မြန်မာငွေ ၂ သိန်းကျော် ဈေးနဲ့ ထွက်လာတဲ့ MEIZU M6S - iT Guider
Mobile Tech

မြန်မာငွေ ၂ သိန်းကျော် ဈေးနဲ့ ထွက်လာတဲ့ MEIZU M6S

Written by iT Guider

Meizu M6s ကတော့ တကယ့် Mid-range ဖုန်းစစ်စစ် လို့ ဆိုရမှာပါ။ ဈေးနှုန်းအရရော ဒီဖုန်းမှာ ပါတဲ့ Specs တွေအရပါ Meizu M6s ဟာ ဈေးနှုန်းသင့် ဖုန်းချစ်သူများအကြိုက်တွေ့ မယ့် ဖုန်းတစ်လုံး ဖြစ်ဖို့ ရှိနေပါတယ်။

Meizu ရဲ့ M စီးရီးနောက်ဆုံးထွက် M6s ဟာ တန်ဖိုးသင့်ဖုန်းတစ်လုံး ဖြစ်ပေမယ့် အထက်အောက် ဘေးဘောင်ပါးလာတာကြောင့် Display ပိုလှလာသလို ကိုယ်ထည်ဒီဇိုင်းအချိုးအစားအရလည်း 18:9 aspect Ratio သုံးလာတာဖြစ်လို့ ဈေးကွက်ဝင်နာမည်ကြီး ဖုန်းတွေလို သပ်ရပ်လှပတဲ့ ဖုန်းတစ်လုံးအဖြစ်
မြင်ရမှာပါ။

Display ကို လေးဘက်လုံး ခုံးထားပြီး မျက်နှာပြင် ၅.၇ လက်မ 1440 x 720 resolution ပါရှိလို့ မျက်နှာပြင်အရွယ်အစား ပိုကြီးလာတာပါ။ processor ပိုင်းမှာလည်း Qualcomm ထုတ် Snapdragon chipset မသုံးဘဲ Samsung ထုတ် Six-core Exynos 7872 processor ကို ပြောင်းသုံးတာကလည်း
ထူးခြားတဲ့ အပြောင်းအလဲတစ်ခုလို့ ဆိုနိုင်ပါတယ်။

Meizu M6s Is Official

Meizu M6s မှာ အသစ်မြင်ရတဲ့ feature ကတော့ Fingerprint ကို ဖုန်းဘေးမှာပါတဲ့ ပါဝါခလုတ်ထဲ ထည့်သွင်းထားတာပါ။ Gesture ပိုင်းမှာလည်း Navigation gestures ဒီဇိုင်းကို Meizu ထုတ် mBack ကို သုံးထားတာ ဖြစ်ပါတယ်။ Meizu M6s မှာ ပါတဲ့ gesture သစ်ကို Halo button လို့ နာမည်ပေးထားပြီး
Background မှာ Run နေတဲ့ App များကို Shortcut သုံးနိုင်မှာပါ။ ဘက်ထရီစနစ်ကတော့ 3000 mAh ဘက်ထရီ ဖြစ်ပြီး နာရီဝက်အတွင်း ၅၂% အထိ အားအမြန်သွင်းနိုင်တဲ့ စနစ်ပါရှိတယ်လို့ ဆိုပါတယ်။ OS စနစ်ကတော့ Android 7.0 Nougat ဖြစ်ပြီး UI မှာတော့ Meizu ပိုင် Flyme 6 OS သုံးထားတာပါ။

ကင်မရာပိုင်းမှာတော့ f/2.0 Aperture 16MP ကျောဘက်ကင်မရာနဲ့ အသားအရေနဲ့ ပုံပန်းသဏ္ဍာန်စတာတွေကို ရိုက်နေရင်းပြင်ပေးနိုင်တဲ့ Beauty mode ပါ 8MP ကင်မရာ ဖြစ်တယ်လို့ ဆိုပါတယ်။ RAM အနေနဲ့ 3GB ပါရှိပြီး storage ကိုတော့ 32GB နဲ့ 64GB ဆိုပြီး နှစ်မျိုးနဲ့ ထွက်လာတာပါ။

ဈေးကွက်မှာတော့ဒီဖုန်းကို အနက် ၊ ငွေ ၊ ရွှေနဲ့ အပြာရောင် ကာလာ၎ မျိုးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ 32GB ဗားရှင်းကို ၁၅၅.၂၄ ဒေါ်လာ (မြန်မာငွေ ၂ သိန်းကျော်)နဲ့ 64GB ဗားရှင်းကို ၁၈၆.၃၁ ဒေါ်လာ (မြန်မာငွေ ၂ သိန်း ခွဲကျော်) ဈေးသတ်မှတ်ထားပါတယ်။

Via : DUWUN

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.