SECOND PHONE ဝယ်​မယ်​ဆို ဆောင်​ရန်​၊​ရှောင်​ရန်​ အချက်​များ - iT Guider
Local News Mobile News Tech

SECOND PHONE ဝယ်​မယ်​ဆို ဆောင်​ရန်​၊​ရှောင်​ရန်​ အချက်​များ

Written by iT Guider

ယ​နေ့​ခေတ်​မှာနည်းပညာ တိုးတက်​လာတာနဲ့အမျှ နည်းပညာပစ္စည်း​တွေဟာလဲတိုးတက်​လာပါတယ်​။ နည်းပညာလုပ်​​ဆောင်​မှု​တွေနဲ့အတူ လိုက်​မြင့်​လာတာက​တော့​ဈေးနှုန်းပါပဲ။ လော​လောဆယ်​မှာ စွမ်း​ဆောင်​ရည်​အ​တော်​မြင့်​မြင့်​ဖုန်းအသစ်​တစ်​လုံးဟာ ၁၀သိန်းကျော် ဝန်းကျင်​မှာရှိလာပါတယ်။ ဒီ​တော့ အသစ်​ဝယ်​မဲ့အစား Second hand ဖုန်း​တွေကိုဝယ်​​ရောင်းလုပ်​လာတာဟာ​ဈေးကွက်​တစ်​ခုဖြစ်​လာပါတယ်​။

ဒီလိုမျိုး Second Phone ​တွေကို ဝယ်​​တော့မယ်​ဆိုရင်​ပထမဆုံးသတိထားရမယ့်​အချက်​က​တော့…

(၁) ကိုယ်​လိုချင်​တာ ဘာဖုန်းအမျိုးအစားလဲဆိုတာ​သေချာပါ​စေ။

ဘာ Model အမျိုးစား​ သေချာကိုဖြစ်​​နေရမယ်​ မဆိုလိုပါဘူး။ကိုယ်​လိုချင်​တဲ့ ဖုန်းမှာအနည်းဆုံး RAM ဘယ်​ လောက် GB ၊ကင်​မရာ ဘယ်​​လောက်​​ကောင်းရမယ်​၊ Screen Size အကြီး၊ အ​သေးကို မဝယ်​ခင်​ကြိုတင်​ပြီး​သေချာစဉ်းစားထား​ပေးပါ။ ဒါမှကိုယ်​သုံးနိုင်​တဲ့​ငွေပမာဏနဲ့ ကိုယ်​လိုချင်​တဲ့ ဖုန်းအမျိုးအစားကို ညှိနိုင်​မှာဖြစ်​ပါတယ်​။ နောက်​ပြီး ဥပမာ​ပေးရမယ်​ဆိုရင်​ ကိုယ်​လိုချင်​​နေတဲ့ဖုန်းဟာ ​လော​လောဆယ်​မှာ ​နောက်​ဆုံး​ပေါ်ဖြစ်​​နေတယ်​ မကြာခင်​မှာလဲ ​နောက်​ Model အသစ်​ထွက်​​တော့မယ်​ဆိုရင်​ ခဏ​လောက်​​စောင့်​လိုက်​ပါ။ ဘာလို့လဲဆို​တော့ ​နောက် ​​Model အသစ်​​ပေါ်လာတိုင်း ​အရင်​ Model ဟာ​ဈေးအနည်းငယ်​ကျသွားတတ်​လို့ပါပဲ။

(၂)ကိုယ်​ဘယ်​က​နေတဆင့်​ဝယ်​မယ်​ဆိုတာသိရပါမယ်​။

ယခု​ခေတ်​မှာ​တော့ Social Media ​တွေ​ပေါ်မှာ ​ကြေငြာ Post​ တွေတင်​ပြီး​ရောင်းကြပါတယ်​။ မြန်​မာနိုင်​ငံမှာဆိုရင်​လဲ Facebook ​ပေါ်မှာ အ​ရောင်းအဝယ်​​တွေလုပ်​နိုင် သလို နိုင်​ငံတကာမှာဆိုရင်​​တော့ https://www.swappa.com လိုမျိုး Website ​တွေက​နေတဆင့်​ အ​ရောင်းအဝယ်​လုပ်​ကြပါတယ်​။ ဒီလိုဝယ်​ယူတဲ့​နေရာ​ရွေးချယ်​ရာမှာလဲသတိထားရမယ့်​အချက်​​တွေရှိပါတယ်​။ ဥပမာ တစ်​​ယောက်​ထဲကတင်​ထားတဲ့​ဈေးနှုန်း​တွေကို အရမ်းယုံကြည်​လို့မရပါဘူး။ သူ့ထက်​​ဈေးနှုန်းအ​ပြောင်းအလဲ​တွေပါတဲ့ အခြား​ရောင်းသူလဲရှိ​နေနိုင်​တဲ့အတွက်​ အနည်းငယ်​ဆက်​လက်​ပြီး ရှာ​ဖွေသင့်​ပါတယ်​။ အလိမ်​ခံရတာ​တွေလည်းရှိနိုင်​ပါတယ်​။ ဥပမာ Swappa မှာထက်​ တစ်​ခါတစ်​ရံမှာ eBay မှာပိုပြီး​ဈေးချို​နေနိုင်​ပါတယ်​။ အကယ်​၍ Online ​ငွေ​ပေး​ချေမှု​တွေ ပြုလုပ်​ရမယ်​ဆိုရင်​လည်း ယုံကြည်​စိတ်​ချရတဲ့​ငွေလွှဲ ဝန်​​ဆောင်​မှု​တွေကိုသာအသုံးပြုသင့်​ပါတယ်​။

