သင့် ဖုန်း ဘက်ထ္ထရီ အားကုန်တာ မြန်နေပြီဆိုရင်...? - iT Guider
News Tech

သင့် ဖုန်း ဘက်ထ္ထရီ အားကုန်တာ မြန်နေပြီဆိုရင်…?

When your battery is Low
Written by iT Guider

ဖုန်းအားကို လုံးဝအကုန် ကုန်မှသွင်းခြင်းထက် အမြဲ 10% လောက်ချန်ပြီးမှ သဿွင်းပါ။ လုံးဝအကုန် ကုန်အောင်မကြာခဏ သုံးခြင်းဟာ BATTERY LIFE ကို

(၁) မသုံးဖြစ်တော့တဲ့ applications တေဿွ ဖြုတ်ပစ်လိုက်ပါ

ခဏအသုံးလိုတုန်း Install လုပ်ထားပြီး နောက်ပိုင်း လုံးဝမသုံးဖြစ်တော့တာ သေချာရင် Uninstall လုပ်တာဟာ Storage လည်း အလွတ်ရသလို အားကုန်တာကိုလည်း နှေးစေပါတယ်။

Social Applicatons

Social Applicatons

(၂) မသုံးဖြစ်တဲ့ service တေဿွကို ပိတ်ထားပါ

GPS, Bluetooth, Wi-Fi, Hotspot စတဲ့ Service တွေဟာ ဖုန်းအား အလွန်ကုန်စေပါတယ်။ ထို့ကြောင့် လိုအပ်မှသာ ဖွင့်ထားခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။

(၃) Brightness ကို Auto မထားပဲ ကိုယ္လိုအပ္သလို ခ်ိန္ညဿိွသံုးပါ

Brightness ကို Auto ထားလိုက်ခြင်းအားဖြင့် ဖုန်း Sensor တွေကို ဖွင့်ထားမှာဖြစ်ပြီး အားပိုကုန်စေပါတယ်။ Brightness ချိန်ရတာ အရမ်းလည်းမရှုပ်လို့ ကိုယ်တိုင်ချိန်သုံးတာ အကောင်းဆုံးပါ။

Windows 10 License

၁၀၀ % စိတ်ချယုံကြည်စွာ ၀ယ်ယူနိုင်ပါတယ်

(၄) ဖုန်းအားပုံမှန်သွင်းပါ

ဖုန်းအားကို လုံးဝအကုန် ကုန်မှသွင်းခြင်းထက် အမြဲ 10% လောက်ချန်ပြီးမှ သဿွင်းပါ။ လုံးဝအကုန် ကုန်အောင်မကြာခဏ သုံးခြင်းဟာ Battery Life ကို တိုစေပါတယ်။ ဒါကြောင့် တစ်ခါ သုံးပြီးတိုင်း ဖုန်းအား 70% ခန့် ရောက်အောက် ပြန်သဿွင်းပေး သင့်ပါတယ်။

Your condition...

Your condition…

(၅) ဖုန်းအပူချိန်ကို ပုံမှန်ဖြစ်အောင်ထားပါ

ဖုန်းအကြာကြီးသုံးလို့ ဖုန်းအရမ်းပူလာရင် ဖုန်းအမြန်အေးဖို့ Freezer တွေထဲထည့်တာဟာ ဖုန်း Battery ကို ပျက်စီးစေပါတယ်။ ပုံမှန်တိုင်း အနားပေးလိုက်တာ အကောင်းဆုံးပါ။

(၆) Live Wallpaper တွေဟာ အားကုန်မြန်စေပါတယ်

Live wallpaper တွေဟာ ရိုးရိုးပုံမှန် Wallpaper တေဿွထက် Screen battery usage များတာကြောင့် အားကုန်မြန်စေပါတယ်။ မလိုအပ်ပဲ Live Wallpaper တွေ ထားတာ ရှောင်သင့်ပါတယ်။

(၇) အားသဿွင်းကြိုးကို Original (သို့) အကောင်းပဲသုံးပါ

ဖုန်းဝယ်ရာမှာပါလာတဲ့ Original Charger နဲ့ တခြား Charger အကောင်းတွေကိုသာ အသုံးပြုတာအကောင်းဆုံးပါ။ Charger အကောင်းတစ်ခုကို ဈေးသိပ်မရှိတဲ့ Battery ပျက်မှာထက်စာရင် Charger အကောင်းဝယ်လိုက်တာ ပိုသက်သာပါတယ်။

Almost gone!!!

Almost gone!!!

(၈) Power Saving Mode သုံးပါ

Power Saving Mode ကိုသုံးခြင်းအားဖြင့် CPU Usage ကို ထိန်းညှိစေပြီး Battery life ကို 5% ခန့်တိုးမြှင့်ပေးပါတယ်။ Android Phone တွေမှာ Power Saving Mode လို့ပါဝင်ပြီး iOS တွေမှာတော့ Low Power Mode ဆိုပြီး ပါဝင်ပါတယ်။

(၉) Recent App တွေကိုရှင်းပေးပါ

Recent App တွေဟာ CPU Usage ကိုတိုးမြှင့်ပေးတာကြောင့် အားကုန်မြန်စေပါတယ်။ မသုံးသေးတဲ့ Recent App တွေကို ခဏရှင်းထားပါ။

(၁၀) အားသွင်းရင် Airplane Mode ဖဿွင့်သွင်းပါ

Airplane mode ဖွင့်သွင်းရင် GSM ,SIM card, Wifi, Bluetooth တို့ကို ပိတ်ပေးထားတဲ့အတွက် အားကုန်တာကိုနှေးစေပါတယ်။

This contents is contributed by: duwun.com.mm/tech

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.