မြန်မာနိုင်ငံမှာ စမတ်ဖုန်းစက်ရုံဆောက်မယ့် စီမံကိန်း SAMSUNG အပြီးသတ်ရုပ်သိမ်း
Local News News Tech

မြန်မာနိုင်ငံမှာ စမတ်ဖုန်းစက်ရုံဆောက်မယ့် စီမံကိန်း SAMSUNG အပြီးသတ်ရုပ်သိမ်း

Written by iT Guider

This contents is from Korea Times.

ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ Samsung ဟာ မြန်မာနိုင်ငံမှာ စက်ရုံတည်ထောင်မှု မလုပ်ဖို့ အပြီးသတ်ဆုံးဖြတ်ချက် ချလိုက်တယ်လို့ Korea Times မှာ ဖော်ပြထားပါတယ်။

ဗီယက်နမ်ရှိ Samsung စက်ရုံတစ်ခု

ဗီယက်နမ်ရှိ Samsung စက်ရုံတစ်ခု

Samsung Electronics အနေနဲ့ မြန်မာနိုင်ငံအတွင်း စမတ်ဖုန်းနဲ့ အိမ်သုံးလျှပ်စစ်ထုတ်ကုန်များ ထုတ်လုပ်နိုင်မယ့် စက်ရုံတည်ဆောက်ရေးကို စဉ်းစားခဲ့စဉ်က အလုပ်သမားခ ဈေးနည်းခြင်းနဲ့ အလားအလာကောင်းတဲ့ အခွင့်အလမ်းတွေကို ကြည့်ခဲ့တာ ဖြစ်ပေမယ့် နိုင်ငံရေး မတည်ငြိမ်ခြင်းများ နဲ့ အုပ်ချုပ်ရေးဆိုင်ရာ ချို့ ယွင်းချက်ရှိထားတဲ့ အခြေအနေများကြောင့် အစီအစဉ် ဖျက်သိမ်းလိုက်တာလို့ ဆိုပါတယ်။

Windows 10 License

၁၀၀ % စိတ်ချယုံကြည်စွာ ၀ယ်ယူနိုင်ပါတယ်

Samsung ရုံးချုပ်မှ အမှုဆောင်များပါဝင်တဲ့ အဖွဲ့ ငယ်တစ်ဖွဲ့ ဟာ မကြာသေးခင်က မြန်မာနိုင်ငံရောက်လာခဲ့ပြီး အစိုးရအဖွဲ့ တာဝန်ရှိသူများနဲ့ တွေ့ ဆုံခဲ့ကြတယ်လို့ Korea Times မှာ ဖော်ပြခဲ့ပါတယ်။ ဒီတွေ့ ဆုံပွဲမှာ စက်ရုံမှာ လည်ပတ်မယ့် စွမ်းအင်နဲ့ လမ်းပန်းများကို Samsung ဘက်မှ ကုမ္ပဏီငွေနဲ့ တည်ဆောက်ရမယ်လို့ ဆိုတာကြောင့် ရင်းနှီးမြှပ်နှံမှု မလုပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

၂၀၁၃ ဇန်နဝါရီလထဲမှာ ရန်ကုန်မြို့ နားမှာ စက်ရုံတည်ဆောက်ခွင့်ရခဲ့ပေမယ့် မြန်မာအစိုးရနဲ့ Samsung ကုမ္ပဏီအကြား မြေနေရာ ၊ ရင်းနှီးမြှပ်နှံမှုပေါ်မှ အခွန်အခများ နဲ့ စွမ်းအင်ပံ့ပိုးမှုဆိုင်ရာ ညှိုနှိုင်းမှုများ အဆင်မပြေဖြစ်ခဲ့တာပါ။ နှစ်ဘက်အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ခုကတော့ Samsung အနေနဲ့ နိုင်ငံရေးအရ မရေရာမှုများနဲ့ ဗဟိုအစိုးရအာဏာချုပ်ကိုင်မှု လျှော့ချရေးတို့ ကြောင့်လည်း ယခုလို ရင်းနှီးမြှပ်နှံမှု ပျက်ပြယ်သွားတာ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

Samsung အနေနဲ့ တော့ ၂၀၁၃ အလွန် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှပ်နှံခြင်းလုပ်ဖို့ အရေး အစိုးရနဲ့ ထပ်မံဆွေးနွေးခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ Samsung Electronics ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကတော့ Korea Times သတင်းဌာနကို အခုလို ဖြေကြားထားပါတယ်။ “၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံတွင်း TV
စတဲ့ အီလက်ထရောနစ်ထုတ်ကုန်တွေ ထုတ်ဖို့ ကျွန်တော်တို့ စဉ်းစားခဲ့ဖူးပါတယ်။ သို့ သော်လည်း ရေမီး စတဲ့ အခြေခံ အဆောက်အဦတွေ ပံ့ပိုးမှု အားနည်းတာကြောင့် အဲဒီနှစ်မှာပဲ စီမံကိန်းကို ဆက်မစဉ်းစားတော့ပါဘူး ။ ဒီနောက်ပိုင်းမှာလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံဖို့ ထပ်မံ ကွင်းဆင်းလေ့လာ ညှိနှိုင်းတာမျိုး
ဆက်မလုပ်ဖြစ်ပါဘူး”

မြန်မာနိုင်ငံမှာ စက်ရုံဆောက်ဖို့ အဆင်မပြေတဲ့နောက် Samsung ဟာ အရှေ့ တောင်အာရှနိုင်ငံတစ်ခု ဖြစ်တဲ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ စမတ်ဖုန်းစက်ရုံ ၂ ရုံနဲ့ ဟိုချိမင်းမြို့ တော်မှာ TV နဲ့ အိမ်သုံးအီလက်ထရောနစ်ထုတ်ကုန်စက်ရုံ ၁ ရုံ ဆိုပြီး စက်ရုံ ၃ ရုံ တည်ဆောက်လည်ပတ်ခဲ့ပါတယ်။

လူဦးရေ ၅၃ သန်းကျော် ရှိထားတဲ့ မြန်မာနိုင်ငံဟာ လုပ်အားစရိတ် နည်းပါးခြင်း နဲ့ အလားအလာကောင်းတဲ့ စီးပွားရေးအခွင့်အလမ်းတွေ ရှိထားပြီး ၂၀၁၇ ခုနှစ်အတွင်းမှာ GDP ၇% မြင့်တက်လာခဲ့ကာ အာဆီယံ (၁၀) နိုင်ငံထဲမှာ စီးပွားရေး တိုးတက်မှု အမြန်ဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သို့ သော်လည်း ပြည်ပရင်းနှီးမြှပ်နှံသူများအတွက်တော့ ဆွဲဆောင်မှု နည်းနေဆဲ ဖြစ်ပါတယ်။

This contents is contributed by : duwun.com.mm/tech

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.