အားသွင်းစဉ် သုံးမိလို့ iPhone 6 ရုတ်တရပ်ပေါက်ကွဲမှု အမေရိကန်မှာ ဖြစ်ပွား
International News News

အားသွင်းစဉ် သုံးမိလို့ iPhone 6 ရုတ်တရပ်ပေါက်ကွဲမှု အမေရိကန်မှာ ဖြစ်ပွား

Written by iT Guider

မိနစ် ၂၀ ကြာအောင် မီးခိုးများ ထွက်နေခဲ့ပါတယ်။ ဖုန်းတစ်လုံးကို အားသွင်းစဉ် အသုံးပြုနေမိခြင်းဟာ တကယ့်ကို အန္တရာယ်ကြီးပါတယ်။ ယခုဒီဇင်ဘာလဆန်းပိုင်း အမေရိကန်နိုင်ငံ ဘရွတ်ကလင်းက ကုန်စုံဆိုင်တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ iPhone 6 ပေါက်ကွဲမှုကလည်း အားသွင်းစဉ် အသုံးပြုခြင်းကြောင့် ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

Softpedia သတင်းတစ်ပုဒ်အရ ဘရွတ်ကလင်းရှိ စတိုးဆိုင်သုံး CCTV ကင်မရာတစ်ခုဟာ iPhone 6 သုံးရင်း ပေါက်ကွဲသွားမှုကို ရိုက်ကူးနိုင်ခဲ့ပါတယ်။ ဒီဖုန်းဟာ ပိုင်ရှင်ဖြစ်သူ အက်ဘ်ဂါဟစ်ရဲ့ လက်ထဲမှာ ကိုင်နေစဉ် ပေါက်ကွဲသွားတာ ဖြစ်ပါတယ်။ ကံကောင်းတာက ဒီပေါက်ကွဲမှုကြောင့် သူ့ လက်မမှာ မီးလောင်ဒဏ်ရာ နည်းနည်းပဲ ရခဲ့ပြီး ကြီးကြီးမားမား ထိခိုက်မှု မကြုံခဲ့ဘူးလို့ ဆိုပါတယ်။ တကယ်လို့ သာ သူသာ ဒီအချိန် ဖုန်းပြောနေမိမယ်ဆိုရင်တော့ မျက်နှာတစ်ခုလုံး မီးလောင်မှုနဲ့ ကြုံနိုင်ကောင်း ကြုံနိုင်တယ်လို့ လည်း ဂါဟစ်က ဆိုပါတယ်။

ကာယကံရှင်ဂါဟစ်ရဲ့ အပြောအရ သူဟာ iPhone 6 သုံးရင်း မက်ဆေ့အပြန်အလှန်ပို့ ပြီးနောက် ဖုန်းကို အားသွင်းရင်း ဆက်သုံးနေစဉ် ဖုန်းရဲ့ ဘယ်ဘက်အခြမ်းကနေ မီးခိုးနည်းနည်း ထွက်လာတာ တွေ့ တယ်လို့ သိရပါတယ်။ ဒီနောက် မက်ဆေ့တစ်ခုပို့ ရင်း ဖုန်း screen ဟာ အနက်ရောင်ပြင်ကြီး ဖြစ်သွားပြီး အလွန်ပူလာချိန်မှာ ဖုန်းကို လွှင့်ပစ်လိုက်တာလို့ လည်း ပြောပါတယ်။ မီးခိုးဟာ ဖုန်းထဲကနေ မိနစ် ၂၀ လောက် ကြာတဲ့ အထိ ဆက်ပြီး ထွက်နေတုန်းပဲလို့ လည်း သူက အတည်ပြုထားပါတယ်။ ယခုဖြစ်ရပ်အတွက် Apple ဆီက ဖုန်းအသစ်ကို လိုချင်တယ်လို့ လည်း သူက ဆိုပါတယ်။

Apple အနေနဲ့ လည်း ယခုပေါက်ကွဲမှုအပေါ် စုံစမ်း စစ်ဆေးနေတယ်လို့ ဆိုပြီး မကြာခင်မှာ ကျေနပ်လောက်တဲ့အဖြေပေးနိုင်မယ်လို့ အကြောင်းပြန်ထားပါတယ်။ ဂါဟစ်ဟာ iPhone 6 အားသွင်းစဉ်မှာ Original အားသွင်းကြိုးသုံးထားသလား ၊ တစ်ခြား third party cable သုံးထားလားဆိုတာတော့ မသိရပါဘူး။ ဘာပဲဖြစ်ဖြစ် စမတ်ဖုန်းမီးလောင်ပေါက်ကွဲမှုများရဲ့ အခြေခံအကြောင်းတရားကို ကြည့်မယ်ဆိုရင် ဘက်ထရီချို့ ယွင်းချက်ကြောင့်ပဲ ပြောနေကြပေမယ့် တကယ်တမ်း သုံးစွဲသူရဲ့ စနစ်တကျ မသုံးတတ်မှုကိုလည်း ထည့်ပြောရမှာ ဖြစ်ပါတယ်။

Via : DUWUN

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.