မှန်ပြင်ထဲ ကင်မရာထည့်သွင်းမယ့် နည်းပညာအတွက် MEIZU မူပိုင်ခွင့်ရရှိ
Mobile Tech

မှန်ပြင်ထဲ ကင်မရာထည့်သွင်းမယ့် နည်းပညာအတွက် MEIZU မူပိုင်ခွင့်ရရှိ

Written by iT Guider

Meizu M15 Plus Render

နောက်ပေါ် စမတ်ဖုန်းတွေဟာ Display ပိုင်းမှာ ဘောင်လုံးဝမသုံးနိုင်တဲ့အဆင့်ထိ ရောက်အောင် ကြိုးပမ်းလာတာ တွေ့ နေရပါတယ်။ ဘယ်လိုပဲ မှန်ပြင်ပြည့်အောင် ကြိုးစား ကြိုးစား မှန်ပြင်ပြည့် Display မှာ ပြဿနာတစ်ခုက ရှေ့ ကင်မရာအတွက်တော့ ဘောင်ထားနေရတုန်းပါပဲ။ ဒီပြဿနာအတွက် နည်းပညာသစ်ကို Meizu ဖုန်းတွေမှာ မကြာခင် မိတ်ဆက်သွားဖို့ ရှိပါတယ်။

တရုတ်စမတ်ဖုန်းကုမ္ပဏီ Meizu ဟာ In-Display Camera လို့ ခေါ်တဲ့ မှန်ပြင်အောက် ဖုန်းကင်မရာထည့်နိုင်တဲ့ နည်းပညာတစ်ရပ်ကို မူပိုင်ခွင့်တင်ထားတာ ဖြစ်ပါတယ်။ ဒီနည်းပညာဟာ တစ်ချိန်မှာ ဘောင်မလိုတဲ့ ဆယ်လ်ဖီကင်မရာများအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်လာဖို့ ရှိပါတယ်။ ဒီနှစ်ထွက်လာတဲ့ မျက်နှာပြင်ပြည့် ဖုန်းတော်တော်များများဟာ iPhone X ရဲ့ ရှေ့ ကင်မရာ Notch ဒီဇိုင်းကိုပဲ ကော်ပီသုံးထားတာ တွေ့ ရပါတယ်။ ASUS ZenFone 5Z စမတ်ဖုန်းသစ်မှာဆို ဒီသဘောတရားကို အသိသာဆုံး သုံးပြီး မိတ်ဆက်ထားတာ မြင်ခဲ့ရပါတယ်။

Meizu M15 Plus Render

Meizu ရဲ့ ဒီနည်းပညာကတော့ ကိုယ်ထည်ပါး မှန်ပြင်ပြည့် အနာဂါတ်ဖုန်းများအတွက် ရှေ့ ဆောင် နည်းပညာအဖြစ် သတ်မှတ်လို့ ရပါတယ်။ MWC 2018 ပွဲမှာ Vivo ဟာ မှန်ပြင်ပြည့်ဖုန်းအဖြစ် Vivo APEX ဆိုတဲ့ Concept phone ကို မိတ်ဆက်ခဲ့စဉ်က ထူးထူးခြားခြား အိမ်သက်သက်နဲ့ အရှင် ထုတ်နိုင် သိမ်းနိုင်တဲ့ Pop-up Selfie Camera ဒီဇိုင်းကို ပြသခဲ့ပါတယ်။ ဒီနည်းပညာကို သုံးပြထားတဲ့ Vivo APEX ဟာ သာမန်ဖုန်းတွေထက် ကိုယ်ထည် ထူထဲနေတာ မြင်သာနေပါတယ်။ Meizu ရဲ့ In-Display Fingerprint ကတော့ ဖုန်းကိုယ်ထည်အလှကို ထိခိုက်စေမှာ မဟုတ်ပါဘူး။

Windows 10 License

၁၀၀ % စိတ်ချယုံကြည်စွာ ၀ယ်ယူနိုင်ပါတယ်

ဖုန်းမှန်ပြင်အောက် လက်ဗွေထည့်တဲ့ Vivo X20 Plus UD ဖုန်းလိုမျိုး ခေတ်ရှေ့ ပြေး မော်ဒယ်ကို ဈေးကွက်မှာ မြင်နေပြီ ဖြစ်ပေမယ့် In-Display Camera ဖုန်းကတော့ မမြင်ဖူးသေးပါဘူး။ စိတ်ဝင်စားစရာ ကောင်းတာက ဒီနှစ်ထဲမှာ Meizu ဟာ ကုမ္ပဏီ ၁၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် Meizu M15 Plus ကို မိတ်ဆက်သွားမှာ ဖြစ်လို့ ဒီဖုန်းမှာ in-Display Camera စနစ် ပါလာမလားဆိုတာ စောင့်မျှော်ရဦးမှာပါ။

Ref : beebom.com

This contents is contributed by : duwun.com.mm/tech

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.