ONEPLUS ကတ်စနစ်သုံးသူ ၄ သောင်းကျော်ရဲ့ CREDIT CARD အချက်အလက်များ ခိုးယူခံရ - iT Guider
International News News Tech

ONEPLUS ကတ်စနစ်သုံးသူ ၄ သောင်းကျော်ရဲ့ CREDIT CARD အချက်အလက်များ ခိုးယူခံရ

Written by iT Guider

အမည်မသိ ဟက်ကာများဟာ OnePlus ရဲ့ ငွေပေးချေစနစ်ကို တိုက်ခိုက်သွားခဲ့တယ် ဆိုပြီး ကုမ္ပဏီမှ ကြေငြာလိုက်သလို အနည်းဆုံး ဖောက်သည်ပေါင်း ၄၀၀၀၀ ကျော် ရဲ့ အချက်အလက်များ ပါသွားခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလလယ်ကနေ ယခုနှစ်ဇန်နဝါရီလ ၁၁ ရက် အတွင်း ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုကြောင့် OnePlus ရဲ့ အွန်လိုင်းစတိုင်းတွေမှာ သုံးနိုင်တဲ့ Credit card payment စနစ် Shut down ကျသွားခဲ့တာပါ။ ဒီကတ်စနစ်ထဲမှ ဖောက်သည်များရဲ့ အချက်အလက်များလည်း အခိုးခံခဲ့ရတာကြောင့် ဒီဖြစ်ရပ်ကို တစ်ခြား ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်း စုံစမ်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဟက်ကာများဟာ OnePlus ရဲ့ ငွေပေးချေ ကုတ်ထဲကို Malware တစ်မျိုးထည့်ပြီး ဝင်ရောက်လာခဲ့တာပါ။ OnePlus ကုမ္ပဏီအနေနဲ့ ဆာဗာကနေ ဒီ Loophole ကို ဖယ်ရှားလိုက်ပြီ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

ယခုတိုက်ခိုက်မှုအတွက် OnePlus မှ ဖောက်သည်များကို တောင်းပန်ထားပြီး ကတ်ပြဿနာတက်ပါက အခမဲ့ အကူအညီများ ပေးသွားမယ်လို့ လည်း ထုတ်ဖော်ပြောကြားထားပါတယ်။

ဒါ့အပြင် OnePlus ကတ်သုံးနေသူများအတွက်လည်း ကတ်အခြေအနေ စောင့်ကြည့်ခွင့်ပေးသွားမှာ ဖြစ်ပြီး Hotline နံပါတ်နဲ့ ဆက်သွယ်ဖို့ လည်း ပေးထားတယ်လို့ ဆိုပါတယ်။ နောက်တစ်ကြိမ် ကတ်ငွေချေစနစ်မှာ အခုလို ပြဿနာမျိုး မကြုံရအောင် လုံခြုံရေးမြှင့်တင်သွားမယ်လို့ လည်း ကြေငြာထားပါတယ်။

Via : DUWUN

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.