iPhone တွေ ဘက်ထရီမလဲခင်နဲ့ လဲပြီးချိန် စွမ်းဆောင်ရည်
iOS News Tech

iPhone တွေ ဘက်ထရီမလဲခင်နဲ့ လဲပြီးချိန် စွမ်းဆောင်ရည်ဘယ်လိုတောင်ကွာသွားလဲ?

Written by iT Guider

iPhone တွေ ဘက်ထရီမလဲခင်နဲ့ လဲပြီးချိန် စွမ်းဆောင်ရည်

၂၀၁၇ ဒီဇင်ဘာလတုန်းက Apple က iPhone တွေကို နှေးအောင်လုပ်ထားတယ်လို့ ဝန်ခံလိုက်တာနဲ့ပတ်သတ်ပြီး တော်တော်လေးပွဲဆူခဲ့ပါတယ်။ ဒီအတွက်လည်း ခုချိန်ထိ တရားစွဲဆိုမှုတွေမပြီးသေးပါဘူး။ ဒီတော့ iPhone တွေကိုနှေးအောင်လုပ်ထားတယ်ဆိုတဲ့နေရာမှာ ဘယ်လောက်တောင်နှေးနေလဲဆိုတာ
အောက်ဆုံးက ဗီဒီယိုကိုကြည့်လိုက်ရင် အဖြေထွက်ပါလိမ့်မယ်။

ဒီဗီဒီယိုလေးကို YouTube မှာတင်ခဲ့တာဖြစ်ပြီးတော့ သူကတော့ သူ့ iPhone 6s ကို ဘက်ထရီမလဲခင်နဲ့ $29 Battery Replacement နဲ့ လဲပြီးတဲ့အချိန် ယှဉ်ပြီးရိုက်ပြထားတာပါ။ ဗီဒီယိုထဲမှာ ဘယ်လို Test တွေမဆို ဥပမာ ဝဘ်ဆိုဒ်ဖွင့်တာတွေ၊ App တွေဖွင့်တာတွေနဲ့ ဂိမ်းဖွင့်တာတွေ ဒါတွေနဲ့စမ်းသပ်ပြထားပါတယ်။
ဗီဒိယိုကိုကြည့်ပြီးရင်ောတ့ အမြန်နှုန်းကွာခြားချက်ကို အံသြမိပါလိမ့်မယ်။ Geekbench Test မှာလည်း နှေးထားတဲ့ iPhone ရဲ့ Multi-core test က 2,485 မှတ်ရှိပြီး ဘက်ထရီလဲလိုက်တဲ့ဖုန်းကတော့ 4,412 မှတ်ရသွားပါတယ်။

Windows 10 License

၁၀၀ % စိတ်ချယုံကြည်စွာ ၀ယ်ယူနိုင်ပါတယ်

Apple ကလည်း iOS 11.3 မှာ ဘက်ထရီသက်သာဖို့အတွက် Performance နှေးချင်မနှေးချင်ဆိုတာကို User တွေကိုယ်တိုင်ရွေးလို့ရတော့မယ့် Feature တစ်ခုထည့်ထားမှာပါ။ ဖုန်းကိုမနှေးချင်ဘူး ဘက်ထရီဘာပဲဖြစ်ဖြစ်ဆိုတဲ့သူတွေအတွက်ကတော့ အခြေအနေမဟန်ရင် Shut Down ကျသွားတာမျိုးတွေဖြစ်ပါလိမ့်မယ်။ ဘက်ထရီမကောင်းတော့လို့ နှေးသွားတဲ့ iPhone တွေအတွက် ရွေးချယ်စရာကတော့ ဘက်ထရီလဲဖို့ပဲရှိမှာပါ။

အောက်မှာတော့ ဘက်ထရီမလဲခင်နဲ့ လဲပြီး Performance ကိုနှိုင်းယှဉ်ထားတဲ့ ဗီဒီယိုလေးကိုဖော်ပြပေးလိုက်ပါတယ်။

This contents is contributed by : DigitalTimes.com.mm

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.