ဒေါ်လာ သန်း ၈၀ ကျော်တန် Hard drive ကို အမှိုက်ထဲ လွှင့်ပစ်မိခဲ့
International News News

အင်္ဂလန်နိုင်ငံသားတစ်ဦး ဒေါ်လာ သန်း ၈၀ ကျော်တန် Hard drive ကို အမှိုက်ထဲ လွှင့်ပစ်မိခဲ့

Written by iT Guider

အမှိုက်ပုံအောက် ၄ နှစ်လောက်ကြာအောင် ရောက်နေတာပါ။ ဒီနေ့ အချိန်မှာ တန်ဖိုးအမြင့်ဆုံးရောက်နေတဲ့ digital currency တစ်ခု ဖြစ်တဲ့ Bicoin စပေါ်ကတည်းက ရင်းနှီးမြှပ်နှံခဲ့ပြီး တကယ်လို့ သာ သူပိုင်သမျှကိုသာ အခုချိန် ပြန်ထုတ်ရောင်းမယ်ဆို အနည်းဆုံး ပေါင် ၇၄ သန်း (ဒေါ်လာ ၈၅ သန်းကျော်) တန်မယ့် အချက်အလက်များပါ Hard drive တစ်ခုကို အမှိုက်ထဲ ပစ်မိသူတစ်ဦး ရှိပါတယ်။

အင်္ဂလန်နိုင်ငံ ဝေးလ်စ်နယ်မှ နယူးပေါ့ရဲ့ တန်ချိန်ပေါင်းများစွာသော အမှိုက်တွင်းတစ်နေရာမှာ ဇာတ်သိမ်းသွားပြီ ဖြစ်တဲ့ ဒီ Drive ကို အိုင်တီဝန်ထမ်းတစ်ဦး ဖြစ်သူ ဂျိမ်းဟောင်းဝဲလ်စ်က ပိုင်ဆိုင်ခဲ့တာပါ ။ Bitcoin စတင်လာချိန်က ပထမဆုံး Bitcoin ဆွဲကြသူတွေထဲက တစ်ဦးအပါအဝင် ဖြစ်တဲ့ ဂျိမ်းဟောင်ဝဲလ်စ်ဟာ ၂၀၀၉ ဖေဖော်ဝါရီလထဲမှာ သူ့ ရဲ့ Dell laptop ထဲ ထည့်ပြီး Bitcoin တွေ ဆွဲခဲ့တာပါ။ ဒီလိုဆွဲဖို့ အတွက် Bicoin ကလည်း Open-source ဆော့ဖ်ဝဲလ်တစ်ခုအနေနဲ့ ဖြန့် ချိလိုက်ချိန် ဖြစ်ပြီး ဟောင်းဝဲလ်စ်ဟာ ရှုပ်ထွေးတဲ့ အယ်လ်ဂိုရစ်သမ်တွေကို ရှင်းရင်း တစ်ခုချင်း စုခဲ့တာပါ။

သူ့ စိတ်ကူးကတော့ Bitcoin ခေတ်ကောင်းချိန်မှာ ပြန်ရောင်းဖို့ ဖြစ်ပါတယ်။ ဒီလိုနဲ့ သူဟာ Bitcoin ပေါင်း ၇၅၀၀ အထိ စုနိုင်ခဲ့ပြီးနောက် သူ့ ရဲ့ ကွန်ပျူတာ hard drive မှာ ပိုက်ဆံအိတ်တစ်ခုအဖြစ် Wallet file တစ်ခု ဖွင့်သိမ်းခဲ့တာပါ။ ဒီနောက် သူဟာ ကိုယ်ပိုင် Bitcoin key တွေပါတဲ့ ဒီ drive ကို သုံးနှစ်ကြာအောင် အံဆွဲတစ်ခုမှာ ထည့်ထားမိပြီး ၂၀၁၃ ခုနှစ် တစ်နေ့ မှာ မတော်တဆအမှိုက်ပုံးထဲ ရောက်သွားပြီး ပြန်ရှာမတွေ့ တော့ဘူးလို့ ဆိုပါတယ်။ အခုချိန်မှာ Bitcoin ဟာ တစ်ခုကို ဒေါ်လာ ၁၁၅၀၀ ဝန်းကျင်အထိ ပေါက်နေတာ ဖြစ်လို့ သူ့ ရဲ့ ဆုံးရှုံးမှုကို စာနာကြည့်လို့ ရမှာ ဖြစ်ပါတယ်။

တစ်ခါက Facebook တည်ထောင်တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ဇူကာဘတ်ခ်နဲ့ အမှုအခင်းဖြစ်ခဲ့တဲ့ အမွှာညီနောင်နှစ်ဦးဟာ အမှုနိုင်တဲ့ ငွေနဲ့ Bitcoin ဝယ်စုရင်း အခုဆို ဘီလျံနာဖြစ်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဟောင်းဝဲလ်စ်လိုပဲ Bitcoin ပေါင်း ၁၄၀၀ ပါတဲ့ hard drive တစ်လုံးကို Gizmodo Austrilia မှ အယ်ဒီတာတစ်ဦးဖြစ်တဲ့ ကမ်းဘဲလ်ဆမ်ဆန်လည်း လွှင့်ပစ်မိဖူးတယ်လို့ ဆိုပါတယ်။ Bitcoin ပေါ်ခါက ၂၀၁၀ ခုနှစ်မှာ နည်းပညာသမားတစ်ချို့ က Bitcoin အခု ၁၀၀၀၀ ဟာ ပီဇာနှစ်ခုစာပဲ တန်မယ်လို့ ခါးခါးသီးသီး ပြောခဲ့ဖူးပေမယ့် အခုချိန် အဲသလောက် Bitcoin ပမာဏရှိမယ်ဆိုရင်တော့ ဒေါ်လာ သန်း ၁၀၀ ကျော် ချမ်းသာသူ ဖြစ်တော့မှာပါ။

Via : DUWUN

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.