နောက်နှစ်ထွက် အန်းဒရိုက်ဖုန်းတွေမှာ 4K HDR ဗွီဒီယို ရိုက်ကူးနိုင်တော့မည်
Tech

နောက်နှစ်ထွက် အန်းဒရိုက်ဖုန်းတွေမှာ 4K HDR ဗွီဒီယို ရိုက်ကူးနိုင်တော့မည်

Written by iT Guider

R/VR နည်းပညာ အသုံးချမှုပိုင်းအတွက်ပါ ပံ့ပိုးပေးထားပါတယ်။ Qualcomm ရဲ့ နောက်ဆုံးထွက် Snapdragon 845 chipset သစ် မိတ်ဆက်ပြီးနောက် ၂၀၁၈ ခုနှစ်ထွက် အန်းဒရိုက်ဖုန်းသစ်တွေမှာ ကင်မရာပိုင်းဆိုင်ရာ ဆန်းသစ်မှုတွေ မြင်ရတော့မှာပါ။

Snapdragon 845 SoC ဟာ စမတ်ဖုန်းတစ်လုံးအတွက် processor တစ်ခုဆိုတာထက် ပိုပါတယ်။ အထူးသဖြင့် CPU ပိုင်း ၊ ဂရပ်ဖစ်ဆိုင်ရာ GPUစတာတွေအပြင် အင်တာနက်ချိတ်ဆက်မှုပိုင်းအတွက် နောက်ဆုံးထါက် gigabit LTE နဲ့ Wi-Fi Modem တွေကိုလည်း ပံ့ပိုးပေးနိုင်တော့မှာပါ။ ဒီထဲမှာ အသိသာဆုံး အပြောင်းအလဲအရ စမတ်ဖုန်းကင်မရာပိုင်းမှာ HDR ရုပ်ထွက်မြင့် 4K ဗွီဒီယိုတွေကိုပါ ရိုက်ကူးနိုင်တော့မှာဖြစ်လို့ ဒီ processor သုံးထားတဲ့ ဖုန်းတွေဟာ ကင်မရာပိုင်းမှာလည်း အဆင့်မြင့်လာတော့မှာ ဖြစ်ပါတယ်။

ရုပ်ငြိမ်ရိုက်ချက်တွေမှာလည်း Snapdragon 845 မှာပါတဲ့ Spectra 280 ISP ဟာ တစ်စက္ကန့် ဖရိမ် ၆၀ နှုန်းနဲ့ 16MP ဓါတ်ပုံတစ်ပုံအတွက် အလင်းအမှောင်ပိုင်းဆိုင်ရာ ကြည်လင်တောက်ပစေဖို့  မလိုအပ်တဲ့ အပိုင်းတွေကို လျှော့ပေးနိုင်မှာပါ။ နောက်တစ်ချက်ကလည်း အရောင်အသွေးကာလာနှုန်းထားကို ပိုပြီး စုံစုံလင်သုံးနိုင်စေမှာ ဖြစ်သလို အရိပ်ကျတဲ့ ပုံစံကိုလည်း အရင်ကထက် အဆပေါင်းများစွာ ပိုပြီး များပြားစုံလင်လာတော့မှာ ဖြစ်ပါတယ်။ ဒီအချက်ဟာ အန်းဒရိုက်ဖုန်း ကင်မရာပိုင်းကို တစ်ဆင့်ခုန်ဖို့ အခွင့်အလမ်းသစ်လည်း ဖြစ်ပါတယ်။

Snapdragon 845 SoC မှာ နောက်ထပ် အဆင့်မြင့်တင်ထားတဲ့ အပိုင်းတွေကတော့ ဖုန်းတစ်လုံးရဲ့ performance ပိုင်း ၊ ဝိုင်ယာလက် ချိတ်ဆက်မှုပိုင်းနဲ့ ဘက်ထရီစွမ်းအင် သုံးစွဲမှုပိုင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီမှာပါတဲ့ Adreno 630 GPU ဟာ ဘက်ထရီစွမ်းရည် ထိရောက်မှုပိုင်းနဲ့ ဂရပ်ဖစ်စွမ်းရည်ပိုင်းမှာ အရင်ကထက် ၃၀% ပိုကောင်းလာသလို ဖုန်းသုံးရတာလည်း ၂ ဆခွဲကျော်ပိုသွက်လာမှာ ဖြစ်ပါတယ်။ ဒီ processor သစ်ဟာ AR / VR နည်းပညာ အသုံးချမှုပိုင်းအတွက်ပါ ပံ့ပိုးသွားမှာ ဖြစ်လို့ စိတ်လှုပ်ရှားစရာ ကောင်းနေပါတယ်။

Apple နဲ့ မူပိုင်ခွင့်တရားတဘောင် ရင်ဆိုင်နေရတဲ့ Qualcomm ရဲ့ ဒီထုတ်ကုန်သစ်ကို နောက်နှစ်ထွက် Samsung ၊ HTC ၊ LG နဲ့ Google တို့ ရဲ့ flagship ဖုန်းတွေမှာ သုံးသွားဖို့ ရှိနေပါတယ်။ တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi ကတော့ သူ့ ရဲ့ ၂၀၁၈ ထုတ် Mi 7 မှာ Snapdragon 845 chipset သုံးမယ်လို့ တရားဝင် ကြေငြာထားပြီး ဖြစ်ပါတယ်။

Via : Android Authority

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.