Screen အောက် ကင်မရာထည့်ထားတဲ့ စမတ်ဖုန်းများ Samsung ထုတ်လုပ်သွားဖို့ ရှိ
Mobile News Tech

Screen အောက် ကင်မရာထည့်ထားတဲ့ စမတ်ဖုန်းများ Samsung ထုတ်လုပ်သွားဖို့ ရှိ

Written by iT Guider

In-display selfie

ပြီးခဲ့တဲ့ မေလကတည်းက မူပိုင်ခွင့် တင်ထားတာပါ။ မှန်ပြင်အောက်လက်ဗွေစနစ်ကို ဈေးကွက်မှာ မြင်ရဖို့ သေချာသွားချိန်မှာ In-display selfie ကင်မရာ နည်းပညာအတွက် Samsung မှ မူပိုင်ခွင့် တင်ထားတယ်လို့ ဆိုပါတယ်။ ဒီတော့ အနာဂါတ် Galaxy စီးရီးသစ်တွေမှာ ရှေ့ တစ်ပြင်လုံး Screen ပြည့် ဖြစ်သွားဖို့ ရှိနေပါတယ်။

Edge-to-edge display တွေ သိပ်ပြီး ခေတ်စားလာချိန်မှာ ဖုန်းကုမ္ပဏီတိုင်းဟာ လုံးဝဘောင်အပျောက် ဆိုတဲ့ Bezel-less ဖုန်းမျိုးထုတ်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ ဖုန်း Display အလှမထိခိုက်စေဖို့ Physical button တွေကို လုံးဝဖြုတ်လိုက်ပြီးနောက် ပထမဆုံး အဖယ်ရှားခံရတာက Home button ပါ။ အခုဆို Display အောက်ခြေတစ်ပြင်လုံးကို Bezel လုံးလုံး မသုံးတော့တဲ့ ဖုန်းတွေ အများကြီး မြင်နေရပြီ ဖြစ်ပါတယ်။ ဥပမာ-iPhone X မှာဆို အောက်ခြေမှာ ဘောင်မပါတော့ပဲ အပေါ်ဘက် ကင်မရာနေရာမှာသာ နေရာလွတ် သက်သက်ထုတ်ပေးထားတာပါ။ နောက်ဆို အောက်ကောအထက်ပါ ဘောင်ရှိတော့မှာ မဟုတ်ပါဘူး။

Samsung ရဲ့ In-display selfie ကင်မရာနည်းပညာမူပိုင်ခွင့်မှာတော့ ရှေ့ ကင်မရာဟာ မှန်ပြင်အောက်မှာ မြှပ်ထားမှာ ဖြစ်လို့ ကင်မရာအတွက် iPhone X လို notch နေရာ ထားစရာ မလိုတော့ပါဘူး။ ဒီနည်းပညာရဲ့ အရင် CES 2018 ပွဲမှာ တရားဝင်ကြေငြာသွားတဲ့ အလားတူ In-display နည်းပညာတစ်ခုက Synaptics ရဲ့ Under-display fingerprint sensor ဖြစ်ပါတယ်။ ဒီနည်းပညာကို Vivo စမတ်ဖုန်းတစ်လုံးမှာ သုံးခဲ့တာ ဖြစ်ပြီး မကြာခင် ဈေးကွက်ထဲ ဝင်လာမယ့် Vivo X20 Plus UD စမတ်ဖုန်းသစ်မှာ UD Fingerprint sensor ကို မြင်ရမှာပါ။

Samsung ရဲ့ ယခုနည်းပညာကို ပြီးခဲ့တဲ့နှစ် မေလကတည်းက ကမ္ဘာ့ဥာဏမူပိုင်ခွင့်ဆိုင်ရာ အဖွဲ့ အစည်း WIPO မှာ တင်ထားတာဖြစ်ပြီး အခုမှ ကြားသိရတာပါ။ ဒီနည်းပညာကို ဈေးကွက်မှာ မြင်ရဖို့ ကတော့ အချိန်အတော် စောင့်ရဖို့ ရှိနေပါတယ်။

Via : DUWUN

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.