Fortnite ဂိမ်းကြောင့် အိမ်ထောင်ကွဲမှုပေါင်း ရာချီ ရှိလာ | iT Guider
News

Fortnite ဂိမ်းကြောင့် အိမ်ထောင်ကွဲမှုပေါင်း ရာချီ ရှိလာ

Fortnite Game
Written by iT Guider

                Fortnite ဂိမ်းကြောင့် အိမ်ထောင်ရေးမှာ အဆင်မပြေဖြစ်နေပါသလား။ ဒါဆိုရင်တော့ သင်တယောက်တည်း မဟုတ်ပါဘူး။ UK ရဲ့ အကြီးဆုံး ကွာရှင်းမှုအွန်လိုင်းဝန်ဆောင်ရေးကုမ္ပဏီတခုဖြစ်တဲ့ Divorce-online.com ကနေ ထုတ်ပြန်ခဲ့တဲ့ စာရင်းအရ ယခုနှစ်အတွင်း ရရှိခဲ့တဲ့ ကွာရှင်းမှုလျှောက်ထားလွှာတွေထဲက ၅ ရာခိုင်နှုန်းဟာ Fortnite နဲ့ တခြား အွန်လိုင်းဂိမ်းတွေကြောင့် ကွာရှင်းရကြောင်း အကြောင်းပြထားတယ်လို့ သိရပါတယ်။

                Divorce-online.com ကနေ ယခုနှစ်အတွင်း ကွာရှင်းမှုလျှောက်ထားလွှာပေါင်း ၄,၆၆၄ စောင် ရရှိခဲ့ပြီး၊ လျှောက်လွှာ ၂၀၀ လောက်မှာ Fortnite နဲ့ အွန်လိုင်းဂိမ်းတွေကို ကွာရှင်းရခြင်းအကြောင်းပြချက်အဖြစ် ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

                “ ကျနော်တို့ရဲ့ ဒီဂျစ်တယ်စွဲလမ်းမှုတွေကြောင့် အချစ်ရေး၊အိမ်ထောင်ရေးပြဿနာတွေ အဖြစ်များလာတာ သိပ်တော့ အံ့သြစရာမရှိပါဘူး။ အင်တာနက်ပေါ်ထွက်လာမှုဟာလည်း အိမ်ထောင်ရေးပြဿနာအများအပြားရဲ့ အခြေခံ အကြောင်းတရားဖြစ်ပြီး၊ မူးယစ်ဆေး၊ အရက်နဲ့ လောင်းကစားတို့နဲ့ အမီလိုက်လာပြီ ဖြစ်ပါတယ်” လို့ Website မှာ ရေးသားဖော်ပြခဲ့ပါတယ်။

                အွန်လိုင်းဂိမ်းတွေထဲမှာ ရေပန်းအစားဆုံးဂိမ်းတခုဖြစ်တဲ့ Fortnite ဟာ လက်ရှိမှာ အကောင့်ဖွင့်ကစားသူပေါင်း ၁၂၅ သန်းကျော်ရှိပြီး၊ အချိန်တိုင်းမှာ ကစားသူအရေအတွက် သန်းကျော် အမြဲတမ်းရှိတဲ့ ဂိမ်းတခုဖြစ်ပါတယ်။

                ဂိမ်းစွဲလန်းမှုဟာ အကြီးအကျယ်အငြင်းပွားစရာအကြောင်းအရာတခုဖြစ်ပေမယ့်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ကိုယ်တိုင်က ဂိမ်းစွဲလန်းမှုကို စိတ်ကျန်းမာရေးဝေဒနာတခု (Mental health disorder) အဖြစ် တရားဝင် သတ်မှတ်ထား ပြီးဖြစ်ပါတယ်။

                ဒီစွဲလန်းမှုကို ပပျောက်အောင် ကုသပေးမယ့် စင်တာတွေလည်း ပေါ်ပေါက်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် ဗီဒီယိုဂိမ်းတွေဟာ အကြမ်းဖက်မှုကို အားပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ Esports ကို အိုလံပစ်မှာ ထည့်သွင်းဖို့ကိုလည်း အိုလံပစ်ကျင်းပရေး ကော်မတီဥက္ကဋ္ဌက ယခုလအစောပိုင်းမှာ ငြင်းဆန်ခဲ့ပါသေးတယ်။

Ref: Tech Spot
Sources from : https://burma.irrawaddy.com/business/it/2018/09/17/170021.html

About the author

iT Guider

Success is the far side of failure.

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.