ကင်မရာ နှစ်လုံးသုံးထားကြတဲ့ XIAOMI MI 6X နဲ့ MI 7 တို့ ရဲ့ ဒီဇိုင်းများ ထွက်ပေါ်
Mobile

ကျောဘက် ကင်မရာ နှစ်လုံးသုံးထားကြတဲ့ XIAOMI MI 6X နဲ့ MI 7 တို့ ရဲ့ ဒီဇိုင်းများ ထွက်ပေါ်

Written by iT Guider

XIAOMI MI 6X နဲ့ MI 7

ဈေးကွက်ထဲ ဝင်မယ့် အချိန်ချင်း မတူပေမယ့် ၂၀၁၈ ပထမ ခြောက်လတစ်ဖြတ်အတွက် စောင့်ကြည့်ရမ့် Xiaomi ရဲ့ နာမည်ကြီး ဖုန်းသစ်နှစ်လုံးရဲ့ ဒီဇိုင်းပုံများ ထွက်ပေါ်လာနေပြီ ဖြစ်ပါတယ်။

Xiaomi Mi 7

Xiaomi Mi 5X ရဲ့ အဆက် အလတ်တန်းစား Mid-range ဖုန်းဖြစ်တဲ့ Xiaomi Mi 6X နဲ့ ရှေ့ လ MWC 2018 ပွဲမှာ ကြေငြာသွားဖို့ ရှိတဲ့ Xiaomi Mi 7 တို့ ဟာ ဈေးနှုန်းနဲ့ သုံးထားတဲ့ Specs ကွာခြားပေမယ့် ဒီဇိုင်းပိုင်းမှာတော့ အတော်များများ တူနေတာတွေ့ ရပါတယ်။

ယေဘုယျတူတဲ့ အချက်က ဖုန်းနှစ်လုံးစလုံးဟာ ကိုယ်ထည်အချိုးအစားမှာ 18:9 Aspect ratio သုံးထားတာ ဖြစ်ပြီး Full-screen display ဒီဇိုင်းနဲ့ ပဲ လာဖို့ ရှိပါတယ်။ ကျောဘက်မှာ Dual Camera သုံးတဲ့ အချက်လည်းတူပြီး ထောင်လိုက်နဲ့ အလျားလိုက် ကင်မရာစနစ် ထားရှိပုံပဲ ကွာပါတယ်။ Mi 6X ရော Mi 7 ပါ ကျောဘက်မှာ Fingerprint Sensor သုံးသွားမှာ သေချာသလောက် ရှိပါတယ်။

Xiaomi Mi 6X

ဒီဖုန်းနှစ်လုံးစလုံးမှာ Xiaomi Mi 7 ဟာ High-end ဖုန်းဖြစ်ပြီး Wireless Charging ပါမယ်လို့ သတင်းပြေးနေတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။ ကျောဘက်မှာ အလျားလိုက် Dual Camera စနစ်ကို LED flash နဲ့ အတူ Render ပုံမှာ တွေ့ ရပါတယ်။ မျက်နှာပြင် ၆ လက်မ OLED display သုံးထားတဲ့ ဒီဖုန်းဟာ ဘေးဘောင်ပါးဒီဇိုင်းစြဖ်ပြီး Face Unlock စနစ်ကိုပါ သုံးသွားမယ်လို့ ဆိုပါတယ်။ ထူးခြားတာက ဒီဖုန်းဟာ ကမ္ဘာ့စမတ်ဖုန်းလောကမှာ Snapdragon 845 chipset ကို ပထမဆုံး သုံးမယ့် ဖုန်းဖြစ်ဖို့ ရှိပါတယ်။

Xiaomi Mi 6X ကတော့ ထောင်လိုက် ကင်မရာနှစ်လုံးတွဲ စနစ်နဲ့ လာဖို့ ရှိပြီး ဒီဖုန်းကိုပဲ အိန္ဒိယလို ဈေးကွက်မျိုးမှာ Xiaomi Mi A2 နာမည်နဲ့ ထွက်လာဖို့ ရှိပါတယ်။ သူ့ အရင်ဗားရှင်းဖြစ်တဲ့ Xiaomi Mi 5X ကိုတော့ အိန္ဒိယဈေးကွက်မှာ Xiaomi Mi A1 ဆိုပြီး မိတ်ဆက်သွားခဲ့ပါတယ်။ Mi 6X မှာတော့ သိပ်ပြီး ပြောစရာ မရှိပါဘူး ဈေးကွက်ထဲကိုတော့ ဇွန်လလောက်မှ ရောက်ဖို့ ရှိပါတယ်။

Via : DUWUN

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.