အားပြန်သွင်းလို့ မရတဲ့ ပြဿနာ Galaxy Note 8 စမတ်ဖုန်းတစ်ချို့ မှာ တွေ့ ကြုံနေ
News Tech

အားကုန်သွားတာနဲ့ နောက်တစ်ကြိမ် အားပြန်သွင်းလို့ မရတဲ့ ပြဿနာ Galaxy Note 8 စမတ်ဖုန်းတစ်ချို့ မှာ တွေ့ ကြုံနေ

Written by iT Guider

ပြဿနာတက်နေတဲ့ ဖုန်းများအတွက် အစားပြန်လဲပေးသွားဖို့ ရှိပါတယ်။ စမတ်ဖုန်းဘက်ထရီပြဿနာဟာ Samsung Galaxy Note 8 ဆီကို ပုံစံတစ်မျိုးနဲ့ ရောက်လာပါတယ်။ ဒီတစ်ခါမှာတော့ ဖုန်းမှာ ရှိတဲ့ ဘက်ထရီ လုံးဝအားကုန်သွားတဲ့ Galaxy Note 8 တစ်ချို့ ဟာ နောက်တစ်ခါအားသွင်းလို့ မရတော့တဲ့ ပြဿနာ ဖြစ်နေပါတယ်။

ဘက်ထရီအားလုံးလုံး ကုန်တဲ့အထိ သုံးထားတဲ့ Galaxy Note 8 စမတ်ဖုန်းတစ်ချို့ မှာ ဒီပြဿနာ ကြုံနေသလို Galaxy S8 Plus တစ်ချို့ မှာလည်း အလားတူပြဿနာမျိုးရှိနေတယ်လို့ ဆိုပါတယ်။ Samsung Galaxy Note 8 ဟာ ပြီးခဲ့တဲ့နှစ်က ဘက်ထရီချို့ ယွင်းချက်ကြောင့် ဈေးကွက်ထဲက ထွက်သွားရတဲ့ Galaxy Note 7 ရဲ့ အဆက်ဖြစ်ပြီး Note fan တွေ အကြိုက်တွေ့ ချီးကျူးမှု ရထားတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။ Galaxy Note 8 မှာ ဘက်ထရီချို့ ယွင်းချက် မရှိစေဖို့ ဘက်ထရီကို အဆင့် ၈ ဆင့်ရှိ safety checks တွေနဲ့ စစ်ဆေး ထားတာပါ။ ဒီပြဿနာရဲ့ ဖြစ်စဉ်ကို အသေးစိတ်စုံစမ်းနေဆဲ ဖြစ်ပြီး လောလောဆယ်မှာတော့ သိပ်ပြီးအဖြစ်မများသေးဘူးလို့ ဆိုရမှာပါ။

Samsung Galaxy Note 8 ပိုင်ရှင်တစ်ချို့ ဟာ Samsung ရဲ့ Community Forums မှာ ဖုန်းရဲ့ ဘက်ထရီ charging လက်မခံတဲ့ ပြဿနာကို တင်ပြထားတာကြောင့် Samsung မှလည်း သိရှိထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ Samsung အနေနဲ့ charging ပြဿနာတက်နေတဲ့ အလုံးတွေကို အစားပြန်လဲပေးသွားမယ်လို့ လည်း သတင်းထွက်နေပါတယ်။ Note 7 မှာ စမတ်ဖုန်း ဘက်ထရီပြဿနာကြုံဖူးတဲ့ Samsung အတွက်တော့ ယခုပြဿနာဟာ ခေါင်းကိုက်စရာဖြစ်နေမှာ သေချာပါတယ်။

Via : DUWUN

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.