Pages ၈ဝဝ ကျော် Facebook ပိတ်သိမ်း | iT Guider

အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲအကြို သတင်းစိစစ်မှုတစ်ခုလို့ဆိုရမှာပါ။

                အမေရိကန်လူမှုကွန်ရက်သုံးသူများအတွက် သတင်းသန့်စင်ရေး အစီအစဉ်ကို Facebook ကတော့ အကောင်အထည်ဖော်နေပါတယ်။

Photo: Mashable

Photo: Mashable

                ကြာသာပတေးနေ့က Facebook ရဲ့ ထုတ်ပြန်ချက်မှာ သတင်းမှားတွေနဲ့ရေလိုက်လွဲသတင်းတွေ ဖြန့်နေတဲ့ အကောင့်တုပေါင်း ၂၅၁ ခု နဲ့စာမျက်နှာပေါင်း ၅၅၉ ခုကို ဖယ်ရှားလိုက်ပြီလို့ဆိုပါတယ်။ ဒါကတော့ အမေရိကန်တစ်နိုင်ငံတည်းမှာ တွေ့ရှိရတဲ့ အကောင့်တုနဲ့ Page တွေရဲ့ အရေအတွက်ပဲ ဖြစ်ပါတယ်။

                Facebook ဖယ်ရှားခဲ့တဲ့ ရာနဲ့ချီတဲ့ အကောင့်တွေထဲက တစ်ခုက Follower ၃ သန်းကျော် ရှိတဲ့ Right Wing News ဆိုတဲ့အကောင့်နဲ့ Followers ၂ သိန်း ၄ သောင်း ရှိတဲ့ The Resistance အကောင့်တို့ဆိုရင် နိုင်ငံရေး လံကြုပ်သတင်းတွေ ဖြန့်နေတယ်လို့ဆိုပါတယ်။ နိုင်ငံရေးမှာ ဝင်စွက်ဖက်မှုတွေ ရှိနေတယ်ဆိုပြီး ဖိအားပေးခံနေရတဲ့ Facebook ဟာ နိုင်ငံရေး သတင်းတု ဖြန့်တဲ့အကောင့်တွေကို ဦးတည်ပြီး တိုက်ခိုက်လာတာပါ။

                ” သတင်းတု ဖြန့်တဲ့ နောက်ကွယ်က လူတွေဟာ အလားတူ လုပ်ကြံပို့စ်တွေကို ဒါဇင်နဲ့ချီတဲ့ Facebook Groups တွေမှာ တင်နေတာ တွေ့ရပါတယ်။ တစ်ချို့ဆို လူစိတ်ဝင်စားအောင် နာရီပိုင်းအတွင်း အကြိမ်ပေါင်း ရာနဲ့ချီပြီး တင်နေပါတယ် ” လို့ Facebook ရဲ့ ဘလော့ဂ်မှာ တင်ထားပါတယ်။

Photo: Bloomberg

Photo: Bloomberg

                Facebook ဟာ အမေရိကန်ပြင်ပမှာလည်း အလားတူ ကမ်ပိန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။အထူးသဖြင့် အမေရိကန်နိုင်ငံရေးနဲ့ဆက်နွှယ်ပြီး သတင်းတုတွေ တင်နေတဲ့ အီရန်နဲ့ရုရှားမှ ဒါဇင်နဲ့ချီတဲ့ Pages တွေကိုလည်း အရေးယူမှု လုပ်ဆောင်ခဲ့ပါတယ်။ အခုလုပ်ဆောင်မှုကတော့ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲအကြို သတင်းစိစစ်မှုတစ်ခုလို့ဆိုရမှာပါ။

                ပြီးခဲ့တဲ့ သြဂုတ်လထဲမှာလည်း Facebook ဟာ Followers ၁.၃ သန်းကျော် ရှိထားတဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကောင့်အပါအဝင် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းပေါင်း ၂ဝ ကို ဖယ်ရှားလိုက်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။

                သြဂုတ်လဆန်းပိုင်းကပဲ Facebook ဟာ အမုန်းစကားပြောဆိုတယ်ဆိုပြီး မြန်မာနိုင်ငံမှ ဆရာတော် ၃ ပါးနဲ့အဖွဲ့အစည်းတစ်ချို့ကို အရေးယူခဲ့ပါတယ်။

Originally published at - http://www.duwun.com.mm/tech/tech_news/pages-facebook-id8973595.html

About the author

iT Guider

Success is the far side of failure.

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.