Windows 10 License

၁၀၀ % စိတ်ချယုံကြည်စွာ ၀ယ်ယူနိုင်ပါတယ်

Paypal လိုယုံကြည်​ရတဲ့ ​ငွေလွှဲဝန်​​ဆောင်​မှု​တွေကိုသုံးသင့်​ပါတယ်​။ ​​ရောင်းတဲ့သူဟာလည်းအများကယုံကြည်​ရတယ်​လို့သတ်​မှတ်​ထားသူနဲ့သူအ​ရောင်းအဝယ်​လုပ်​တာအ​ကောင်းဆုံးဖြစ်​ပါတယ်​။ နောက်​သတိထားရဦးမယ့်​အချက်​က Online က​နေဝယ်​ယူ​တော့မယ်​ဆိုရင်​ ကိုယ်​ဝယ်​ယူမဲ့ဖုန်းမှာပါတဲ့ အပြစ်​အနာအဆာ​လေး​တွေကို အ​သေးစိတ်​ကအစ​ မေးမြန်းစုံစမ်းပြီးမှ ဝယ်​ယူသင့်​ပါတယ်​။ ဥပမာ-​ရောင်းသူကအ​ရှေ့ဖက်​ဖုန်းမျက်​နှာပြင်​မှာ အပွန်းရာတစ်​ခုပါရှိလို့ ​ပြောလာခဲ့ရင်​ဒါဆို ​ဘေး​ဘောင်​နဲ့ ​နောက်​ဖက်​အကာ​တွေက ပွန်းရာခြစ်​ရာလုံးဝ ကင်းတယ်​​ပေါ့” စသဖြင့်​​​မေးခွန်း​လေး​တွေကို ဂရုပြု​မေးသင့်​ပါတယ်​။ ​နောက်​ပီး အကယ်​၍ ပစ္စည်းမှာ သူ​ဖော်​ပြထားတဲ့အချက်​တစ်​ခုခုနဲ့မကိုက်​ညီရင်​ ပြန်​လဲလို့ရ မရကို​သေချာ​မေးထားရပါဦးမယ်​။

(၃) အကယ်​၍များ အပြင်​မှာလူချင်း​တွေ့ပြီးအ​ရောင်းဝယ်​လုပ်​မယ်​ဆိုပါစို့။

ဒါဆိုရင်​​တော့ဖုန်းကို လူကိုယ်​တိုင်​စစ်​လို့ရပါပြီ။ ပထမဆုံးအ​နေနဲ့ ဖုန်းကိုသင့်​ရဲ့ ကိုယ်​ပိုင်​ Sim card နဲ့ထည့်​ စမ်းလို​ကြောင်း​ပြောရပါမယ်​။ ​နောက်​ပြီး​တော့ဖုန်းအားဝင်​၊ မဝင်​၊ အပွန်းအစင်းအနာဆာ​တွေကသူ​ပြောသလို ဟုတ်​မဟုတ်​​သေချာစစ်ရပါမယ်​။ အကယ်​၍​ရောင်းမဲ့သူကအစစ်​ခံဖို့ငြင်းလာရင်​​တော့ ​နောက်​ထပ်​​ရောင်းမဲ့သူရှာတာ အ​ကောင်းဆုံးပါ။ အ​ရောင်းအဝယ်​လုပ်​ဖို့ချိန်းဆိုတဲ့​နေရာကိုလည်း တတ်​နို​င်​ရင်​လူများများရှိတဲ့​နေရာမှာ ချိန်းသင့်​ပါတယ်​။ ပြီး​တော့မိမိရဲ့လုံခြုံ​ရေးအတွက်​အပြင်​ဖုန်းရဲ့အနာအဆာ​တွေကို​သေချာ ကြည့်​ရှုစစ်​​ဆေးဖို့အလင်း​ရောင်​​ကောင်း​ကောင်းရတဲ့​နေရာ​တွေမှာပဲ ​နေ့အချိန်​ချိန်းသင့်​ပါတယ်​။

