iPhone သစ်အတွက် OLED Display ကို LG မှ ထုတ်လုပ်ပေးသွားဖို့ ရှိ
Mobile Tech

မျက်နှာပြင်အကြီးဆုံး iPhone သစ်အတွက် OLED Display ကို LG မှ ထုတ်လုပ်ပေးသွားဖို့ ရှိ

iPhone X Plus လို့ နာမည်ပေးသွားဖို့ ရှိနေပါတယ်။ တောင်ကိုရီးယားမှ နာမည်ကျော် Display ကုမ္ပဏီ LG ဟာ Apple ရဲ့ iPhone သစ်အတွက် Display Supplier ဖြစ်သွားဖို့ ရှိနေပါတယ်။

Apple ဟာ ၂၀၁၈ ခုနှစ်ထဲမှာ မျက်နှာပြင် ၅.၈ လက်မနဲ့ မျက်နှာပြင် ၆.၅ လက်မ ဆိုပြီး iPhone သစ် နှစ်မျိုး မိတ်ဆက်ဖို့ ရှိနေပါတယ်။ ဖုန်းနှစ်မျိုးစလုံးဟာ OLED Display သုံးသွားမှာ ဖြစ်ပြီး ဒီထဲမှာ မျက်နှာပြင် အငယ်စား iPhone အတွက် OLED display ကို Samsung Display မှ ထုတ်လုပ်ပေးသွားမယ်လို့ သတင်းထွက်နေပါတယ်။ LG Display ကတော့ မျက်နှာပြင် ၆.၅ လက်မ OLED Display သုံး iPhone အတွက် OLED Panels များ ထုတ်လုပ်ပေးသွားမှာပါ။ ဒီဖုန်းကတော့ Plus မော်ဒယ်ဖြစ်ပြီး iPhone X Plus လို့ နာမည်ပေးသွားဖို့ ရှိနေပါတယ်။

Apple ဟာ အစောပိုင်းကတည်းက ယခုနှစ်ထွက် iPhone သစ်များမှာ OLED Display သုံးနိုင်ဖို့ supplier များ ရွေးချယ်နေပြီး ဒီသတင်းသာ မှန်မယ်ဆိုရင်တော့ LG အတွက် မင်္ဂလာသတင်းလို့ ဆိုနိုင်ပါတယ်။ Apple ဟာ LG ရဲ့ OLED Display ထုတ်လုပ်ရေးမှာ ဒေါ်လာ ၂.၇ ဘီလျံထိ ရင်းနှီးမြှပ်နှံထားတယ်လို့ ဆိုပါတယ်။ LG ဟာ လာမယ့် နှစ်ထဲမှာ iPhone အတွက် OLED panel များကို လစဉ် ၄၅၀၀၀ အထိ ထုတ်လုပ်သွားဖို့ ရည်မှန်းထားပြီး တောင်ကိုရီးယားနိုင်ငံ ပါဂျူရှိ စက်ရုံကနေ ခေါက်နိုင်တဲ့ OLED ထုတ်လုပ်မှုများ စတင်သွားဖို့ ရှိနေပါတယ်။

စိတ်ဝင်စားဖို့ ကောင်းတဲ့ တစ်ချက်က Google ဟာလည်း သူ့ ရဲ့ Pixel စမတ်ဖုန်းသစ်များရဲ့ OLED display ပိုင်းအတွက် LG Display မှာ ကိုရီးယားဝမ် ၁ ထရီလီယံ (ဒေါ်လာ သန်း ၉၀၀ ဝန်းကျင်) ရင်းနှီးမြှပ်နှံလာတာ ဖြစ်လို့ LG Display အတွက် အလားအလာ မြင့်မားလာနေပါတယ်။ LG ဟာ ၂၀၁၇ ခုနှစ်ထုတ် iPhone 8 နဲ့ 8 Plus အတွက် LCD Display များကိုထုတ်လုပ်ပေးခဲ့တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.