၂ဝ၁၉ ရောက်ရင် လပေါ်မှာ ဖုန်းဆက်နိုင်တော့မည် - iT Guider
International News News Tech

၂ဝ၁၉ ရောက်ရင် လပေါ်မှာ ဖုန်းဆက်နိုင်တော့မည်

Written by iT Guider

4G NETWORK ပေးသွားမှာပါ

လကမ္ဘာပေါ် လူသားများ ပထမဆုံးခြေချပြီး နှစ် ၅၀ အကြာမှာ ပထမဆုံးမိုဘိုင်းဖုန်းကွန်ရက်ကို လပေါ်မှာ ဖြန့် ကျက်နိုင်တော့မှာ ဖြစ်ပါတယ်။

ကမ္ဘာ့နည်းပညာနဲ့ သယ်ယူပို့ ဆောင်ရေးဆိုင်ရာ ကုမ္ပဏီကြီး ၃ ခုဖြစ်တဲ့ Vodafone Germany ၊ ကွန်ရက်ပစ္စည်းများ ထုတ်လုပ်နေတဲ့ Nokia နဲ့ ကားကုမ္ပဏီ Audi တို့ ပေါင်းပြီး လပေါ် 4G ကွန်ရက် မိတ်ဆက်နိုင်ဖို့ လုပ်ဆောင်နေတယ်ဆိုပြီး သတင်းထုတ်ပြန်ထားတာပါ။ Vodafone ကတော့ လပေါ်မှာ သကြားအိတ်တစ်အိတ်စာတောင် မလေးတဲ့ ကွန်ရက်ထုတ်ကုန် Hardware အသုံးအဆောင်များ ထုတ်လုပ်ဖို့ Nokia ကို နည်းပညာပိုင်းမိတ်ဖက်အဖြစ် ခန့် အပ်ထားတယ်လို့ ဆိုပါတယ်။

ဒီကုမ္ပဏီ ၃ ခုဟာ ဘာလင်အခြေစိုက် PTScientists ဆိုတဲ့ ကုမ္ပဏီမှာ ယခုပရောဂျက်အတွက် ပူးပေါင်းအကောင်အထည်ဖော်နေတာပါ။ လပေါ် ဖုန်းကွန်ရက် ဖြန့် ကျက်မယ့် အစီအစဉ်ကို SpaceX Falcon 9 ဒုံးကျည်သုံးပြီး Cape Canaveral အငူကနေ လာမယ့် ၂၀၁၉ ခုနှစ်မှာ လွှင့်တင်သွားဖို့ စီစဉ်ထားတာပါ။

Windows 10 License

Vodafone Germany ရဲ့ အမှုဆောင်အရာရှိချုပ် ဟန်နက်စ် အက်မ်ရစ္စတာကတော့ ဒီပရောဂျက်မှာ မိုဘိုင်းနက်ခ်ဝါ့အခြေခံ အဆောက်အဦဆိုင်ရာ ဖွံ့ ဖြိုးမှုအတွက် လုံးဝဆန်းသစ်တဲ့ ချဉ်းကပ်မှုတွေ ပါဝင်မယ်လို့ ဆိုထားပါတယ်။ ဒီပရောဂျက်မှာ ပါဝင်တဲ့ အမှုဆောင်အရာရှိတစ်ဦးကတော့ လပေါ် လွှင့်တင်မယ့် Mobile network ဟာ 4G ကွန်ရက်ဖြစ်ပြီး 5G ကွန်ရက်ကိုတော့ နောက်မှ သုံးဖို့ စဉ်းစားသွားမယ်လို့ ဆိုပါတယ်။ မျိုးဆက်သစ်ကွန်ရက်နည်းပညာဖြစ်တဲ့ 5G အနေနဲ့ စမ်းသပ်ဆဲ နမူနာအဆင့်မှာပဲ ရှိသေးတာကြောင့် လကမ္ဘာမှာ ဒီကွန်ရက်နည်းပညာအနေနဲ့ တည်ငြိမ်တဲ့ လှိုင်းလွှင့်မှု ရှိမှာ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကတည်းက Amazon ဘီလျံနာ ဂျက်ဖ်ဘီဇော့စ်ဟာ လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ သူ့ ပိုင် အာကာသယာဉ် Blue Origin ကို သုံးပြီး လကမ္ဘာဆီ ပစ္စည်းပို့ ဆောင်ရေး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အမေရိကန်ဘီလျံနာတစ်ဦးဖြစ်တဲ့ အီလွန်မတ်စ်ကလည်း SpaceX အာကာသယာဉ်များကနေ ယခုနှစ်နှောင်းပိုင်းမှာ ခရီးသည်နှစ်ဦးကို အာကာသအလည်အပတ်ခရီးစဉ်အတွက် ပို့ ဆောင်ပေးသွားမယ်လို့ လည်း ကြေငြာထားပါတယ်။

This contents is contributed by : duwun.com.mm/tech

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.