iPhone X ရောင်းချခွင့် ပိတ်ပင်ပေးဖို့ Qualcomm တောင်းဆို
International News Tech

Intel ရဲ့ modem သုံးထားတဲ့ iPhone X ရောင်းချခွင့် ပိတ်ပင်ပေးဖို့ Qualcomm တောင်းဆို

Written by iT Guider

မူပိုင်ခွင့်နည်းပညာ ချိုးဖောက်မှုနဲ့ Apple ကို တရားစွဲထားပါတယ်။ အပြန်အလှန်တရားရင်ဆိုင်မှုတွေနဲ့ တင်းမာနေတဲ့ Qualcomm နဲ့ Apple အကြား နောက်ထပ် ရင်မောစရာကိစ္စတစ်ခု ထပ်ဖြစ်လာတာပါ။ Qualcomm ဟာ Intel ရဲ့ modem သုံးပြီး ထုတ်ထားတဲ့ iPhone 8/8 Plus ၊ iPhone 7/7 Plus နဲ့ iPhone X တို့ ကို တင်ပို့ ရောင်းချခွင့် ပိတ်ပင်ပေးဖို့ အမေရိကန် နိုင်ငံတကာ ကုန်သွယ်ရေး ကော်မရှင်ထံ တောင်းဆိုလိုက်ပါတယ်။

Qualcomm ရဲ့ တောင်းဆိုချက်နဲ့ ငြိစွန်းနေတဲ့ ဖုန်းတွေဟာ AT&T နဲ့ T-Mobile တို့ က ရောင်းချနေတဲ့ iPhone တွေ ဖြစ်ပြီး Verizon နဲ့ Sprint တို့ ကတော့ Qualcomm ထုတ် modem တွေကို သုံးနေတာကြောင့် အခုလို ပိတ်သိမ်းဖို့ ခွင့်တောင်းဆိုတဲ့ အထဲမှာ မပါရှိပါဘူး။ Qualcomm အနေနဲ့ Apple ဟာ သူ့ ရဲ့ မူပိုင်ခွင့် ၁၆ ခုကို iPhone X အပါအဝင် ယခု iPhone တွေမှာ ချိုးဖောက်မှု ရှိထားတယ်ဆိုပြီး အမှု ၃ ခုနဲ့ တရားစွဲထားတာပါ။

Qualcomm ရဲ့ မူပိုင်ခွင့်ထဲက အတော်များများဟာ ဘက်ထရီသက်တမ်းပိုင်းဆိုင်ရာ အားခံစေမယ့် နည်းပညာအတော်များများ ပါဝင်တာ ဖြစ်ပြီး ကျန်တာတွေကတော့ စမတ်ဖုန်းဆိုင်ရာ နည်းပညာများ ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတဲ့ တစ်ချက်က iPhone တွေရဲ့ နာမည်ကြီး Portrait Mode effect ကို ဖန်တီးရာမှာ Apple ဟာ Qualcomm ရဲ့ မူပိုင်ခွင့်ရ နည်းပညာကို မှီခိုခဲ့တယ်လို့ လည်း ပြောထားပါတယ်။

Qualcomm နဲ့ တရားတဘောင်တွေ ဖြစ်ပြီး ဆက်ဆံရေးတင်းမာနေချိန်မှာ Apple ဟာ လာမယ့်နှစ်ထုတ် iPhone နဲ့ iPad တွေမှာ Qualcomm Inc ထုတ် ပစ္စည်းတွေကို ဆက်သုံးသွားဖွယ်မရှိတော့ဘူးလို့ ဆိုပါတယ်။ ဒီအတွက် supplier အသစ်အနေနဲ့ Intel နဲ့ MediaTek တို့ ဆီက ထုတ်ကုန်တွေကို သုံးမယ်လို့ Apple ကပြောပေမယ့် စာချုပ်သက်တမ်းအတွင်းမှာ အခုလိုမျိုး Intel ရဲ့ ထုတ်ကုန်တွေကို သုံးလာတာကြောင့် Qualcomm အနေနဲ့ တရားစွဲလိုက်တာပါ။

Qualcomm ဟာ ကမ္ဘာကျော် chip maker ကုမ္ပဏီတစ်ခု ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် စမတ်ဖုန်း chips တွေအားလုံးရဲ့ ၅၉% ဟာ Qualcomm ကုမ္ပဏီထုတ် ပစ္စည်းတွေ ဖြစ်ခဲ့ပါတယ်။ ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာတော့ Qualcomm ကုမ္မဏီကို ဒေါ်လာ ၁ ဘီလျံရလိုမှုနဲ့ ဖက်ထရယ်တရားရုံးမှာ Apple မှ တရားစွဲခဲ့ပြီး Qualcomm ဟာ ဈေးကွက်အရှိန်အဝါသုံးပြီး မူပိုင်ခွင့်နဲ့ ပစ္စည်းဈေး အလွန်အကျွံ တင်ခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်။

Via : DUWUN

ကိုယ်တိုင်ဘာသာပြန်ဖတ်ချင်ရင် https://www.cnet.com/news/qualcomm-apple-iphone-x-7-8-plus-itc-ban-patent-infringement/

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.