ပစ္စည်းပြတ်လပ်တဲ့အထိ ရောင်းအားကောင်းခဲ့တဲ့ Red Mi Note 5 Pro
Mobile Tech

စက္ကန့် ပိုင်းအတွင်း ပစ္စည်းပြတ်လပ်တဲ့အထိ ရောင်းအားကောင်းခဲ့တဲ့ Red Mi Note 5 Pro

Written by iT Guider

Red Mi Note 5 Pro

Xiaomi India ရဲ့ ရောင်းအားအကောင်းဆုံးစံချိန်ပါ။ အိန္ဒိယဈေးကွက်ထဲ ပြီးခဲ့တဲ့ တစ်ပတ်က မိတ်ဆက်သွားခဲ့တဲ့ Redmi Note 5 Pro ကတော့ စမတ်ဖုန်း Flash Sale မှာ စံချိန်သစ် တင်ခဲ့ပြီ ဖြစ်ပါတယ်။

Xiaomi India ရဲ့ Twitter မှာတော့ ၃ မိနစ်အတွင်း Redmi Note 5 Pro အလုံးရေ ၃ သိန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ ဖော်ပြထားပေမယ့် တကယ်တမ်း ဒီ Tweet အောက်မှာ ဖုန်းဝယ်သူများက reply ရေးထားရာမှာတော့ စရောင်းပြီး ၁၀ စက္ကန့် အတွင်း Out of Stock ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။

တစ်ချို့ အော်ဒါတွေဆို Cancel လုပ်လိုက်ရတဲ့ အထိ ပစ္စည်းပြတ်သွားခဲ့တာပါ။ Redmi Note 5 Pro ရဲ့ ပထမဆုံး ချရောင်းတဲ့ Flash Sale ဟာ အိန္ဒိယဈေးကွက် Xiaomi ရဲ့ အကြီးဆုံး စမတ်ဖုန်းရောင်းချမှုအဖြစ် မှတ်တမ်းဝင်သွားပါတယ်။

Redmi Note 5 Pro ကို Mi.com နဲ့ Flipkart အွန်လိုင်း စတိုးများမှာ ဒီလကုန် ဖေဖော်ဝါရီ ၂၈ ရက်နေ့ အထိ ရောင်းချသွားဖို့ စီစဉ်ထားတာပါ။ ဈေးကွက်မှာတော့ Redmi Note 5 Pro ကို ရှန်ပိန်ရွှေ ၊ ပန်းနုရောင် ၊ အပြာနုရောင်နဲ့ အနက်ရောင် ၄ မျိုးနဲ့ ရောင်းချနေတာ ဖြစ်ပြီး Redmi စီးရီးထဲမှာ ပထမဆုံး Snapdragon 636 Soc ၊ RAM 6GB သုံးထားတာပါ။

အနိမ့်ဆုံးဗားရှင်းကတော့ RAM 4GB/storage 64GB ဗားရှင်းဖြစ်ပါတယ်။ နောက်ထပ် ထူးခြားတာက ဒီဖုန်းဟာ Redmi Note စီးရီးများထဲမှာ ပထမဆုံး ကျောဘက် 12MP + 5 MP Dual Camera စနစ်ကို ဒီဖုန်းမှာ သုံးလာခဲ့တာ ဖြစ်ပြီး ကင်မရာဒီဇိုင်းကလည်း iPhone X လို ထောင်လိုက်ကျောဘက် ကင်မရာဒီဇိုင်း ဖြစ်ပါတယ်။

မကြာခင်မှာ Xiaomi ရဲ့ ကိုယ်ပိုင် Face Unlock နည်းပညာသုံးသွားမယ်ဆိုတဲ့ ဒီဖုန်းဟာ အနိမ့်ဆုံး ဗားရှင်းကို ၁၃၉၉၉ ရူပီး (မြန်မာငွေ ၂ သိန်း ၈ သောင်းခွဲကျော်) နဲ့ အမြင့်စား RAM 6GB ဗားရှင်းကတော့ ၁၆၉၉၉ ရူပီး (မြန်မာငွေ ၃ သိန်းခွဲခန့် ) ဈေးနဲ့ ရောင်းချနေတာပါ။ ဒီဖုန်းနဲ့ အတူ အိန္ဒိယဈေးကွက်ထဲ ပထမဆုံး မိတ်ဆက်သွားတဲ့ ကမ္ဘာ့အပါးလွှာဆုံး Mi LED TV 4 စမတ်TV ကလည်း Flash Sale မှာ စက္ကန့် ပိုင်းအတွင်း ရောင်းအားပြတ်သွားတယ်လို့ ဆိုပါတယ်။

This contents is contributed by : duwun.com.mm/tech

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.