Redmi Note 6 Pro ကို တရားဝင် မိတ်ဆက်လိုက်ပြီ - iT Guider
Mobile

Redmi Note 6 Pro ကို တရားဝင် မိတ်ဆက်လိုက်ပြီ

Redmi Note 6 Pro
Written by iT Guider

                Redmi Note 6 Pro ဆိုတာ Xiaomi ပရိတ်သတ်တွေ မျှော်လင့်စောင့်စားနေကြတဲ့ ဖုန်းတစ်လုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ Redmi Note 5 Pro ဟာ Budget စမတ်ဖုန်းလောကမှာ နာမည်ကျော်ကြား လူကြိုက်များတဲ့ ဖုန်းအဖြစ် ရပ်တည်နိုင်ခဲ့လို့ပါ။ ဒီနေ့မှာတော့ Xiaomi အနေနဲ့ Redmi Note 6 Pro ကို ထိုင်းနိုင်ငံမှာ တရားဝင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

Redmi Note 6 Pro

Xiaomi Redmi Note 6 Pro Specifications

                Redmi Note 6 Pro ရဲ့ Display အပိုင်းအတွက် ၆.၂၆လက်မ မျက်နှာပြင်အကျယ်ရှိ Full-HD+ LCD Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2280 pixels ရှိပါတယ်။ Processor အပိုင်းအတွက် Redmi Note 5 Pro မှာ သုံးခဲ့တဲ့ Snapdragon 636 SoC အသုံးပြုထားပြီး RAM အနေနဲ့ 4GB ပါဝင်မှာပါ။ Memory Storage ကိုတော့ 64GB ထည့်သွင်းပေးထားပါတယ်။

Redmi Note 6 Pro

Redmi Note 6 Pro

                ကင်မရာ အပိုင်းအတွက် 12MP+5MP Camera တွေကို နောက်ကျောဘက်မှာ တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 20MP+2MP Camera တွေကို တပ်ဆင်ထားပါတယ်။ Security အပိုင်းအတွက် Fingerprint Sensor အသုံးပြုနိုင်မှာ ဖြစ်သလို AI Face Unlock စနစ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏက 4000mAh ပါဝင်မှာ ဖြစ်ပါတယ်။

                Redmi Note 5 Pro ကို အရောင်တွေအနေနဲ့ Black, Blue, နဲ့ Rose Gold ဆိုပြီး အရောင် ၃မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပြီး ထိုင်းနိုင်ငံမှာ ရောင်းချသွားမယ့် ဈေးနှုန်းကတော့ ထိုင်းဘတ် ၆၉၉ဝ (မြန်မာငွေ ၃၃၅,ဝဝဝ ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။

From – gadgets.ndtv
Originally published at – http://mytechmyanmar.com/redmi-note-6-pro-2/

About the author

iT Guider

Success is the far side of failure.

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.