(၄) ဖုန်း​ရောင်းမဲ့သူကဖုန်းကိုအစစ်​ခံမယ်​ဆိုရင်​​တော့ဖုန်းကိုစစ်​လို့ရပြီ။

ဖုန်းကိုစစ်​ဖို့အတွက်​မိမိအ​နေနဲ့ Power bank ဒါမှမဟုတ်​ Laptop တစ်​လုံး၊အားသွင်းကြိုး​၊ Memory card၊ နားကြပ်​နဲ့ မိမိအသုံးပြု​နေတဲ့ Sim card အပိုတစ်​ခုကို​ဆောင်​သွားသင့်​ပါတယ်​။ ဖုန်းကိုပါဝါမဖွင့်​ခင်​အရင်​ဆုံးဖုန်း screenမှာဖြစ်​ရာပါမပါစစ်​ပါ။ ဖုန်းရဲ့​ဘေးမှာပါတဲ့ခလုတ်​​တွေကိုလည်း​ကောင်း​​ကောင်းအလုပ်​လုပ်​ရဲ့လား​သေချာစစ်​ပါ။ ကင်​မရာမှန်​​တွေ​ကောင်းမ​ကောင်းလည်း​သေချာစစ်​​ပေးပါ။ ​နောက်​​တော့​ဘေး​ဘောင်​​​​နဲ့​ကျောဖက်​မှာပွန်းရာပါမပါစစ်​ပါ။ နောက်​​တော့ ဖုန်းမှာပါတဲ့ Battery ဟာ Original ဟုတ်​မဟုတ်​စစ်​ပါ။ Original မဟုတ်​ရင်​​ဈေးအ​တော်​ကွာပါတယ်​။ ​နောက်​​တော့ Micro Memory card ကိုထည့်​ပြီး အလုပ်​လုပ်​မလုပ်​ကိုစမ်းပါ။ Sim card ကိုပါတစ်​ခါတည်းထည့်​စမ်းပါ။ ပြီးရင်​ဖုန်း​ခေါ်ကြည့်​ပြီး စပီကာဖွင့်​ကြည့်​ကာ ဖုန်း​ပြောရတာ​ကောင်းမ​ကောင်း၊ စပီကာအသံထွက်​အ​ခြေအ​နေကို စစ်​ပါ။ ပြီးရင်​​တော့ နားကြပ်​ကြိုးကိုတပ်​ပြီး နားကြပ်​အလုပ်​ လုပ်​မလုပ်​ကို စစ်​​ပေးပါ။ မိမိယူလာတဲ့အားသွင်းကြိုးနဲ့ အားဝင်​မဝင်​ စမ်းသပ်​​ပေးပါ။ နောက်​ဆုံးမှာ​တော့ phone စစ်​​ပေးတဲ့ tool တစ်​ခုခုကိုသုံးပြီးဖုန်းကိုစစ်​​ပေးပါ။

(၅) ​နောက်​ဆုံးအ​နေမိမိစိတ်​တိုင်းကျလို့ဝယ်​ယူ​တော့မယ်​ဆိုရင်​​ ဈေးညှိရပါ​တော့မယ်​။

ပထမဆုံးအ​နေနဲ့ မိမိ​ပေးလိုတဲ့အများဆုံး ပမာဏထက်​နည်းပြီး​ပေးကြည့်​ပါ။ နောက်​မှတဖြည်းဖြည်း ​ပမာဏကိုတိုး​ပေးသွားပြိး မိမိ​ပေးလိုတဲ့အများဆုံးပမာဏနဲ့ရ​အောင် ​ညှိနှိုင်းတာဟာ အ​ကောင်းဆုံးပါပဲ။ရောင်းမဲ့သူကကိုယ်​​ပေးနိုင်​တာထက်​ပိုလိုချင်​​နေမယ်​ဆိုရင်​​တော့ ​နောက်​ထပ်​​ရောင်းမဲ့သူသာရှာပါ။ ရောင်းလက်​​တွေမရှားပါဘူး။ တွေ့​တွေ့ချင်းအလျင်​စလိုဝယ်​လိုက်​ခြင်းဟာ မိမိ​ငွေကိုလိုတာထက်​ ပိုကုန်​​စေပါတယ်​။ ​ပြောချင်​တာက​တော့ စိတ်​ရှည်​ရှည်​နဲ့ရှာ​ဖွေပြီး​ သေချာစဉ်းစားဝယ်​ယူဖို့ပါပဲ။ ဖုန်းမှာပါလာတဲ့ အပြစ်​အနာအဆာ​တွေကို​သေချာရှင်းပြပြီး ​ဈေးကို​လျော့ခိုင်းနိုင်​ပါ​သေးတယ်​။

နောက်​ဆုံး အဆုံးသတ်​အ​နေနဲ့​ပြောလိုတာက​တော့ online က​နေဝယ်​ယူသူ​တွေ​တော်​​တော်​များများလည်းအဆင်​​ပြေကြတာများပါတယ်​။ တချို့​ငွေအလိမ်​ခံရတာလည်းရှိပါတယ်​။ အလိမ်​ခံရသူအများစုက အထက်​က​ဖော်​ပြခဲ့တာ​တွေကိုသတိမထားခဲ့ကြလို့ပဲဖြစ်​ပါလိမ့်​မယ်​။ ဖတ်ရှုတဲ့အတွက် ကျေးဇူးပါနော်…။ 🙂

This contents is contributed by : duwun.com.mm/tech

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.