လာမယ့် ငါးနှစ်မှာ မောင်းသူမဲ့ဘတ်စ်ကား စကာင်္ပူမှာ ပြေးဆွဲတော့မည်

လက်ရှိမှာတော့ မောင်းသူမဲ့ကားများကို စမ်းသပ်နေတဲ့ ကုမ္ပဏီအနည်းဆုံး ၁၀ ခုမက ရှိနေပါတယ်။ စကာင်္ပူနိုင်ငံရဲ့ အများပြည်သူသုံး သယ်ယူပို့ ဆောင်ရေး ချန်နယ်သစ် ဖြစ်လာမယ့် မောင်းသူမဲ့ဘတ်စ်ကားများကို လာမယ့် ၂၀၂၀ ခုနှစ်မှာ တွေ့ မြင်ရတော့မှာပါ။

စကာင်္ပူမှာ သုံးမယ့် မောင်းသူမဲ့ဘတ်စ်များဟာ ယာဉ်ကြောသိပ်မကျပ်တဲ့ လမ်းတွေမှာ စတင်ပြေးဆွဲသွားမှာ ဖြစ်ပြီး နီးနီးနားနား ရထားဆိပ် ၊ ကားဂိတ်တွေကို သွားဖို့ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ မောင်းသူမဲ့ကားနည်းပညာဟာ စကာင်္ပူနိုင်ငံရဲ့ မြေပြင် အနေအထားနဲ့ လိုက်ဖက်သလို လူ့ စွမ်းအားအရင်းအမြစ် မလုံလောက်ခြင်းများအတွက်ပါ အထောက်အကူ ဖြစ်စေမယ်လို့ ဆိုပါတယ်။

ဒီနည်းပညာနဲ့ ပတ်သက်ပြီး စကာင်္ပူသယ်ယူပို့ ဆောင်ရေး ဝန်ကြီးဖြစ်သူ ခေါဘွန်းဝမ်က ” အလိုအလျောက်မောင်းနှင်တဲ့ ယာဉ်တွေဟာ သွားလာရေးခက်ခဲသူများ ၊ သက်ကြီးရွယ်အို နဲ့ ကလေးသူငယ်များအတွက် သွားရေးလာရေးပိုင်းမှာ အဆင့်မြှင့်တင်ပေးနိုင်သလို ကျွန်တော်တို့ ရဲ့ အများပြည်သူသယ်ပို့ စနစ်ရဲ့ ဆက်သွယ်မှုပိုင်းကိုလည်း ပိုကောင်းစေမှာပါ” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မောင်းသူမဲ့ကားများကို စမ်းသပ်နေတဲ့ ကုမ္ပဏီအနည်းဆုံး ၁၀ ခုမက ရှိနေပြီး အစိုးရပိုင်းကလည်း မောင်းသူမဲ့ကား စမ်းသပ်ဖို့ Test Center တစ်ခု ဖွင့်လှစ်ပြီး ခွင့်ပြုထားပါတယ်။ မြေနေရာရှားပါးခြင်းကြောင့်ပဲ မြို့ ပြအနာဂါတ်သယ်ယူပို့ ဆောင်ရေး ယာဉ်နည်းပညာများဟာ စကာင်္ပူအတွက် အခွင့်အလမ်း ဖြစ်လာတယ်လို့ ဝန်ကြီး ခေါဘွန်းဝမ်က ပြောထားပါတယ်။ အခု အသစ်ဖွင့်လှစ်ထားတဲ့ Test Center ဌာနမှာတော့ မောင်းသူမဲ့ ကားစမ်းသပ်လိုတဲ့ developers များကို ဖိတ်ခေါ် ခွင့်ပြုထားသလို လမ်းပေါ် တက်မယ့် မောင်းသူမဲ့ ယာဉ်အတွက် စိန်ခေါ်ချက်များ ဖြစ်တဲ့ မိုးကြီးခြင်း ၊ လမ်းသွားလမ်းလာများ လမ်းကူးခြင်း ၊ ဆိုင်ကယ်နဲ့ တစ်ခြား ယာဉ်မောင်းများကို သိရှိရှောင်ကွင်းနိုင်ခြင်း များကို စိတ်ကြိုက်စမ်းသပ်နိုင်တော့မှာ ဖြစ်ပါတယ်။

စကာင်္ပူအစိုးရအဖွဲ့ ဟာ လူမောင်းယာဉ်များနေရာမှာ မောင်းသူမဲ့ဘတ်စ်များနဲ့ အစားထိုးဖို့ တင်မဟုတ်ဘဲ နောက်များမှာ စမတ်ဖုန်းသုံးပြီး မောင်းသူမဲ့ကားငှားနိုင်အောင်အထိ အကောင်အထည်ဖော်သွားဖို့ ကြိုးပမ်းနေတာပါ။ အရှေ့ တောင်အာရှတစ်ခွင်မှာတော့ လမ်းစနစ်နဲ့ အများပြည်သူ သယ်ပို့ စနစ်အဆင့်မြင့်တဲ့ စကာင်္ပူဟာ တစ်ခြားနိုင်ငံတွေရဲ့ မြို့ ကြီးပြကြီးတွေနဲ့ ယှဉ်ရင် ယာဉ်ကြော ပိတ်ဆို့ မှု အတော်နည်းတာကြောင့် မောင်းသူမဲ့ကားနည်းပညာကို အနာဂါတ်သယ်ပို့ စနစ်အဖြစ် လက်ခံဖို့ ခေါင်းဆောင်များမှ စိတ်အားထက်သန်နေတာလည်း ဖြစ်ပါတယ်။

Via : DUWUN

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.