စမတ်ဖုန်းတွေကိုဆေးစွဲသလိုစွဲလာကြတဲ့ ယနေ့ခေတ် - iT Guider
Local News News Tech

စမတ်ဖုန်းတွေကိုဆေးစွဲသလိုစွဲလာကြတဲ့ ယနေ့ခေတ်

Written by iT Guider

ဒီနေ့ခေတ် ကျွန်တော်တို့တွေရဲ့ အချိန်တွေ စိတ်ဝင်စားမှုတွေကိုအများဆုံးယူထားနိုင်တာ စမတ်ဖုန်းတွေဆိုတာ ဘယ်သူမှငြင်းလို့မရနိုင်ပါဘူး။ Motorola ရဲ့ “Phone-life Balance” စစ်တမ်းမှာ စမတ်ဖုန်းတွေသုံးတတ်တဲ့အကျင့်နဲ့ ဒီစမတ်ဖုန်းတွေက Relationship တွေကြားမှာရော ဘယ်လောက်တောင် ကောင်းကျိုးဆိုးကျိုးပေးသလဲဆိုတာတွေကို စစ်တမ်းကောက်ယူထားပါတယ်။

User တွေရဲ့အမူအကျင့်တွေနဲ့ပတ်သတ်ပြီး ဗဟုသုတရအောင်လို့ Motorola က ဟားဗတ်တက္ကသိုလ်က Dr. Nancy, Massachusetts အထွေထွေစိတ်ကျန်းမာရေးဆေးရုံတို့နဲ့ပေါင်းပြီး Global study လေးတစ်ခုလုပ်ခဲ့ပါတယ်။ သုတေသနကုမ္ပဏီတစ်ခုကမေးခွန်းတွေထုတ်ခဲ့တာဖြစ်ပြီးတော့ လူတွေရဲ့ ဖုန်းသုံးတဲ့အလေ့အထ၊ လူတစ်ယောက်အပေါ်စမတ်ဖုန်းတစ်လုံးက ဘယ်လောက်တောင်သက်ရောက်နေလဲဆိုတာတွေပါဝင်ပါတယ်။

ဖြေဆိုသူတွေထဲက ၃၃%လောက်က သူငယ်ချင်းတွေ မိသားစုတွေနဲ့ အပြန်အလှန်စကားပြောဖို့လောက်ပဲသုံးကြပါတယ်။ ဒါပေမယ့် ဒီလေ့လာမှုက နည်းပညာတွေကို နားမလည်လို့မသုံးတဲ့သူတွေအတွက်မဟုတ်ဘဲ နည်းပညာတွေကိုသိနားလည်ရဲ့သားနဲ့ မသုံးတဲ့လူငယ်လေးတွေကို လေ့လာထားတာပါ။ စစ်တမ်းမှာတော့ ၁၉၉၀-၂၀၀၀ ခုနှစ်အစောပိုင်းလောက်မွေးတဲ့သူတွေရဲ့ ၅၃% လောက်က သူတို့ဘဝမှာ စမတ်ဖုန်းတွေက သူတို့ရဲ့အချစ်ဆုံးသူငယ်ချင်းတွေပါတဲ့။

ဒါပေမယ့် ရလာတဲ့ရလဒ်တွေထဲက လူတွေက သူတို့ရဲ့စမတ်ဖုန်းအသုံးပြုမှုနဲ့ ဘဝနေထိုင်မှုကို မျှတဖို့ကြိုးစားနေကြပါတယ်။ ၆၁% သောဖြေဆိုသူတွေက သူတို့ဖုန်းကိုသုံးနေတဲ့အချိန်မှာ စမတ်ဖုန်းနဲ့ကင်းကွာဖို့ကြိုးစားချင်သူတွေဖြစ်ပြီး လက်တွေ့ဘဝရဲ့အရသာကို ခံစားကြည့်ချင်သူတွေပါ။ ဒါပေမယ့် စွဲလမ်းမှုကတော်တော်ဆိုးတယ်လို့ပြောရမှာပါပဲ။

ဒီလေ့လာမှုထဲမှာ စမတ်ဖုန်းတွေသုံးတဲ့အမူအကျင့်နဲ့ပတ်သတ်ပြီး ပြဿနာ၃ခု တွေ့ရပါတယ်။ ဖုန်းကိုအတင်းအကျပ်စစ်ဆေးတာ၊ ဖုန်းအသုံးပြုချိန်လွန်ကဲခြင်းနဲ့ ဖုန်းအပေါ်စိတ်နှစ်လွန်းပြီး ဖြစ်သမျှကိုစိတ်နှစ်ခံစားလွန်းတာတွေပါ။ ဖြေတဲ့သူတွေထဲက တစ်ဝက်လောက်က သူတို့ဖုန်းတွေကို လိုအပ်လို့မဖြစ်မနေသုံးတာထက် အားအား မအားအား ဖွင့်ပြီးကြည့်စစ်သုံးတတ်တဲ့သူတွေပါတဲ့။ ၃ပုံတစ်ပုံကတော့ သူ့တို့ရဲ့အချိန်တိုင်းကို စမတ်ဖုန်းနဲ့ပဲကုန်ဆုံးနေကြတဲ့သူတွေဖြစ်ပြီး မသုံးရဘဲနေရတော့မယ်ဆိုလည်း ပျော်မယ့်သူတွေပါ။

ကျန်တဲ့ ၃ပုံ၂ပုံကတော့ စမတ်ဖုန်းတွေကို စိတ်ပိုင်းဆိုင်ရာအားဖြင့်စွဲလမ်းလွန်းနေတာပါ။ ဖုန်းမရှိရင်ကို နေမထိထိုင်မသာ၊ တစ်ခုခုလွတ်ဟာနေသလိုမျိုး ခံစားနေရတဲ့သူတွေပါ။ ၂၉% လောက်က ဖုန်းမသုံးရရင်တောင် နောက်တစ်ကြိမ်သုံးရမယ့်အချိန်ကိုပဲ စဉ်းစားနေတဲ့သူတွေလို့ ဝန်ခံထားပါတယ်။

ဒါတွေကိုကြည့်လိုက်ရင် ဒီနေ့ခေတ်လူတွေအနေနဲ့ စမတ်ဖုန်းတွေအပေါ်စွဲလမ်းမှုပိုများလာပြီးတော့ Virtual-world နဲ့လက်တွေ့ဘဝနဲ့မျှတအောင် နေဖို့လိုအပ်နေပြီလို့ထင်ပါတယ်။ ဖုန်းမရှိရင်မနေတတ်တဲ့သူထဲမှာ ပါနေပြီလား?? ဖုန်းလေးကို လက်ကချပြီး မိသားစု သူငယ်ချင်းတွေနဲ့ အချိန်ပေးကြည့်ရအောင်။ အခု Phone-life balance စစ်တမ်းလေးမှာ မေးခွန်းလေး ၁၀ခုရှိပါတယ်။ အောက်ကလင့်ခ်လေးမှာဝင်ဖြေကြည့်ပါ။ အားလုံးဖြေပြီးရင်တော့ သင်ဟာ စမတ်ဖုန်းအပေါ်ဘယ်အဆင့်လောက်ထိစွဲလမ်းနေပြီလဲဆိုတာကို ပြောပြပေးပါလိမ့်မယ်။ ကဲဒါဆို ဖြေကြည့်လိုက်ပါဦး…

This content is contributed by : digitaltimes.com.mm

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.