လကုန်မှာ မိတ်ဆက်မယ့် Honor Magic 2 | iT Guider

                HUAWEI ရဲ့ Brand အခွဲဖြစ်တဲ့ Honor ကနေပြီး OPPO နဲ့ VIVO တို့ကို ယှဉ်ပြိုင်ဖို့အတွက် သူ့ရဲ့နောက်ဆုံးထုတ် Kirin 980 SoC အသုံးပြုထားတဲ့ ဖုန်း အသစ်တစ်လုံးကိုမိတ်ဆက်တော့မယ်လို့သိရပါတယ်။ သြဂုတ်လ အစောပိုင်းက Berlin မြို့မှာကျင်းပခဲ့တဲ့ IFA ပွဲမှာ ပထမဆုံး အကြိမ်အဖြစ် Tease လုပ်ခဲ့တဲ့ HUAWEI Brand ခွဲ Honor ရဲ့ ဖုန်းအသစ် Honor Magic 2 ရဲ့ တရားဝင် Teaser ကိုမနေ့က ဖြန့်ဝေလိုက်ပါတယ်။

Honor Magic 2

                Teaser အရ Honor Magic 2 ကို အောက်တိုဘာ ၃၁ ရက်နေ့မှာ မိတ်ဆက်မယ်ဆိုတာလွဲပြီး တစ်ခြားအချက်အလက်တွေတော့ မသိရပါဘူး။ အဆိုပါ Honor Magic 2 ကို မိတ်ဆက်မယ့် အောက်တိုဘာ ၃၁ ရက်မှာ Nubia ရဲ့ဖုန်းအသစ် Nubia X ကိုလည်းမိတ်ဆက်မှာပါ။ Teaser အရ Honor Magic 2 မှာ Screen-to-Body Ratio 100% ရှိပြီး Selfie ကင်မရာအတွက် Slider လေးထည့်သွင်းပေးထားပါတယ်။

                Honor Magic 2 ဟာ Selfie ကင်မရာကို Slider ထဲထည့်သွင်းပေးထားတဲ့ ပထမဆုံးဖုန်းတစ်လုံးမဟုတ်ပဲ OPPO Find X နဲ့ VIVO NEX တို့မှာတွေ့နေကျ နည်းပညာတစ်ခုဖြစ်ပါတယ်။ ထူးခြားချက်က Honor Magic 2 ရဲ့ Slider က တစ်ခြားဖုန်းတွေလို မော်တာနဲ့မဟုတ်ပဲ လက်နဲ့ တွန်းဖွင့်ရမှာပါ။ Slider အဖွင့်အပိတ်ကိုလည်း AI Feature တွေနဲ့ အားဖြည့်ပေးသွားမယ်လို့သိရပါတယ်။

Honor Magic 2

Honor Magic 2

               Huawei Mate 20 မှာလိုပဲ Kirin 980 SoC သုံးသွားမယ့် Honor Magic 2 မှာ In-Display Fingerprint Scanner ပါဝင်ပြီး နောက်ကျောဘက် Dual AI Camera ပါဝင်မှာပါ။ ဘက်ထရီ ပမာဏလည်း ပိုမိုပါဝင်လာပြီး 40W ရှိတဲ့ အားသွင်းမြန်စနစ်လည်းထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။

From - Giz China
Originally published at - http://mytechmyanmar.com/honor-magic-2-will-be-announced-on-end-of-this-month/

About the author

iT Guider

Success is the far side of failure.

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.