သင့် iPhone ကို Speed မြန်လာအောင် လုပ်ပေးမဲ့ အချက် (၆) ချက် - iT Guider
iOS Mobile Tech

သင့် iPhone ကို Speed မြန်လာအောင် လုပ်ပေးမဲ့ အချက် (၆) ချက်

Written by iT Guider

1. Space ကို တက်နိုင်သမျှအလွတ်ထားပါ

Full Capacity ဖြစ်နေတာ application တွေ အသုံးပြုမှု့ တွေမှာ နှောက်နှေးနိုင်ပါတယ်။ ဒီအတွက်
အသုံးမပြုတာ ကြာနေပြီး ဖြစ်တဲ့ app တွေကို uninstall လုပ်ဖြစ်တာမျိုး remove လုပ်တာမျိုး တွေ
လုပ်ပစ်သင့်ပါတယ်။ iOS 11 အသုံးပြုသူ ဆိုရင် apple က tools အသစ်တွေ နဲ့ storage space တွေ
management လုပ်နိုင်အောင် ဖန်တီးပေးထားပါတယ်။

Settings> General > iPhone Storage အဲဒီမှာ ကျနော်တို့ ကာလာစုံတဲ့ chart တစ်ခုနဲ့ မြင်ရပါလိမ့်မယ်။
ဘယ်နေရာက ဘယ်လောက် သုံးထားလဲ ၊ ဘယ် app တွေက storage တွေ စားနေလဲ မလိုအပ်ဘူးဆို
ဖြုတ်ပစ်တာတွေ လုပ်သင့်ပါတယ်။

2. High Efficiency ပိတ်ခြင်း

iOS 11 မှာ Photos တွေ videos တွေရဲ့ effect တွေကို လိုချင်တဲ့ file size တွေ ပြောင်းလဲလို့ရပါတယ်။
ဥပမာ သူ့ နဂို camera က ထုတ်ပေးတဲ့ ပုံတွေက resolution မြင့်လွန်းပါတယ်။ HEIF တို့ HEVC တို့
လောက်ထိ ရှိပါတယ်။ HEVC ဆို 4K လောက်ထိ ထွက်နိုင်ပါတယ်။ ဟုတ်ပြီ ဘယ်လို ပြောင်းမလဲ …
Settings> Camera > Formats ထဲမှာ Most Compatible ကို ရွေးချယ်နိုင်ပါတယ်။
ပုံထွက်ကောင်းချင်ရင်တော့ မပြောင်းပဲ High Efficiency ကို သုံးသင့်ပါတယ်။

3. Update your apps

Update လုပ်ရင် storage များသွားမလား စိုးရိမ် ကြတဲ့သူတွေ ရှိပါတယ်။ တကယ် version နှိမ့်နေတဲ့ apps
တွေက run ဖို့အတွက် မြန်ဆန်မှု့တွေ မရှိပါဘူး ဒါကြောင့် updates တွေ ပုံမှန်လုပ်သင့်ပါတယ်။

4. No Automatic updates

အရင် iOS version တွေဟာ နောက်ကွယ်ကနေ သူတို့ဘာသူတို့ update လုပ်တက်ကြပါတယ်။ ဒါတွေကလဲ
ကိုယ် ဖုန်းအသုံးပြုချိန် လေးလံခြင်းတွေ ဖြစ်နိုင်ပါတယ်။ လိုအပ်တဲ့ အချိန်မှ update လုပ်ဖို့ automatic
update တွေ ပိတ်ထားတာ အကောင်းဆုံးပါ။
Settings > iTunes & App Stores > Automatic Downloads ခေါင်းစဉ်အောက်မှာ လိုအပ်တာတွေ
မလိုအပ်တာတွေ on – off လုပ်ထားသင့်ပါတယ်။

5. No Background app refresh

Background app refresh ကို ဥပမာ ပြောရရင် Facebook တို့ Twitter တို့ဟာ wifi (သို့) internet data
ဖွင့်ချိန်မှာ သူတို့ app ကို မဖွင့်ပဲ Feeds တွေ ကို update လုပ်နေပါတယ်။ တခြားသော app တွေလဲ ဒီလိုပုံစံ
ဖြစ်တက်လို့ မလိုအပ်တဲ့ app တွေကို ပိတ်ထားသင့်ပါတယ်။ ပိတ်မယ်ဆိုရင် Settings> General >
Background App Refresh မှာ မိမိ မလိုအပ်တဲ့ app တွေကို ပိတ်ထား လိုက်ပါ။

6. Location Services

နောက်တစ်ခုက background app လိုပဲ location services ပါကျနော်တို့ location
တွေကိုနောက်ကွယ်ကနေ မှတ်သားနေတဲ့ apps တွေရှိပါတယ် ဒါတွေက battery သက်တမ်းနဲ့ iPhone ရဲ့
performance တွေကို အနည်းငယ်စားစေပါတယ်။ မိမိ မလိုအပ်တဲ့ apps တွေရဲ့ location တွေ
ဘယ်လိုပိတ်ရမလဲ ?
Settings > Privacy > Location Services အဲဒီမှာ အမြဲ သုံးစေမှာလဲ မိမိက apps သုံးမှ သုံးစေချင်လာ
ဆိုတာတွေ ချိန်ညှိ့နိုင်ပါတယ်။

ယခုနည်းလမ်းကို Duwn Tech Channel မှ ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါတယ်။

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.