မတ်လမှာမြင်တွေ့ရတော့မယ့် Apple AirPower Wireless Charger - iT Guider
iOS Mobile Tech

မတ်လမှာမြင်တွေ့ရတော့မယ့် Apple AirPower Wireless Charger

Written by iT Guider

ပြီးခဲ့တဲ့လတွေတုန်းက Apple ကနေ AirPower Wireless Charger တွေကိုစမိတ်ဆက်ခဲ့ပေမယ့် ဘယ်ချိန်ဝယ်လို့ရမယ်မှန်းမသိခဲ့ရပါဘူး။ ရက်တိတိကျကျတော့မသိရပေမယ့် မတ်လပတ်ဝန်းကျင်လောက် ရနိုင်မယ်လို့ဆိုတဲ့အတွက် သိပ်တောင်မလိုတော့ပါဘူး။

ဒါပေမယ့် ဒီ AirPower တွေမတ်လမှာစဝယ်လို့ရနိုင်မယ်ဆိုတာက US မှာပဲအရင်ဆုံးဖြစ်မှာပါ။ US မှာတော့ Apple Store တွေမှာဝယ်လို့ရနိုင်မှာဖြစ်ပြီး ကျန်တဲ့နိုင်ငံတွေကလည်း မတ်လထဲလောက်မှာပဲ ရနိုင်လောက်မှာပါ။

အစကတည်းက ကြိုးမဲ့အားသွင်းစနစ်ကိုမျှော်ခဲ့ကြပေမယ့် စောင့်ရတာတော်တော်လေးတော့ကြာခဲ့ပါတယ်။ Apple မှာဆို iPhone X, iPhone 8 နဲ့ iPhone 8 Plus တို့က ပထမဆုံးကြိုးမဲ့အားသွင်းစနစ်ကိုထောက်ပံ့ပေးတဲ့ဖုန်းတွေဖြစ်ပြီး သတ္တုကိုယ်ထည်ကနေ ဖန်ကိုယ်ထည်ပြောင်းဖို့တောင် အချိန်တော်တော်ယူလိုက်ရပါတယ်။ ကြိုးမဲ့အားသွင်းစနစ်ကိုထောက်ပံ့ပေးပေမယ့် သူ့ရဲ့ကိုယ်ပိုင် Wireless Charger Pad တွေထွက်မလာနိုင်သေးတဲ့အတွက် Third-party device တွေကိုပဲသုံးလို့ရသေးတာပါ။

iPhone, Apple Watch 3 နဲ့ AirPod တွေကို ဒီ AirPower နဲ့အားသွင်းဖို့ ဘယ်လောက်ကြာမလဲဆိုတာတော့မသိသေးပါဘူး။ ဈေးနှုန်းအတိအကျလည်း မသိရသေးပေမယ့် $199 ဝန်းကျင်လောက်ရှိမယ်လို့တော့ မှန်းထားပါတယ်။

This contents is contributed by : digitaltimes.com.mm

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.