ဒေါ်လာခြောက်သိန်းတန် PUBG Mobile ပြိုင်ပွဲ | iT Guider
International News News

Samsung နဲ့ လက်တွဲပြီး ကျင်းပမယ့် ဒေါ်လာခြောက်သိန်းတန် PUBG Mobile ပြိုင်ပွဲ

PUBG GAME
Written by iT Guider

                အနောက်နိုင်ငံတွေမှာ PUBG Mobile ကို ဒေါင်းလုပ်ဆွဲယူမှုကြိမ်ရေ သန်းတစ်ရာပြည့်ခဲ့တဲ့နောက် ပြီးခဲ့တဲ့ သြဂုတ်လမှာ ပထမဆုံး တရားဝင် PUBG Mobile ပြိုင်ပွဲဖြစ်တဲ့ Player Well Known ကိုကျင်းပခဲ့ပါတယ်။ အခု ဒီပြိုင်ပွဲပြီးလို့ တစ်လကျော်သာ ကြာသေးတဲ့အချိန်မှာပဲ PUBG Mobile က နောက်ထပ် Global အဆင့် ပြိုင်ပွဲ တစ်ခုကို ထပ်မံကြေငြာလိုက်ပြီး Live Stream လွှင့်သူတွေကြားထဲကို ထပ်မံ ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားလာပါတယ်။

                PUBG Mobile Star Challenge လို့ အမည်ပေးထားတဲ့ ပြိုင်ပွဲမှာ မြောက်အမေရိက၊ တောင်အမေရိက၊ ဥရောပ၊ ကိုရီးယားနဲ့ ဂျပန်၊ တရုတ်နဲ့ ကျန်တဲ့ အာရှနိုင်ငံတွေ ဆိုပြီး ဇုန်ခြောက်ခု ခွဲခြားကာ ပါဝင်ယှဉ်ပြိုင်စေမှာ ဖြစ်ပြီး သြဂုတ်လက ကျင်းပခဲ့တဲ့ PWK ပွဲမှာလိုပဲ ပါဝင်ချင်တဲ့သူတွေဟာ သူတို့ရဲ့ ဆိုရှယ်အကောင့်တွေနဲ့ Stream အကောင့်က Follower စုစုပေါင်း တစ်ထောင်ကျော်ဖို့သာ လိုအပ်ပါတယ်။ ဒါဟာ Live Stream စတား တွေကို အဓိက ပစ်မှတ်ထားတဲ့ ပြိုင်ပွဲဖြစ်လို့ ဒီလိုသတ်မှတ်ထားတာပါ။

PUBG GAME

                ဒီပြိုင်ပွဲမှာ အနိုင်ရမယ့်သူတွေအတွက် ဆုကြေးငွေအပြင် PUBG ကိုယ်တိုင် သူ့ရဲ့ဂိမ်းကို ပုံမှန်ပရိုမိုးရှင်း လုပ်ပေးဖို့ တရားဝင်စာချုပ်တွေ ချုပ်ဆိုသွားဖို့ ရှိတဲ့အတွက် နာမည်မကြီးသေးတဲ့ Streamer တွေအတွက်လည်း အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်။

                ဆုကြေးငွေအနေနဲ့ကလည်း စုစုပေါင်းဒေါ်လာ ခြောက်သိန်းထိ ပေးသွားမှာဖြစ်ပြီး အဓိက စပွန်ဆာက ဆမ်ဆောင်းရဲ့ Galaxy Note 9 ဖြစ်တယ်လို့ ဆိုပါတယ်။ ပါတနာတွေအဖြစ် ပေါင်းစည်းတဲ့ အထိမ်းအမှတ် အနေနဲ့ ဂိမ်းကုမ္ပဏီ Tencent ကလည်း သူတို့ရဲ့ PUBG Mobile ဟာ Samsung Galaxy App တွေထဲမှာ ရနေပြီ ဖြစ်ကြောင်း ကြေငြာပေးခဲ့ပြီးပါပြီ။

PUBG GAME

                ဒေသအလိုက် ဆီမီးဖိုင်နယ်ပွဲစဉ်တွေကတော့ ဆော့နေပြီဖြစ်ပြီး စိတ်ဝင်စားရင် PUBG Mobile ရဲ့ တရားဝင် Youtube ချန်နယ်မှာ သွားကြည့်ရှုနိုင်ပါတယ်။ ဒေသအလိုက် ဖိုင်နယ်ပွဲတွေအနက် ပထမဆုံးဖိုင်နယ် ပွဲစဉ်ကိုတော့ ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့မှာ လာမယ့် စက်တင်ဘာ ၂၉ နဲ့ ၃ဝ ရက်တွေမှာ ကျင်းပသွားမှာဖြစ်ပြီး ဥရောပရဲ့ အကောင်းဆုံး PUBG အသင်းတွေက ဆုငွေဒေါ်လာနှစ်သောင်းနဲ့ ကမ္ဘာ့အဆင့်ပြိုင်ပွဲမှာ ပါဝင်ခွင့် တစ်နေရာအတွက် ယှဉ်ပြိုင်သွားကြမှာပါ။

PUBG GAME

                ကမ္ဘာ့အဆင့် ပြိုင်ပွဲကိုတော့ နှစ်ကုန်ကျမှ ဒူဘိုင်းမှာ ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။ ဒေသခြောက်ခုကနေ တက်လာမယ့် အသင်း ၁၃ သင်းဟာ တိုက်ရိုက်ဖိတ်ခေါ်ထားတဲ့ ခုနစ်သင်းနဲ့အတူ ပထမဆု ဒေါ်လာနှစ်သိန်းကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူကြိုက်များစေဖို့ ရည်ရွယ်ပြီး လုပ်တဲ့ပွဲဖြစ်တဲ့အလျှောက် ဒေသတစ်ခုချင်းစီအလိုက် လူကြိုက်အများဆုံး အသင်းတွေကိုလည်း သီးသန့်ဆုတွေ ပေးသွားဦးမှာဖြစ်တယ်လို့ သိရပါတယ်။

Ref : Android Authority
Sources from : http://mytechmyanmar.com/samsung-sponsor-pubg-mobile-tournament/

About the author

iT Guider

Success is the far side of failure.

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.