သေကြောင်းကြံနိုင်ခြေရှိမရှိ ခန့် မှန်းနိုင်မယ့် Ai နည်းပညာ Facebook အသုံးပြု
International News News Tech

သေကြောင်းကြံနိုင်ခြေရှိမရှိ ခန့် မှန်းနိုင်မယ့် Ai နည်းပညာ Facebook အသုံးပြု

Written by iT Guider

စက္ကန့် ၄၀ တိုင်းမှာ လူတစ်ယောက် သတ်သေနေတာပါ။

လူမှုကွန်ရက်ပေါ်မှ ကိုယ့်ကိုယ်ကို သတ်သေမှုများကို ဖြေရှင်းဖို့ Facebook ဟာ နှစ်ပေါင်းများစွာ ခေါင်းစားလာခဲ့တာပါ။

အရင်ကတော့ Live Video သတင်းများပေါ်က အကြမ်းဖက်မှုများကို စောင့်ကြည့်ဖို့ ဝန်ထမ်းပေါင်း ထောင်နဲ့ ချီပြီး Facebook ဟာ ခန့် အပ်ခဲ့တာပါ။ ဒီတစ်ခါမှာတော့ Facebook Team မှ ပညာရှင်များဟာ လူမှုကွန်ရက်သုံးသူတွေရဲ့ ပို့ စ်ကို စောင့်ကြည့်ကင်းထောက်နိုင်မယ့် AI နည်းပညာကို အသုံးပြုလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီ AI မှာ သုံးထားတဲ့ Algorithm တွေဟာ Facebook ပေါ်တင်လိုက်တဲ့ ပို့ စ်တွေထဲကနေ ဒီလူရဲ့ ခံစားချက်ကို ခွဲခြား လေ့လာတာပါ။

AI စနစ်သုံး ဒီ Algorithm ဟာ သုံးစွဲသူရဲ့ စိတ်အခြေအနေများဖြစ်တဲ့ စိတ်ဓါတ်ကျခြင်း ၊ ဒေါသထွက်ခြင်း ၊ ဝမ်းနည်းခြင်း စတဲ့ လက္ခဏာ အငွေ့ အသက်များပါတဲ့ Status များကို အရင်ဆုံး သုံးသပ် ရှာဖွေနေမှာ ဖြစ်ပြီး ဒီလက္ခဏာတွေ ထင်ရှားနေတဲ့ Facebook users များကို အကာအကွယ်ပေးနိုင်ဖို့ Reviewer များကို အသိပေးအကြောင်းကြားသွားမှာ ဖြစ်ပါတယ်။

Reviewers တွေကတော့ Facebook သုံးစွဲသူရဲ့ အခင်ဆုံး မိတ်ဆွေနဲ့ မိသားစုဝင်များ ပါဝင်မှာပါ။ ဒီနည်းနဲ့ ကိုယ့်ကိုယ် သတ်သေနိုင်ခြေ ရှိသူတစ်ဦးကို စောင့်ရှောက်ပေးနိုင်မှာပါ။ Facebook ရဲ့ ဒီ AI ကိုယ့်ကိုယ်ကို သတ်သေမှု လျှော့ချရေး နည်းပညာကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လကုန်ပိုင်းမှာ စတင်မိတ်ဆက်ခဲ့ပေမယ့် တကယ်တမ်း Suicide Prevention အတွက် Tools တွေ ထုတ်ခဲ့တာကတော့ အရင် ၁၀ နှစ်ကျော်ကတည်းက ဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာပေါ်မှာ စက္ကန့် ၄၀ တိုင်းမှာ လူတစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေနေကြပြီး ဒီလိုမျိုး ကိုယ့်ကိုယ်ကို သတ်သေမှုဟာ အသက် ၁၅ နှစ်ကနေ ၂၉ နှစ်ကြား လူငယ်များ သေဆုံးရခြင်းမှာ ဒုတိယလိုက်နေတဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။ Facebook ရဲ့ AI နည်းပညာဟာ ကိုယ့်ကိုယ်ကို သတ်သေမှု တားဆီးရေးမှာ ထိရောက်တဲ့ လက်နက် ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

This contents is contributed by : duwun.com.mm/tech

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.