iPhone ဘက်ထရီကို သွားနဲ့ကိုက်လို့ပေါက်ကွဲမှု တရုတ်နိုင်ငံမှာ ဖြစ်ပွား - iT Guider
International News News Tech

iPhone ဘက်ထရီကို သွားနဲ့ကိုက်လို့ပေါက်ကွဲမှု တရုတ်နိုင်ငံမှာ ဖြစ်ပွား

Written by iT Guider
ဘယ်သူမှ ဆိုးဆိုးဝါးဝါး မထိခိုက်ခဲ့ပါဘူး

အခုဆို ကြည့်ရှုသူ ၅ သန်းနီးပါး ရှိနေပြီ ဖြစ်တဲ့ ဒီဗွီဒီယိုကို တရုတ်မှ ဗွီဒီယိုပလက်ဖောင်းတစ်ခု ဖြစ်တဲ့ Miaopai မှ တင်ထားတာ ဖြစ်ပြီး ယခုလ ၁၉ ရက်နေ့ က ဖြစ်ပွားခဲ့တာလို့ လည်း ဆိုပါတယ်။ အခင်းဖြစ်ချိန်မှာလူတစ်ယောက်ဟာ iPhone ဘက်ထရီလဲဖို့ ဆိုင်ထဲကို ရောက်လာတာ ဖြစ်ပြီး ဖုန်းဘက်ထရီသစ်ကို စမ်းကြည့်တဲ့အနေနဲ့ သွားနဲ့ ကိုက်ရာကနေ အခုလို ပေါက်ကွဲသွားတာလည်း ဖြစ်ပါတယ်။

မီးလောင်ပေါက်ကွဲသွားပေပမယ့် ကံကောင်းတာတစ်ခုက ဘယ်သူမှ မထိခိုက်ခဲ့တာလည်း ဗွေီဒီယိုဖိုင်မှာ တွေ့ ထားရပါတယ်။ ဖုန်းဘက်ထရီကို ဘာကြောင့်သွားနဲ့ ကိုက်လိုက်ရသလဲဆိုတာကတော့ စဉ်းစားဖို့ မလွယ်တဲ့ ကိစ္စပါ။ တစ်ချို့ သူတွေအယူအဆအရ ဘက်ထရီဟောင်းတစ်လုံးကို ဆက်သုံးချင်ရင် သွားနဲ
့ကိုက်စမ်းရမယ်လို့ အယူရှိပေမယ့် တကယ်တမ်းတော့ ဒါဟာ နည်းပညာအမြင်အရ မှားယွင်းတယ်လို့ ဆိုပါတယ်။

အနာအဆာပါတဲ့ လစ်သီယမ်ဘက်ထရီအတုနဲ တွေမှာ မတော်တဆ တစ်ခါတစ်လေ အပူလွန် ပေါက်ကွဲတာမျိုး ရှိပေမယ့် အခုဖြစ်ရပ်ကတော့ သွားနဲ့ ကိုက်ရင်း ရုတ်တရပ်ထ ပေါက်သွားတာ ဖြစ်လို့ ထူးဆန်းနေပါတယ်။ ထိုင်ဝမ်သတင်းတစ်ပုဒ်ထဲမှာတော့ ရွှေစစ်မစစ်ကို လူတော်တော်များများက သွားနဲ့ ကိုက်ပြီး
စမ်းကြတယ်ဆိုပေမယ့် iPhone ဘက်ထရီလို ရွှေမပါတဲ့ အီလက်ထရွန်းနစ် ထုတ်ကုန်ကို သွားနဲ့ ကိုက်တာကတော့ ထူးဆန်းပါပေတယ်လို့ သရော်ထားပါတယ်။

ယခုဖြစ်ရပ်ကတော့ ဘယ်သူမဆို အီလက်ထရောနစ်လို အန္တရာယ်ကြီး ထုတ်ကုန်တစ်ခုခုကို သွားနဲ့ မကိုက်မိစေဖို့ သင်ခန်းစာလည်း ဖြစ်သွားမှာပါ။

Via : DUWUN

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.