ကမ္ဘာ့ ပထမဆုံး Android မောင်းနှင်တဲ့ Scooter - iT Guider
International News News Tech

ကမ္ဘာ့ ပထမဆုံး Android မောင်းနှင်တဲ့ Scooter

Written by iT Guider

Android Scooter

ပြင်သစ် ကုမ္ပဏီ Archos က စမတ်ဖုန်း၊ တက်ဘလက်နဲ့ ဒရုန်းများအထိတောင် ထုတ်လုပ်ရောင်းချနေတဲ့ နည်းပညာ ကုမ္ပဏီ ဖြစ်ပါတယ်။ အခုတော့ သူက ကမ္ဘာ့ ပထမဆုံး Android မောင်းနှင်တဲ့ Scooter ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်ကတော့ Citee Connect ဖြစ်ပါတယ်။ Scooter မှာ Multimedia
များကို ကြည့်ရှုခံစားနိုင်တဲ့ Dashboard ပါပါတယ်။ သူ့မှာ စမတ်ဖုန်းမှ ဖန်ရှင်များ အားလုံးပါပါတယ်။ သူက တုန်ခါမှုနဲ့ ဆိုးရွားတဲ့ ရာသီဥတုများကို ခံနိုင်ရည် ရှိပါတယ်။

Citee Connect ရဲ့ စကရင်ဟာ ၅ လက်မ အရွယ်ရှိပြီး Handlebars အကြားမှာ တပ်ဆင်ပေးထားပါတယ်။ သူ့ကို Quad-Core Processor , 1GB RAM , 8GB Flash Memory များ ထည့်သွင်းပေးထားပါတယ်။ Android Oreo မောင်းနှင်ထားပြီး 3G ကွန်ယက်ကို ထောက်ပံ့ပါတယ်။ Archos က စကရင်ကို
အသုံးချနိုင်မယ့် နည်းလမ်းများကို မပြောကြားသေးပေမယ့် Google Maps ကို ထောက်ပံ့တာကိုတော့ တွေ့ရပါတယ်။ Archos ရဲ့ အခြား Scooters များမှာလိုပဲ တွဲဖက် သုံးရတဲ့ App ကနေ Scooter ကို Lock လုပ်ထားနိုင်မယ့်ပုံပေါ်ပါတယ်။

Windows 10 License

Citee Connect ကို အလူမီနီယမ်ဖြင့် တည်ဆောက်ထားပြီး 250W Motor တပ်ဆင်ထားပါတယ်။ 36W Battery တပ်ဆင်ထားပါတယ်။ ၂၆ ပေါင် အလေးချိန်ရှိပြီး ပေါင် ၂၂၀ အထိ သယ်ဆောင်နိုင်ပါတယ်။ တစ်နာရီလျှင် ၂၂ ကနေ ၂၅ ကီလိုမီတာ အထိ မောင်းနှင်နိုင်ပါတယ်။ လာမယ့် နွေရာသီမှာ ၅၀၀ ယူရိုဖြင့်
ရောင်းချမှာပါ။

This content is contributed by : digitaltimes.com.mm

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.