လက်တစ်ဖက်တည်းနဲ့ သုံးလို့ ရမယ့် Mode ပါလာတဲ့ SONY XPERIA XZ2
Mobile Tech

လက်တစ်ဖက်တည်းနဲ့ သုံးလို့ ရမယ့် Mode ပါလာတဲ့ SONY XPERIA XZ2

SONY XPERIA XZ2
Written by iT Guider

SONY XPERIA XZ2

ဒီနှစ် မိတ်ဆက်ထားတဲ့ Sony Flagship ဖုန်းသစ်နှစ်လုံးဟာ ဒီဇိုင်းပိုင်းတင် ပြောင်းသွားတာ မဟုတ်ပါဘူး။ အထူးသဖြင့် အမြင့်ဗားရှင်းဖြစ်တဲ့ Xperia XZ2 မှာဆို အတော်လေး အသုံးဝင်တဲ့ Features နဲ့ လုပ်ဆောင်ချက်တွေပါ ထည့်သွင်းထားတာ တွေ့ ရပါတယ်။

Windows 10 License

၁၀၀ % စိတ်ချယုံကြည်စွာ ၀ယ်ယူနိုင်ပါတယ်

မျက်နှာပြင် ၅.၇ လက်မ ဆိုတာ ခပ်သေးသေး Display တော့ မဟုတ်ပါဘူး။ 18:9 Screen နဲ့ လာတာကြောင့် ကိုယ်ထည်ဒီဇိုင်းက ခပ်ရှည်ရှည် နဲ့ ဘေးဘောင်တွေ သိသိသာသာ ပါးသွားပြီး Screen ပိုကျယ်လာတဲ့ ဒီဖုန်းကို သုံးမယ်ဆိုရင် လက်နှစ်ဖက် စုံကိုင်ပြီးမှ သုံးလို့ ရမှာပါ။ ဒီအခြေအနေကို Sony ဟာ လက်တစ်ဖက်တည်းနဲ့ ဖုန်းသုံးလို့ ရမယ့် One-Handed Mode နဲ့ UI ပိုင်းကို ပြောင်းပေးထားလို့ အတော်လေး အဆင်ပြေသွားပါတယ်။ Android Oreo နဲ့ အတူ ထွက်လာတဲ့ Sony Xperia UI သစ်မှာ Software ပိုင်း mode သစ် နှစ်ခု ပါလာပါတယ်။ တစ်ခုက Night Light mode ဖြစ်ပြီး နောက်တစ်ခုက One-Handed Mode ပါ။Hand Mode

Night Light Mode ကတော့ Display အရောင်ကို ညပိုင်းသုံးရာမှာ အဆင်ပြေဆုံး နဲ့ အိပ်စက်မှုကို အနှောင့်အယှက်အနည်းဆုံး ဖြစ်စေမယ့် အရောင်ကို ပြောင်းပေးသွားမှာ ဖြစ်ပါတယ်။ တကယ်စိတ်ဝင်စားဖို့ ကောင်းတာက One-Handed Mode ပါ။ သူကတော့ Display ကြီး ဖုန်းတွေနဲ့ အလိုက်ဖက်ဆုံး Feature ဖြစ်ပြီး လက်တစ်ဖက်တည်းနဲ့ ဖုန်းရဲ့ Function တွေကို သုံးနိုင်လာတာပါပဲ။ ဒီ Mode ပြောင်းထားမယ်ဆိုရင် မျက်နှာပြင် ၅.၇ လက်မအရွယ် Xperia XZ2 ကို အဆင်ပြေပြေ သုံးလို့ ရမှာ ဖြစ်ပါတယ်။

Sony Xperia XZ2 ဟာ Full HD+ (2880×1440) LCD နဲ့ လာတဲ့ဖုန်းဖြစ်ပြီး 18:9 Screen ကို ပထမဆုံး သုံးလာတဲ့ Sony ဖုန်းဖြစ်သလို အရင် ၂၀၁၃ ကတည်းက ဆက်တိုက်သုံးလာတဲ့ လေးထောင့်စပ် Xperia ဒီဇိုင်းများကို ပထမဆုံးအကြိမ် တော်လှန်ပြောင်းလဲထားတဲ့ ဖုန်းပါ ။ 960Fps စူပါစလိုးမိုးရှင်း အနှေးဗွီဒီယိုရိုက်ချက်တွေကို 4K ရုပ်ထွက်နဲ့ ရိုက်ကူးနိုင်တဲ့ ဒီဖုန်းမှာ နောက်ထပ်ထူးခြားတာက ရှေ့ ကင်မရာနဲ့ တွဲပြီး 3D ရုပ်ကြွပုံတွေ ရိုက်ကူးနိုင်တဲ့ 3D Creator Face-Scanning app ပါ။ ဒီ အက်ပလီကေးရှင်းဟာ 5MP ရှေ့ ကင်မရာနဲ့ ရိုက်တဲ့ပုံကို စကင်ဖတ်ပြီး 3D ပုံအဖြစ် ပြပေးနိုင်မှာပါ။ အသံပိုင်းမှာတော့ အရင် Xperia XZ1 ထက် ၂၀% အသံပိုကျယ်တဲ့ စတီရီယိုစပီကာတွေ သုံးလာတာ ဖြစ်ပါတယ်။

Qualcomm နောက်ဆုံးပေါ် Snapdragon 845 chipsetRAM 4GB/storage 64GB ပါရှိပြီး Liquid Black ၊ Liquid Silver ၊ Deep Green နဲ့ Ash Pink ကာလာ ၄ မျိုးနဲ့ လာတဲ့ ဒီဖုန်းတွေကို ဧပြီလဆန်းပိုင်းမှာ မိတ်ဆက်သွားမှာ ဖြစ်ပြီး ၆၉၉ ပေါင် (ဒေါ်လာ ၉၇၀ ခန့် ) ဈေးနဲ့ ရောင်းချသွားမှာပါ။

This contents is contributed by : duwun.com.mm/tech

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.