နောက်လမှာထွက်တော့မယ့် OnePlus 6T အကြောင်းသိရသမျှ - iT Guider
Mobile Tech

နောက်လမှာထွက်တော့မယ့် OnePlus 6T အကြောင်းသိရသမျှ

OnePlus 6T
Written by iT Guider

                OnePlus 6 တွေထွက်ထားတာ လပိုင်းပဲရှိသေးပေမယ့် ထုံးစံအတိုင်း သူ့ရဲ့နောက်ဆက်တွဲ OnePlus 6T တွေကို ဒီနှစ်အတွင်းမှာပဲ မြင်ရဦးမှာပါ။ ခုချိန်ထိထွက်သမျှ ကောလဟလတွေထဲမှာ OnePlus ကိုယ်တိုင် အတည်ပြုထားတာတွေလည်းပါသလို ဟိုဟိုဒီဒီကနေ ဖြစ်နိုင်ချေရှိတာတွေကို ခန့်မှန်းပြောတာတွေလည်း သိထားကြမှာပါ။ အခု လာမယ့် အောက်တိုဘာမှာ မြင်ရတော့မယ့် OnePlus 6T နဲ့ပတ်သတ်ပြီး ဖြစ်နိုင်ချေရှိတာလေးတွေအားလုံးကို စုဆောင်းပြီး ဒီမှာစုစည်းဖော်ပြပေးလိုက်ပါတယ်။

OnePlus 6T

Design

                ဒီဇိုင်းနဲ့ပတ်သတ်ပြီးတော့ကတော့ ထွက်ထားတဲ့သတင်းတွေအတိုင်းဆို OnePlus 6 တုန်းကလို Notch မဟုတ်တော့ဘဲ Oppo R17 လိုမျိုး ထိပ်ဖက်မှာ Waterdrop Notch သေးသေးလေးပါမှာပါ။

                Notch ထဲမှာတော့ Selfie ကင်မရာနဲ့ နောက်ဘက်မှာတော့ Dual-Camera ပဲဆက်သုံးမယ့်ပုံပါ။ ဒီအချိန်မှာ တစ်ချို့ဝဘ်ဆိုဒ်တွေကနေ နောက်ကင်မရာ၃လုံးလို့ သတင်းသဲ့သဲ့ကြားနေရပေမယ့် Dual-Camera ပဲဖြစ်ဖို့များပါတယ်။

OnePlus 6T

                OnePlus 6 မှာတုန်းက ကျောဘက် Dual-Camera ရဲ့အောက်ကပ်ရပ်မှာ Fingerprint Sensor ထားခဲ့ပေမယ့် OnePlus6T မှာတော့ Fingerprint Sensor ကို မပါတော့ပါဘူး။ ဒါကတော့ ကောလဟလသတင်းတွေအတိုင်းရော OnePlus ကိုယ်တိုင်ကပါ In-Display Fingerprint Sensor ကိုသုံးမယ်လို့ အတည်ပြုပြီးတဲ့အတွက် သေချာပြီးသားပါ။

                နောက်တစ်ခုပြုတ်သွားမှာက နားကြပ်ပေါက်ပါပဲ။ ဒီတစ်ခေါက် OnePlus 6T က OnePlus ထဲမှာ 3.5mm နားကြပ်ပေါက်ဖြုတ်မယ့် ပထမဆုံးဖုန်းတစ်လုံးဖြစ်လာမှာပါ။

Specifications

                ဘာမှတော့ အသေးစိတ်မသိရပေမယ့်လည်း ဒီတစ်ခေါက်လည်း Qualcomm ရဲ့ Snapdragon 845 ကိုပဲဆက်သုံးရဦးမှာပါပဲ။ Storage အတွက်ကတော့ အနည်းဆုံး RAM 6GB ROM 64GB ကနေ စလာဖို့များပါတယ်။

OnePlus 6T

                ပြောရရင် OnePlus ဖုန်းတွေဆိုတာက ဖုန်းတိုင်းရဲ့ အကောင်းဆုံးအဆန်းသစ်ဆုံးနည်းပညာတွေကို ဈေးတန်တန်နဲ့ရတယ်ဆိုတဲ့အတိုင်း ဒီတစ်ခေါက်မှာလည်း နောက်ဆုံးထွက်နည်းပညာတွေကို တစ်စုတစ်စည်းတည်းတွေ့ရဦးမှာ သေချာပါတယ်။

                သူ့ရဲ့ Display ကတော့ 6.41 inch OLED Display ကိုမှ ထိပ်ဖက်က waterdrop notch ဖြစ်သွားတော့ Screen-to-body ratio က 19.5: 9 လောက်ထိကိုရောက်သွားမှာပါ။

နောက်ဆုံးစိတ်ဝင်စားဖို့အကောင်းဆုံး၂ချက်

                ပထမဆုံးကထွက်မယ့်ရက်ပါ။ ဒါကတော့ ဟိုတလောကထွက်ထားတဲ့ Lock Screen ပုံလေးအတိုင်းသာဆို လာမယ့် အောက်တိုဘာ ၁၇ရက်နေ့ကျရင် OnePlus ကိုမြင်ရတော့မယ့်ပုံပါ။ မသေချာသေးရင်တော့ OnePlus အနေနဲ့EEC ဆီကနေ ခွင့်ပြုချက်ရပြီးပြီဆိုတာကို ထည့်စဉ်းစားလို့ရပါတယ်။

OnePlus 6T

                ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ ပစ္စည်းကိုမထွက်ခင် EEC ဆီကနေ အရင်ခွင့်ပြုချက်ယူရတာဖြစ်လို့ သေချာတာကတော့ နောက်လမှာ OnePlus 6T ကိုမြင်ရဖို့အခွင့်အရေးများနေပါပြီ။

                နောက်တစ်ခုက ဈေးနှုန်းပါ။ မှန်းထားသလောက်ကတော့ $550 ပတ်ချာလည်လောက်မှာပဲရှိမှာပါ။ ဒီသတင်းတွေကတော့ မနေ့ကထိ စုမိဆောင်းမိသိပြီးသလောက်တွေပါ။

OnePlus 6T

                နောက်ထပ်လည်း မိတ်ဆက်ဖို့နီးလာလေလေ သတင်းတွေထပ်ထပ်ပြီးထွက်လာဦးမှာဖြစ်လို့ စိတ်ဝင်တစားနဲ့စောင့်ကြည့်ဖို့ပဲ ကျန်ပါတော့တယ်။

From – AndroidAuthority, DigitalTrends
Originally Published at – http://mytechmyanmar.com/all-you-need-to-know-about-upcoming-oneplus-6t-smartphone

About the author

iT Guider

Success is the far side of failure.

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.