iPhone ပေါ်က Purchase Apps တွေကို ရယူရန် နည်းလမ်း တစ်ခု - iT Guider
iOS

iPhone ပေါ်က Purchase Apps တွေကို ရယူရန် နည်းလမ်း တစ်ခု

Written by iT Guider

App Store ပေါ်က ပိုက်ဆံပေးဝယ်ရတဲ့ Apps တွေကို ကျွန်တော်တို့ Free အနေနဲ့ ရယူဖို့အတွက် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ တော်တော်များများ သုံးနေတာကတော့ TutuApp လို့ခေါ်တဲ့ ယုန် Logo လေးနဲ့၊ VShare App တို့ကို သုံးနေကြတာတွေ့ရတယ်။ စာရေးသူကိုယ်တိုင်ကလည်း အဆိုပါ Apps တွေကို ဖုန်းထဲမှာ ထည့်သွင်းထားပြီး အသုံးပြုနေပါတယ်။

သို့ပေမယ့် ထင်သလောက်တော့ အရာမတွင်ပါဘူး။ ကိုယ်လိုချင်တဲ့ App Store ပေါ်က Purchase App တွေကို အဲ့ဒီ Third-party Apps တွေပေါ်မှာ ရှာကြည့်လိုက်ရင် အများအားဖြင့် မတွေ့တာများပါတယ်။ ဒါပေမယ့်လည်း ကိုယ်မှ ပိုက်ဆံပေးပြီး ၀ယ်မသုံးချင်တာကိုး… ဒီလောက်တော့ သည်းခံနိုင်တာပေါ့နော်…။

အခု စာရေးသူ မိတ်ဆက်ပေးချင်တဲ့ နောက်ထပ် Third-party Apps ဖြစ်တဲ့ iPABox လို့ခေါ်တဲ့ Paid Tool လေးတခုပါ။ အဲ့ဒီ App ကတော့ ကျွန်တော်တို့ ဖုန်းတွေကို Jailbreak လုပ်စရာမလို၊ ကွန်ပျူတာအသုံးပြုစရာမလိုပဲ အဲ့ဒီ Apps တစ်ခု Install လုပ်ထားတာနဲ့တင် Purchase Apps တော်တော်များများကို Download ရယူနိုင်မှာဖြစ်ပါတယ်။

ထူးခြားချက်က Hacked App ဆိုတဲ့ Label တစ်ခုပေးထားပြီး၊ အဲ့ဒီ Hacked App တွေက ဘာတွေလဲဆိုတော့၊ ဥပမာ ကျွန်တော်တခု ပြောပြမယ်။ ကျွန်တော့်ဆိုရင် Candy Crash ကစားနေတာ တော်တော်ကြာနေပြီ၊ ခုထိ Level မဆုံးသေးဘူး။ ဒါပေမယ့် ကိုယ့်အကြိုက် ဂိမ်းဖြစ်တော့လည်း သည်းခံပြီး Level တွေကို ကျော်ဖြတ်နေရတယ်။ ဒါပေမယ့် ပင်တော့ပင်ပန်းတာပေါ့နော်…။

ဟုတ်ပြီ!! ယခု Hacked App ဆိုတာက အဲ့လို Level တွေ၊ Goal & Gold အစရှိတဲ့ Game တွေကို Android မှာလို ခိုးပြီး တင်ပေးထားတာပါပဲ။ ကဲ… အဲ့လောက်တော့ အကြမ်းဖြစ်နားလည်ပါပြီနော်…။

ကဲ… အခု ကျွန်တော် အဲ့ဒီ Apps ကို ဘယ်လိုရယူမလဲဆိုတာကို ပုံလေးနဲ့ ရှင်းပြမယ်နော်…။

၁။ App ကို ရယူရန်အတွက် ( Go Link ) ဆိုတာကို နှိပ်ပါ။

ကျွန်တော် Download Now ဆိုတာလေးကို Highlight ပြထားပါတယ်။ နှိပ်လိုက်ပါ။

၂။ မည့်သည့် Request ပဲ တောင်းသည်ဖြစ်စေ၊ Allow သာ ပေးလိုက်ပါ။

၃။ App Install လုပ်ဖို့ Permission ပေးရပါမယ်။ သွားလုပ်ပေးရမယ့်နေရာကတော့ Settings/General/Profiles & Device Management ဆိုတဲ့နေရာကို သွားပါ။ ပုံပါအတိုင်း iPABox ဆိုတာကို ရွေးပါ။

အ၀ါရောင်ပြထားတာလေးကို Allow လုပ်ပေးနော်

အဲ့ဒီ အဆင့်တွေ ပြီးရင်တော့ iPABox ထဲက Purchase Apps တွေကို Download ရယူနိုင်မှာပဲ ဖြစ်ပါတယ်။

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.