ကြားရေးမှူး ရပ်ဆ်လန် ဆာလခ်ဟက်ဒင်နော့ဗ်မှ ဦးဆောင်ပြသခဲ့တဲ့ Apple မောင်းသူမဲ့ကားနည်းပညာများအကြောင်း မိတ်ဆက်မှာ Apple ဟာ ယာဉ်အန္တရာယ်ဖြစ်နိုင်တဲ့ အနေအထားမှာတောင် အသေတပ်ဆင်ထားတဲ့ ကင်မရာကနေ အရာဝတ္ထုတွေကို သတ်မှတ်ခွဲခြားနိုင်တယ်လို့ ဆိုပါတယ်။ အဆင့်မြှင့်ထားတဲ့ ကင်မရာစနစ်ပိုင်းမှာတော့ ကင်မရာမှန်ဘီလူးကို ရေစိုနေရင်တောင်မှ ကားသွားရာ လမ်းကြောင်းပေါ်က တွေ့ ရတဲ့ အရာဝတ္ထုတွေကို သိနိုင်မယ်လို့ ဆိုပါတယ်။

မောင်းသူမဲ့ကားနည်းပညာပိုင်းမှာ နောက်ထပ် အဆင့်မြှင်တင်ထားတဲ့အပိုင်းကတော့ လမ်းသွားလမ်းလာတစ်ဦးရဲ့ တည်နေရာကို ပါကင်ထဲ ကားထိုးထားတဲ့အချိန်မှာတောင် လှမ်းပြီး ခန့် မှန်းနိုင်တဲ့စနစ် ပါလာမှာပါ။ တည်နေရာစနစ်နဲ့ ပတ်သတ်ပြီး ကားမှာပါတဲ့ အာရုံခံ sensors များ အရေးပေါ်အခြေအနေအတွက် ဆုံးဖြတ်ချက်ချပေးတဲ့ နည်းပညာများ သုံးပြီး 3D မြေပုံကို အသေးစိတ်ဖန်တီးရေးဆွဲနိုင် လမ်းပြနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းပညာကိုတော့ SLAM လို့ ခေါ်ပြီး အဆောက်အဦမြေနေရာကို မြေပုံဆွဲရာမှာ သုံးတဲ့ နည်းပညာဖြစ်သလို AR ကွန်ပျူတာပုံဖော်နည်းပညာလို့ လည်း အပြင်မှာ လူသိများပါတယ်။

ဆာလခ်ဟက်ဒင်နော့ဗ်အနေနဲ့ ဒီနည်းပညာကို ဘယ်တော့ တရားဝင်ချပြသွားမလဲ မပြောသွားပါဘူး။ နောက်တစ်ခု မေးခွန်းထုတ်စရာကတော့ Apple ဟာ မောင်းသူမဲ့နည်းပညာအောင်မြင်သွားတာနဲ့ ကိုယ်ပိုင် မောင်းသူမဲ့ကားများ ထုတ်သွားမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Via : DUWUN

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.