မြန်မာငွေ ၁ သိန်းခွဲသာ ကျသင့်မယ့် LG Zone 4 - iT Guider
Mobile News Tech

မြန်မာငွေ ၁ သိန်းခွဲသာ ကျသင့်မယ့် LG Zone 4

LG-Zone-4
Written by iT Guider
ဈေးနှုန်းသင့်တင့်ပြီး ကောင်းမွန်တဲ့ Smartphone တစ်လုံးပါ

LG က အမေရိကန်မှာ တန်ဖိုးနည်း Zone 4 ကို ကြေညာလိုက်ပါတယ်။ ပလတ်စတစ် ကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး မျက်နှာပြင်ရဲ့ အထက်နဲ့ အောက်မှ ဘောင်များဟာ ကြီးမားပါတယ်။ သူ့မှာ ၅ လက်မ LCD Display တပ်ဆင်ထားပြီး 1280x720p Resolution ဖြစ်ပါတယ်။ 64-bit Qualcomm Snapdragon 425 Chipset , 2GB RAM , 64GB Internal Storage များ ထည့်သွင်းပေးထားပါတယ်။ microSD Card Slot လည်း ပါပါတယ်။

အနောက်ဘက်မှာ 8MP Camera နဲ့ အရှေ့ဘက်မှာ 5MP Camera များ ပါပါတယ်။ ဘက်ထရီက 2500mAh ဖြစ်ပြီး Android 7.1.2 Nougat မောင်းနှင်ထားပါတယ်။ သူ့ရဲ့ အနောက်ဘက် ကင်မရာအောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။ ဒီိလို တန်ဖိုးနည်း စီးရီးများထဲမှာ လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်သွင်းထားတဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ LG က လွန်ခဲ့တဲ့ နှစ်နှစ်အကြာက ရောင်းချခဲ့တဲ့ Zone 3 မှာတော့ လက်ဗွေရာ အာရုံခံ ကိရိယာ မပါပါဘူး။

4G LTE, VoLTE , Wi-Fi 802.11 b/g/n, Bluetooth 4.2 တို့ကို ထောက်ပံ့ပါတယ်။ ၁၁၅ ဒေါ်လာသာ သတ်မှတ်ထားပြီး ရောင်းချမယ့် အချိန်နဲ့ နေရာကို မသိရသေးပါဘူး။ အပြာရောင်တစ်မျိုးသာ ထုတ်လုပ်ပေးထားပါတယ်။

Ref : Androidheadlines

This contents is contributed by : DigitalTimes.com.mm

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.